ပန်းနုရောင်ချည်သားဝမ်းဆက်ကလေးကိုဝတ်ကာ အသားဖွေးဖွေးနဲ့ကလေး,လေးဟာ သူ၏ပန်းနုရောင်ဆံသားလေးအုပ်အုပ်ကလေးများကို အသေအချာဖီးကာ ကုတင်ပေါ်ရှိလွယ်အိပ်အဖြူလေးကို ကောက်လွယ်ရင် အောက်ထပ်ကိုပြေးဆင်းလာခဲ့လိုက်သည်။
တစ်ဒုန်းဒုန်းဟုသောခြေသံများဟာ ကင်မ်အိမ်တော်ကြီးကို ဖုံးလွမ်းသွားတော့သည်။ထိုခြေသံများကြောင့် မီးဖိုချောင်ထဲရှိ လင်မယားနှစ်ယောက်ဟာ ပြုံးသွားတော့သည်။
"မေမေ!!!ဂျင်ဂျင် ထမင်းမစားသွားတော့ဘူးနော်!"
"အသေးလေး!!ဒီလာခဲ့"
"ဖေဖေ!!ဂျင်ဂျင် ထမင်းမစားပါဘူးဆို~"
"ဖေဖေကရော ထမင်းကျွေးနေလို့လား မုန့်ဖိုးပေးမလို့"
"ဟီးး ဂျင်ဂျင်က သိမှသိပဲကိုလို့~"
ဟီးကနဲတစ်ချက်ရီကာ ဂျင်ဂျင်ဟာ သူ့ဖေဖေ၏ပါးကိုတစ်ချက်နမ်းသည်။ထိူ့နောက် လက်ထဲရောက်လာသည့် ဝမ်၁၀၀၀တစ်ရွက်ကို အသေအချာကိုင်ကာ အိမ်ပြင်ပြေးထွက်သွားသည်။
"ဂျင်ဂျင်!!!"
"ဟွန့်!"
ဂျင်ဂျင်ဟာ ပန်းနုရောင်ခေါင်းလေးကို မော်ချီရင် နှာခေါင်းရှုံ့ပစ်သည်။ဒီယုန်ညိုကြီးက သူ့ကိုမုန့်တွေဝယ်ကျွေးပြီး အတင်းရည်းစားစကားလာပြောနေသည်လေ။ဂျင်ဂျင့်ကို မြင်တိုင်းပြုံးပြနေသည်မို့ ဂျင်ဂျင့်ရင်ဘတ်လေးဟာ ဒုတ်ခနဲ လင်္ခုန်နေတာမို့ ဒီယုန်ညိုကြီးကို သူကြည့်မရပါ။
"ကိုကို ဒီမှာ ဂျင်ဂျင့်အတွက် စတော်ဘယ်ရီကိတ်မုန့်လေးဝယ်လာတယ်..."
"မစားဘူး!"
"အယ်~ဘယ်လို့လဲ ဂျင်ဂျင်ရဲ့"
"မေမေကပြောတယ် တစ်စိမ်းတွေကျွေးတာမစားရဘူးတဲ့"
ဂျောင်ဂု အရှေ့ကပန်းနုရောင်ပေါက်လေးကို အသည်းတယားယားဖြင့်ကြည့်နေမိတော့သည်။အမြဲတမ်းမှုန်ကုတ်နေတဲ့မျက်နှာလေးက မော်ချီကာ သူ့အားမလိုတမာလေးကြည့်သည်။
"စားလိုက်ပါကွာ~~လိမ္မာတဲ့ကလေးတွေက လူကြီးကျွေးတာမငြင်းရဘူးတဲ့။
ဂျင်ဂျင်က လိမ္မာတဲ့ကလေး,လေးမဟုတ်ဘူးလား""ဟွန့်~ဒါဆိုလည်း လိမ္မာတဲ့ကလေးမို့ ယူလိုက်မယ်"
ခပ်စူစူနှုတ်ခမ်းလေးဖြင့် သူ့ဆီက မုန့်ဘူးကိုလှမ်းယူကာ မျက်စောင်းဝင့်သည်။ဒီဆိုးလိုက်တဲ့ကလေးပေါက်က ပြီးရင်မုန့်ကိုမစားတာလည်း မဟုတ်ပဲနဲ့...မူနေတယ်။
"အဲ့နှုတ်ခမ်းလေးက ဘာလို့စူနေရတာလဲကွာ ကလေးလား~"
"ဂျင်ဂျင်က ကလေးပါဆိုနေ!လူကြီးကသာ ကလေးကို လာကြိုက်နေတာ ဟွန့် လူဆိုး"
သူ့အားထိုသို့ လက်ညှိုးထိုးပြောကာ ခြေဆောင့်ထွက်သွားတော့သည်။ဒါကိုပင် ဂျောင်ဂုက အသည်းတယားယားဖြစ်သည်။သူငယ်ချင်းများကပြောတယ်..ကလေးမုန့်ပေးကြိုက်တဲ့ကောင်တဲ့။ထိုသို့ပြောလည်း ပြောချင်စရာပါပဲ...သူကလည်းသူပဲ ကလေးကို စဖွင့်ပြောတဲ့အချိန်ထဲက မုန့်ဘူးကြီးပဲ နေ့တိုင်းဝယ်ကျွေးတာမို့ အဲ့ဘက်ကို ရောက်သွားသည်။
သူကအသက်၃၀ကျော်ဖြစ်ပြီး ဗိသုကာပညာရှင်ဖြစ်သည်။သူက အီတလီကဗိသုကာကျောင်းဆင်းမို့ ငွေက ဒေါ်လာနဲ့ရသည်။ရုပ်ရည်ကလည်း အတော်အတန်ချောမောတဲ့ထဲမှာပါတာမို့ ကြိုက်တဲ့သူအနည်းငယ်တော့ရှိသည်။ဒါပေမဲ့ သူကတော့ ကလေးကိုပဲ ချစ်သည်။ဒါကို ကလေးကမူသည်။
သူလည်း ထိပ်စီးပြောင်းနေပြီးမို့ မကြာခင်အိုရတော့မည်။မအိုခင် ကလေးအား အပြည့်အဝချစ်သွားချင်သေးသည်။ဒါကို ကလေးက ချေသည်။
*ဂျင်ဂျင်က ကလေးပါဆိုနေမှ!!ဘာလို့ အဲ့လိုလိုက်ပြောနေတာလဲလို့*
ခပ်စူးစူးအော်သံလေးက နားထဲတစ်ဝဲလည်လည်သာ ဖြစ်သည်။
*********
ကိုယ့်ရဲ့လိပ်ပြာလေးအတွက် Caterpillar2Nabi🦋🦋
Two short လေး လက်ဆောင်ပေးတာ💚