Part - 1

3.6K 128 2
                                    

Unicode

"Noona မပြီးသေးဘူးလား"

စိတ်မရှည်စွာပြောမိတော့ အစ်မဖြစ်သူ
Jeon Haemie ကပြုံးပြုံးလေးတုံ့ပြန်သည်။

"ပြီးတော့မှာပါ Kookieလေး အရင်ပြန်နှင့်ပါလား
Noona စာအုပ်တွေစီပြီးတာနဲ့ အိမ်ပြန်လာခဲ့မယ်

ပါးတို့မေးရင် Noonaအချိန်ပိုတက်နေလို့ကျွန်တော်အရင်ပြန်လာတာ အဲ့လိုပြောလိုက်နော် "

Jungkook ခေါင်းတစ်ချက်ငြိမ့်ပြီး
အစ်မဖြစ်သူကိုနှုတ်ဆက်ကာ
ကျောင်းထဲကထွက်လာလိုက်သည်။

စာကြည့်တိုက်ကိုပို့မဲ့စာအုပ်ပုံကြီးကိုကြည့်ရင်း
Haemie တစ်ယောက် သက်ပြင်းတွေသာ
ချနေမိသည်။

မနက်ကကျောင်းနောက်ကျတဲ့အပြင်အိမ်စာပါ
မပြီးတာကြောင့် အတန်းပိုင်ဆရာမကအခုလိုအပြစ်ပေးတာဖြစ်သည်။

မတက်နိုင်၊ကိုယ့်ရဲ့နမော်နမဲ့နိုင်မှုကြောင့်
အခုလိုအပြစ်‌ပေးခံရတာဖြစ်သည်။

ကိုယ့်ကိုကိုယ်သာအပြစ်တင်ရင်းနိုင်သလောက်စာအုပ်တွေသယ်လိုက်ပြီးစာကြည့်တိုက်ဆီသို့
ခြေလှမ်းတွေကိုအမြန်ဆုံးလှမ်းလိုက်သည်။

Jeon Haemie......
မျက်မှန်အဝိုင်းကြီးတပ်ပြီးလက်ထဲက
စာအုပ်ကိုမချတတ်တဲ့စာဂျပိုးမလေး။

အစားသောက်နဲ့စာကလွဲရင် သူမ စိတ်မ၀င်စား။
တစ်ယောက်တည်းရှိတဲ့ မောင်ဖြစ်သူ
Jeon JungKookကိုတော့အလွန်ချစ်သည်။

"ကိုကို ကျွန်တော့်မာဖလာလေး ပြန်ပေးလို့ရမလား"

Jungkook နားကိုရောက်လာသည့်
ဆံပင်အညိုရောင်ကောက်ကွေးလေးတွေနဲ့
ကောင်လေးတစ်ယောက်၊မျက်၀န်းညိုညိုတွေကအရည်လဲ့နေသည်၊နှာခေါင်းထိပ်ကမှဲ့ညိုလေးနှင့်အသဲပုံနှုတ်ခမ်း၊ဒီကောင်လေးချစ်ဖို့ကောင်းတယ်။

"မင်းမာဖလာ ငါ့မှာမရှိဘူး!"

ခပ်မာမာပြောတော့ ခေါင်းငုံ့သွားသည်။

"ကိုကို့စက်ဘီးအောက်က
မာဖလာအနီလေး၊အဲ့တာကျွန်တော့်ဟာ!"

သူ့ကိုပြန်အော်သည့်ကောင်လေး။
မာဖလာကဘယ်လိုဖြစ်ပြီး
စက်ဘီးအောက်ထဲရောက်နေတာပါလိမ့်။

Far Away ( Complete )Where stories live. Discover now