Arc 9 part 20

20 3 1
                                    

     ခုတင်ဘေးနားရှိ ခုံပုလေးထက်တွင် ထိုင်ရင်း misaki သည် William ၏ အသက်ရှူသံအား သံစဉ်တစ်ခုနှယ် နားထောင်နေမိသည်။ သိမ်မွေ့စွာ အိပ်မော‌ကျနေသော William သည် အလှဆုံးသော အနုပညာတစ်ခုဖြစ်သည်။ လူငယ်လေး၏ ဖောင်းလိုက်ပိန်လိုက် ဖြစ်နေသော ရင်ဘတ်ထက် misaki သည် လက်ကို တင်လိုက်ပြီး စည်းချက်နှင့်အတူ အနိမ့်အမြင့်ကို ခံစားကြည့်မိသည်။

    "တကယ်ပဲ ဒီနေရာက ကျောက်ဖြစ်သွားတော့မှာလား"

      00 သည်လည်း အဖြေသိပြီးနေသား မေးခွန်းအား အတည်ပြုပေးရန် မတတ်နိုင်ပါ။

       ကမ္ဘာကို ဖျက်ဆီးခြင်းသည် အပြစ်ဖြစ်သည်။ မူလလမ်းကြောင်းမှ အနည်းငယ် တိမ်းစောင်းသွားရုံနှင့်ပင် နောက်ထပ်ကမ္ဘာအသစ်တစ်ခုကို ဖန်တီးလိုက်နိုင်သည်။ misaki လုပ်ခဲ့သည်မှာ အမှားသေးသေးလေး မဟုတ်ပေ။ ဖီးနစ်ရဲ့ ခေါက်ထားတဲ့အတောင်တွေကို ပြန့်ပြူးစေလိုက်ပြီး ကောင်းကင်အထိ မြှင့်တင်ပေးလိုက်မိသည်။ သို့သော် မူရင်းရည်ရွယ်ချက်မှာ ထိုဖီးနစ်သည် မီးထဲတွင်သာလောင်ကျွမ်း၍ ပြာပုံအဖြစ် အဆုံးသတ်ရမည့် ဇာတ်ကောင်လေး တစ်ခုသာ ဖြစ်သည်။

       " ဆိုတော့ သူက အဲ့ကမ္ဘာထဲမှာပဲ ပြန်မွေးဖွားလိုက် သေဆုံးလိုက်နဲ့ လည်ပတ်နေခဲ့တာပေါ့လေ"

         မြို့ နိုင်ငံတွေကိုပင် ကျဆုံးစေနိုင်သော အလှတရားနှင့် ယောက်ျားပျိုမှာ အတွင်းစိတ်၌ သွေးဆာနေသည့် နတ်ဆိုးတစ်ကောင်သာ ဖြစ်သည်ဆိုလျှင် ထိုနတ်ဆိုးအား ကမ္ဘာမြေပေါ်သို့ ဆွဲခေါ်လာသည့်သူမှာ misaki သာ ဖြစ်ချေတော့သည်။ ရက်စက်ပြီး လူသားမဆန်သည့် ညှင်းပန်းနှိပ်စက်မှုတွေအတွက် အကုန်လုံးကို လက်စားချေခဲ့သည်။ တစ်ချိန်တည်းမှာလည်း သူသည်လည်း လောင်မြိုက်နာကျင်ခဲ့ရသည်။ ထို့ပြင် တစ်စုံတစ်ဦး၏ စည်းမျဉ်းဖောက်ပြန်မှုကြောင့် ဖြစ်လာသော ဖောက်လွှဲဖောက်ပြန်ကမ္ဘာတို့သည် ပျက်စီးလွယ်ပြီး အနာဂတ်လည်း မရှိလှပါ။ ထို့ကြောင့် William သည် သူ့၏ လက်စားချေမှု ပြီးဆုံးသွားလျှင်ပင် သာယာအေးဆေးသည့်ဘဝကို ရနိုင်မည်မဟုတ်ပေ။

    ဆန္ဒတစ်ခုတည်းကြောင့် အစပြုလာသော ကမ္ဘာသည် ထိုဆန္ဒပြည့်ဝသွားသည်နှင့် အဆုံးသတ်ရလိမ့်မည်။ သို့သော် တကယ့်အဆုံးသတ်ကိုတော့ တွေ့ကြုံရမည်မဟုတ်ပါ။ ထိုအစား အချိန်လှည်းဘီးသည် တစ်လှည့် ပြန်လည်လာပြီး အကုန်လုံး အစမှ ပြန်ကြုံတွေ့ရလိမ့်မည်။ William အတွက် ထိုအတွေ့အကြုံများမှာ ဆက်တိုက် မရပ်မနား ဖြစ်ပေါ်နေသော အိပ်မက်ဆိုးဟု ပြောလို့ရသည်။

How to flirt with the final boss 2Where stories live. Discover now