အားနည်းပြီး အနိုင်ရလွယ်သည့် ဗီလိန်ဟူ၍ မရှိပါ။ လှုံ့ဆော်ခံလိုက်ရပြီးနောက် မှတ်ဉာဏ်များ ပြန်ရရှိလာသူ Robert သည် သူ၏ မနာခံတတ်သော အစ်ကိုကို သတ်ပစ်ချင်သည်ထက်ပင် ပိုမုန်းတီးလာတော့သည်။ ငတုံးကောင်။ ယဇ်ပူဇော်ခြင်းသာ အထမြောက်ခဲ့လျှင် ထိုကမ္ဘာ၏အဆုံးသတ်၌ သူသည် ရုံးချုပ်ကို ပြန်ရောက်ရှိသွားမည်ဖြစ်ပြီး ဆက်ခံသူရာထူးကိုလည်း ရနိုင်မည်ဖြစ်သည်။
သို့သော် ထိုအရူးလိုအစ်ကိုက ပြန်ရောက်လာခဲ့သည်။ ရူးနှမ်းပြီး သွေးဆာနေသော နတ်ဆိုးတစ်ကောင်အဖြစ် ပြန်ရောက်လာခဲ့ပြီး သူ၏အသက်ကို မညှာမတာ နှုတ်ယူကာ ကမ္ဘာကို ရပ်တန့်ခြင်းမရှိ အချိန်တစ်ခုတည်းတွင် လည်နေမည့် ကျိန်စာသင့်စေခဲ့သည်။ သူကြံစည်ထားသမျှ ဖြစ်မလာဘဲ ထိုနတ်ဆိုး၏လက်ထဲတွင် အကြိမ်ပေါင်းများစွာ သေဆုံးခဲ့ရသည်။
အကြောင်းတစ်ခုခုကြောင့် ယခုတစ်ခေါက်တွင် သေဆုံးရမည့်အစား နောက်ကမ္ဘာတစ်ခုဆီ ကူးပြောင်းနိုင်ခဲ့ပြီး သူတို့၏မှတ်ဉာဏ်တွေသည်လည်း ယဇ်ပူဇော်ပွဲမတိုင်ခင် နေ့တွင် ရပ်တန့်သွားခဲ့သည်။ မတူတော့သည်က ကူးပြောင်းချိန်တွင် သူသည် အလျှင်အမြန် အသိပြန်ဝင်လာခဲ့ပြီး ရုံးချုပ်က system နှင့် အမိအရချိတ်ဆက်လိုက်မိသည်။ အဲ့ဒါတောင်မှ သူ အသာစီးမရသေးပေ။ အသာစီးမရလျှင် ပိုအကျိုးသက်ရောက်မှု ရှိမည့် ဖြတ်လမ်းကို လိုက်ရမည်။
William သည် ညီငယ်လေးများနှင့် ခရီးစဉ်အကြောင်း ပျော်ရွှင်စွာ ဖလှယ်နေသည့် misaki အား ကြည့်နေရင်းမှ အင်္ကျီအောက်တွင် ဖွက်ထားသော ဆွဲသီးအား ထပ်ခါ ထပ်ခါ ပြန်ထိကြည့်နေမိသည်။ ဆိုတော့ misaki က ဒီရက်တွေမှာ တကယ်ပဲ ခရီးသွားနေခဲ့သည်ပေါ့လေ။ ထိုခရီးက သူ့အား ရှောင်ဖယ်ရန် ဆင်ခြေ ဟုတ်မနေခဲ့ပေ။
မထင်မှတ်ဘဲ misaki က ခရီးစဉ်အကြောင်း ရှင်းပြလာချိန်တွင်တော့ သူသည် သံသယဝင်မိသည့်အတွက် အပြစ်ရှိသလို ခံစားလာရသည်။ နှင်းတွေကျပြီး တစ်နှစ်ပတ်လုံး အေးတဲ့အရပ်ဒေသ။ ရုတ်တရက် တွေးမိသည်မှာ ထိုကဲ့သို့သောနေရာက ဒီကမ္ဘာတွင် အမှန်တကယ် တည်ရှိပါ့မလားဟူ၍။ သူသည် အခုတလော အကဲဆတ်လွန်းနေခဲ့သည်။
CZYTASZ
How to flirt with the final boss 2
Romansအသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.