9. 𝐠𝐲𝐮𝐯𝐢𝐧 × 𝐫𝐢𝐜𝐤𝐲

3.5K 198 193
                                    

[ AN - oocဖြစ်ပါတယ် မြန်မာသီချင်း ဆိုတဲ့အပိုင်းလေးတွေထည့်ရေးထားလို့ပါ doctor gyuvin × patient ricky ]

"VIPအခန်း(5)က မှာထားတာရပြီ သွားပို့ပေးအုံး ရစ်ခီ"

L.Aတွင် နေခ၊ကြွေကျအောင် ခြေမွှေးမီးမလောင်၊လက်မွှေးမီးမလောင် နေခဲ့ရသည့်သူက အခုတော့ စားဖိုမှူးကြီးထိုးပေးသော ပန်းကန်ဗန်းကြီးကို ကိုင်ကာ စားသောက်ဆိုင်၏အပေါ်ထပ်သို့တက်လာရ၏။ သို့သော် ဘယ်သူမှအပြစ်တင်လို့မရ၊ ကိုယ့်သဘောနဲ့ကိုယ် "ဖေကြီးရယ် သား တစ်လလောက် ခရီးတိုလေးထွက်အုံးမယ်"ဟု ပြောကာ အိမ်ပေါ်က ဆင်းလာခဲ့မိတာမို့.... ။

အိမ်ပေါ်က ဆင်းလာခဲ့သည်ဟု ဆိုသော်ငြား အပြီးဆင်းလာခြင်းမျိုးတော့မဟုတ်၊ အပျော်ဆင်းလာခဲ့တာဖြစ်သည်။ နှစ်တိုင်းလည်း ဒီလိုမျိုး တစ်လလောက်တော့ ကိုရီးယားကို အလည်လာနေကြ။

တစ်လပြည့်ရင် ဖေကြီးက သူ့တပည့်တွေကိုလာခေါ်ခိုင်းမှာဆိုပေမယ့် တစ်လအတွင်းတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ဖေကြီးက လွှတ်ထားပေးတတ်သည်။ ထိုိသို့လွှတ်ထားပေးသည့်ကာလတွင် စားစရာ၊သောက်စရာ၊နေစရာ၊ခေါင်းချစရာကိစ္စအဝဝကို ကိုယ့်ဘာသာပဲ စီစဥ်ရသည်။ အဲ့မှာ ပြဿနာတက်တာက ဒီတစ်ခေါက်ခရီးစဥ်ကျမှပဲ ပိုက်ဆံအိတ်အလုခံလိုက်ရတာပဲ။ ဖေကြီးကိုလည်း ဖုန်းဆက်ပြီးမပြောရဲတာမို့ ကိုယ့်ခြေ၊ကိုယ်လက်နဲ့ပဲ ရှာစားရန် အကြောင်းဖန်လာခဲ့ရသည်။

ယခုလက်ရှိသူ့အခြေအနေမှာ ရှန်အိမ်တော်က တစ်ပင်တိုင်မြနန်းစံ မင်းသားလေးရှန်ချွမ်းရွေ့မဟုတ်တော့ဘဲ စားပွဲထိုးလေး ရစ်ခီရှန်ဘဝသို့ ရောက်နေ၏။ အရင်က နန်းတော်ကြီးတမျှ ကျယ်ဝန်းတဲ့အိမ်ကြီးမှာ ဇောက်ထိုးအိပ်အိပ်၊ ကျွမ်းထိုးအိပ်အိပ် ဘယ်လိုပင်အိပ်ပါစေ နေဖင်ထိုးမှ ထလည်းရသည်။ ယခုမူတော့ ဘော်ဒါဆောင်ငှားနေရပြီမို့ 15ပေ ပတ်လည်သာရှိသည့်အခန်းကျဥ်းလေးထဲ သူများတကာနှင့် ရောယောင်ပြီးအိပ်ရသည်။

မနက်ဆို အလုပ်ထသွားကြတဲ့အခန်းဖော်တွေကြောင့် နေဖင်ထိုးတဲ့အထိ သူအိပ်လို့မရ၊ ဆူညံသော ထိုကောင်တို့၏အသံများမှာ ရစ်ခီ၏ဘဝင်ကို အာရုံမဦးခင်အချိန်ကတည်းကပင် ပျက်ပြားနေသည်။ အင်မတန်မှလည်း မနောပျက်စရာကောင်းတဲ့ ကြက်ဘောကောင်တွေ...

To All the boys Ricky've loved beforeWhere stories live. Discover now