Chapter 11

2.7K 211 3
                                    

အခန်း 11- သွေးဖြတ်တောက်ခြင်း

ရွာသားများ၏ ဖိအားပေးမှုကြောင့် လင်းမိသားစုသည် မိသားစုခွဲခွာခြင်းအခမ်းအနားကိုသာ သဘောတူခဲ့ရသည်။ လင်းယွဲ့လန် နှင့် ဆက်ဆံရေးကို ဖြတ်တောက်ပစ်ခဲ့သည်။ သို့သော် ဘာကိစ္စရှိသနည်း။

ဒီအခမ်းအနားအတွက် လုပ်သင့်တယ်။ ရွာသားများသည် နီကျား ၏ဇာတ်လမ်းကို စောစီးစွာတင်ပြရခြင်းအကြောင်းရင်းရှိသောကြောင့် လင်းမင်ချင် ထံလှည့်သွားကြသည်။

လင်းမင်ချင် က ပြောသည် "Su Wen" အရ လူတစ်ယောက်ဟာ ခွက်နှစ်ခွက်အထိ သွေးထွက်ရင် မူးမေ့လဲသေလိမ့်မယ်"
"ဒါဆို?" လင်းလောင်စန်း က မေးသည်။

လင်းမင်ချင် က “လူတစ်ယောက်က သွေးအရမ်းထွက်ရင် မူးမေ့လဲတာ ဒါမှမဟုတ် သေသွားနိုင်တယ်။ ဒါကြောင့် ဒီအခမ်းအနာပြုလုပ်ခြင်းဟာ မိန်းကလေးက သူ့ခန္ဓာကိုယ်ထမှာ စီးဆင်းနေတဲ့ သွေးတွေကို မင်းဆီ ပြန်ပေးလိုက်ခြင်းဖြစ်ပါတယ်"

"သူဘေးကင်းစေဖို့ မိန်းကလေးက မင်းကိုသွေးခွက်နှစ်ခွက် ပြန်ပေးလိမ့်မယ်။ အဲဒါပြေိးရင်တော့ သူမရဲ့ဘဝနဲ့သေဆုံးမှုက လင်း မိသားစုနဲ့ ဘာမှမဆိုင်တော့ဘူး။"

ကျိုးကွေ့ရှန်း က ဘေးနားမှာ တိုးတိုးလေးပြောသည် ။ "သွေးခွက်နှစ်ခွက်ထဲထုန်လို့ သူမသေရင် ငါတို့မိသားစုကို ကံဆိုးစေနိုင်လိမ့်မည်။" လီချူဟွား ကို ကျိုးကွေ့ရှန်းကသတိပေးခဲ့သည်။

လင်းယွဲ့လန် သည် ဂြိုလ်ဆိုး ဖြစ်သည်ဟူသော ကောလဟာလများ ထွက်ပေါ်နေချိန်မှစ၍ ကျိုးကွေ့ရှန်း သည် လင်းယွဲ့လန် ကို ကိုယ်ဝန်ပျက်ကျမှုအတွက် အပြစ်တင်ခဲ့သည်။ ကောင်မလေးက သူ့ဗိုက်ထဲက ကလေးကို သတ်ခဲ့တယ်လို့ ယုံကြည်တဲ့အတွက် လင်းယွဲ့လန် ကို အရိုးထိအောင် မုန်းတီးခဲ့ပါတယ်။ လင်းယွဲ့လန်ကို သတ်လိုက်မှသာလျှင် ကျိုးကွေ့ရှန်း ၏ နှလုံးသားထဲတွင် အမုန်းမီးများ ငြိမ်းသွားမည်ဖြစ်သည်။

သွေးနှစ်ခွက်က မိန်းကလေးကို မူးလဲစေပေမယ့် မသေပါဘူး။ သို့သော် ကျိုးကွေ့ရှန်းသည် ထိုမိန်းကလေးကို သေစေလိုသည်။ ထိုရည်ရွယ်ချက်ကြောင့် ကျိုးကွေ့ရှန်း သည် သူမ၏ ယောက္ခမဖြစ်သူထံ လှည့်သွားခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း လီချူဟွား သည် ကျိုးကွေ့ရှန်းပြောသည်ကိုကြားလိုက်သောအခါ သူမ၏နှလုံးခုန်သံသည် ခုန်ထွက်သွားသလိုခံစားလိုက်ရသည်။ သူမ ခုန်ထွက်လာပြီး "သွေးခွက်နှစ်ခွက် ဘယ်လိုပြည့်နိုင်မှာလဲ၊ သွေးဖလားသုံးလုံးရှိရမယ်!"

သွေးခွက်သုံးခွက်သည် လူတစ်ဦးကို သတ်နိုင်သောကြောင့် လင်းယွဲ့လန်သည် စုစုပေါင်း ပန်းကန်သုံးလုံး သွေးထွက်အောင် သေချာအောင် လုပ်ရလေသည်။

လင်းရိ၀ေ နှင့် လင်းမင်ချင် က မျက်မှောင်ကြုတ်လိုက်သည်။

ဒီအမျိုးသမီးတွေက အရမ်းရက်စက်တယ်။ မိန်းကလေး၏ အဖွားသည် ဤမျှ နှလုံးသားမဲ့နေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားပေ။ သူမ ရှင်သန်ဖို့ အခွင့်အရေးလေးတောင် မပေးခဲ့ပေ။ ကိုးနှစ်အရွယ် မိန်းကလေးကို သတ်ပစ်ချင်သည်။ သို့သော်လည်း လင်းရိ၀ေ သည် ကလေးတစ်ဦးကို သတ်ပစ်ရန် အတင်းအကြပ်  ပြုလုပ်နေသည်ကို ကြည့်နေရုံမျှဖြင့် မနေနိုင်ပေ။

လင်းရိ၀ေ က ဒေါသတကြီးပြောသည် "လီချူဟွား၊ လူသားများသည် သူတို့ရဲ့ ကံကြမ္မာကို လိုက်နာဖို့ မွေးဖွားလာကြတာ။ ဒီမိန်းကလေးက အမှန်တကယ်ဂြိုလ်ဆိုးဖြစ်ရင်တောင် ကမ္ဘာပေါ်မှာရှိတဲ့ သူမ၏ ကံကြမ္မာဘဲ။ သို့သော်၊ သူမရဲ့ဂြိုဟ်ဆိုးသည် အလုပ်မဖြစ်မီတွင် သေဆုံးသွားပါက မည်သို့ပင် ဖြစ်မည်နည်း။ သူမသည် အိမ်ထောင်မပြုသေးပါ။

"အဲဒါက တခြားသူက သူမကို ဂြိုလ်ဆိုးအဖြစ် အစားထိုးမယ်လို့ ဆိုလိုတာလား။ ပုံမှန်အားဖြင့်တော့၊ ဒီအစားထိုးမှုက သူမနဲ့ အရင်းနှီးဆုံးသူတွေဆီကို ဖြစ်လိမ့်မယ်။ လင်းမိသားစုမှာ ဒီသံသရာတစ်ခုက စတင်သွားလိမ့်မယ်။ ကောင်းကင်ဘုံက ကျေနပ်သွားလိမ့်မယ်လို့ မင်းတကယ်ထင်လား။ ကောင်မလေးကို သတ်လိုက်တာကိုလေ။

"လီချူဟွား နတ်ဘုရားတွေက အမြဲတမ်း စောင့်ကြည့်နေတယ်။ မင်းရဲ့ ကိုးနှစ်အရွယ် မြေးကို ဘုရားတွေက မင်းကို ဒီလိုဆက်ဆံတာမြင်ရင် ကံကို မကြောက်ဘူးလား" လင်းရိ၀ေ ၏ စကားကြောင့် လင်းမိသားစု၏ မျက်နှာများ ဖြူဖျော့သွားခဲ့သည်။

လင်းရိ၀ေရဲ့စကားက အမှန်ဆိုရင်ကော။ ကောင်းကင်ဘုံက ကောင်မလေးအတွက် အစီအစဉ်ရှိရင် ဘယ်လိုလုပ်မလဲ။ သူမသည် ခင်ပွန်းဖြစ်သူကို ဒုက္ခပေးမည့် ဂြိုလ်ဆိုးမတစ်ယောက်ဖြစ်သောကြောင့် သူမလက်ထပ်မီတွင် သတ်ပစ်နိုင်ပါလိုက်လျှင်တောင် အာ့တာက  ကောင်းကင်ဘုံ၏အလိုတော်နှင့် ဆန့်ကျင်ဘက်ဖြစ်လိမ့်မည်ပင်ဖြစ််သည်။ သူတို့မိသားစုမှာ နောက်ထပ် ဂြိုလ်ဆိုးကိုအစားထိုးဖို့ ဘုရားသခင်က သူတို့ကို အပြစ်ပေးလိမ့်မယ်။ အာ့တာက လင်းသဟွား,  လင်းရှောင်းဟွား, လင်းကွေ့ဟွား သူတို့တွေထဲက  ဘယ်သူဘဲဖြစ်ဖြစ် အဲ့ကံတရားကို သံသရာတစ်ပတ်လည်သလို 
လက်ခံရလိမ့်မည်။

30.8.23
Loli
Today's my birthday🎂🎂🎂

ကံဆိုးတဲ့ တောသူမလေးရဲ့ယောကျ်ားက  သောက်ရမ်းချမ်းသာတယ်Where stories live. Discover now