part.1

37 3 7
                                    

ကျွန်တော့်နာမည်ကတော့ kim jaehanပါ၊ကျွန်တော်တို့အိမ်မှာဟိုအရင်တပတ်တုန်းကမှအိမ်ကိုရောက်လာတဲ့ပါးဖောင်းဖောင်းနဲ့ခြေတိုတိုနဲ့ညီငယ်လေးတယောက်ရောက်လာတယ်၊သူ့နာမည်ကတော့

အကိုကြီး တံခါးဖွင့်ဦးလေ

အောက်မှာဖေဖေနဲ့မေမေကထမင်းစားဖို့‌ေခါ်နေပြီ
အေလာပါပြီဆိုခုနကပဲပြောထားတာကို
အကိုကြီးကလာပါပြီဆိုပြီးခုထိမလာသေးလို့ပေါ့shinလေးကလာခေါ်ရတာ မြန်မြန်လာshinလေးဗိုက်ဆာနေပြီ
  အိုခီလာပြီလာပြီ
ကဲအဲဒါသာကြည့်ပေတော့တကယ့်အဆိုးအဆာလေး ။ဪ မိတ်ဆက်ပေးရဦးမယ်သူကကျွန်တော်ရဲ့မွေးစားညီ နာမည်က ရှင်းယယ်ချန်တဲ့မှတ်ထားကြနော်။ကျွန့်တော့်ထက်ခြောက်နှစ်ငယ်တဲ့ညီငယ်လေးသူကခု၆နှစ်ပဲရှိပါသေးတယ်ကျွန်တော်က၁၂ပေါ့။
ကဲထမင်းသွားစားပါတော့မယ်။

ကျွန်တော်လှေကားပေါ်ကဆင်းလာရင်းနဲ့ထမင်းစားခန်းထဲမှာထိုင်နေတဲ့လူသုံးယောက်ကိုလှမ်းကြည့်လိုက်တယ်
ဟောတွေ့ပါပြီအဆိုးအဆာလေးကအမေ့ပေါင်ပေါ်မှာအခန့်သား

ပြောရရင်တော့ကျွန်တော်သူ့ကိုနည်းနည်းတော့မနာလိုဖြစ်တယ်ဗျ။စဉ်းစားကြည့်လေရောက်တာဖြစ်၁ပတ်ပဲရှိသေးတယ်ခုအဖေနဲ့အမေရဲ့အသည်းကျော်ဖြစ်နေပြီ
ပြောတုန်းပဲရှိသေးတယ်အမေကကျွန်တော့်အကြိုက်ဆုံးကြက်ပေါင်လေးကိုသူ့ကိုပေးနေတာဗျ။တကယ်ဆိုအရင်တုန်းကကြက်ပေါင်ကကျွန်တော်အတွက်ပဲဖြစ်ခဲ့တာဗျ။သူလည်းရောက်လာရော ကျွန်တော့်ဝေစုပါပျောက်ပြီ

မရဘူး!တားရမယ်ဒါနဲ့ဆိုသူစားတာနှစ်ဖက်ဖြစ်တော့မယ်

အမေအဲဒါကျွန်တော့ဝေစုနော်သူ့ကိုပေးပြန်ပြီလားအမေတို့သူ့ကိုအရမ်းအလိုလိုက်မနေနဲ့ကြီးလာရင်လူကြီးတွက်မသိတတ်ပဲနေမယ်

အကိုကြီးကလည်းတဖက်တည်းပါဆို!
ဘာကိုတဖက်တည်းလဲငါအကုန်မြင်တယ်

ဒေါက် ကနဲမြည်သံနဲ့အတူခေါင်းပေါ်ကျလာတဲ့ကြက်ခြေထောက်ရိုးတဖက်၊တရားခံကိုကြည့်လိုက်တော့ကြက်ခြေထောက်ကိုင်ထားသူအဖေ။

သားကြီး အကြီးဆိုအကြီးလိုနေလေဘာလို့အငယ်နဲ့ပြိုင်လုစားနေတာလဲ

You've reached the end of published parts.

⏰ Last updated: Nov 09 ⏰

Add this story to your Library to get notified about new parts!

ဒီအကိုကြီးကညီငယ်လေးကိုကာကွယ်ပေးမယ်Where stories live. Discover now