အစကကိုယ်ဟာမင်းသား ပျိုဟာမင်းသမီးလို့ထင်ခဲ့တာဇာတ်သိမ်းခန်းလေးမှာပဲ ကိုယ်တို့ဟာ ပရိသတ်ကြီးတွေကို လှည့်စားခဲ့ကြတယ်။
ပျိုနဲ့တွေ့ရတာကိုယိ့အတွက်အမှတ်တရကောင်းပါ ပျိုမဒီဆိုတဲ့အမျိုးသမီးရဲ့အပြုံးအောက်မှာ ရိပ်မွန်မောင်ဆိုတဲ့ကိုယ်ဟာကျဆုံးခဲ့တယ်။ ဒီဇင်ဘာလပြင်ဦးလွင်မြို့ရဲ့ပန်းပွဲတော်မှာ ပျို့ကိုစတွေ့ခဲ့တယ်။
ရိပ်မွန်မောင် 'ဟာ ဆောတီးပါဗျာ ကျွန်တော် မမြင်လိုက်လို့'
ပျိုမဒီ 'ရပါတယ်ရှင့်'
ကိုယ့်အရှေ့ကဖြူဖြူဖွေးဖွေးလေးနဲ့တရုတ်မလေးလိုလှပတဲ့အမျိုးသမီးကိုအချိန်အတော်ကြာအောင်ငေးကြည့်နေမိတယ်
ကိုယ့်ဘဝမှာလူတစ်ယောက်ကိုအကြာကြီးငေးကြည့်ဖူးတာဒါပထမဆုံးအကြိမ်ပဲမင်းသိပ်လှတယ်ဗျပျို 'ဒီမှာရှင့် လူကိုဘာလို့ငေးကြည့်နေတာလဲ'
မောင် 'အာ ဆောတီးပါဗျာ အမကလှလွန်းတော့အကြာကြီးငေးမိတာဗျ'
ပျို 'ဟော မြှောက်နေပြန်ပြီ လာပါလမ်းပေါ်ကြီးမှာ တစ်နေရာရာသွားထိုင်ကြအောင်'
မောင် 'ဟုတ် အဲ့ဆိုဟိုနားလေးသွားထိုင်ရအောင်'
ပျို 'အင်း သွားကြတာပေါ့'
မောင် 'ဟိုလေ နာမည်လေးသိလို့ရမလားဗျ '
ပျို ' ကျွန်မနာမည်ကပျိုမဒီပါရှင့် ရှင်ကရော'
မောင် 'ကျွန်တော့်နာမည်ကရိပ်မွန်မောင်ပါဗျ'
ပျို 'ဟင် မိန်းကလေးလား ကျွန်မကယောက်ျားလေးထင်နေတာ'
မောင် 'သြော် ဟုတ်'
တီတီ....(ဖုန်းလာတာပါ)
ပျို 'ဟယ်လို သြော်ဟုတ် အဲ့ဆိုပြန်တာခဲ့မယ်လေ'
'ဟို ကျွန်မသွားစရာလေးရှိလို့ ဒါဆိုဒီလောက်ပဲနော် နောက်မှပြန်ဆုံကြတာပေါ့ရှင်'မောင် 'အာ ဟုတ်ကဲ့ပါဗျ ထပ်တွေ့ကြတာပေါ့'
ပျိုနဲ့စကားပြောခဲ့တဲ့အချိန်လေးဟာတစ်ကယ်တော့ခဏလေးပါဒါပေမယ့်အဲ့အချိန်လေးဟာကျွန်တော်သူ့ကိုချစ်ခဲ့ဖို့လုံလောက်တဲ့အချိန်လေးဖြစ်ခဲ့တယ်အဲ့နေ့ဟာသူနဲ့နောက်ဆုံးတွေ့ခဲ့တဲ့နေ့လေးပေါ့အခုဆိုသူနဲ့မတွေ့ဖြစ်တာ2နှစ်တောင်ကြာခဲ့ပြီ ပြီးခဲ့တဲ့နှစ်တွေတုန်းကကိုယ်အလုပ်တွေရှုပ်နေတာနဲ့
ပြင်ဦးလွင်ဘက်တောင်မရောက်ဖြစ်ခဲ့ဘူး ဒီနှစ်တော့သူနဲ့တွေ့ဖြစ်ရင်ဖွင့်ပြောမယ်လို့စဉ်းစားထားတယ်