TLEIY

451 41 47
                                    

[Apocalypse _ Cigarettes After Sex(Recommed song)]

''ဟင့်အင်း မသောက်ချင်ဘူးလို့ အီးဟီး!!!"

"သခင်လေးရယ် သောက်လိုက်ပါ နေလည်းမကောင်းဘဲနဲ့''

''ဟင့်အင်း ဖယ်ကြ အကုန်ထွက်သွားကြ! !!"

အော်ဟစ်ကာသောင်းကျန်းနေသည့်သခင်ငယ်လေးသည်လူကယိုင်နဲ့နဲ့သာ။မွေးရာပါအားနည်းတဲ့အပြင်သူ၏မိခင်အားအဖေဖြစ်သူကသတ်လိုက်သည့်မြင်ကွင်းကိုမြင်ပြီးစိတ်အခြေအနေကဆိုးရွားသွားသည်။အခုဆို ၂၃နှစ်ရှိသည့်တိုင်အောင်သခင်လေးကတော့သူ့ကိုယ်သူ၁၅နှစ်သားလေးလို့ထင်နေတာလေ။သနားဖို့ကောင်းပေမဲ့သူတို့အတတ်နိုင်ဆုံးဂရုစိုက်ပေးတာကလွဲပြီးဘာမှလုပ်ပေးလို့မရ။ဆေးပညာမတိုးတက်သေးတဲ့ခေတ်ကာလတစ်ခုမို့သခင်ငယ်ကိုသူတို့ဟာတက်နိုင်သလောက်စောင့်ရှောက်ရုံသာတတ်နိုင်သည်လေ။

''ဆေးတစ်ခွက်အသစ်သွားယူလာခဲ့''

''အင်းအင်း''

''ဘာလို့ဆိုးရတာလဲ သခင်ငယ် အင်္ကျီတွေလည်းစိုနေပြီလေ''

''ဗင်းလာပြီ သူတို့ကကျွန်တော့်ကိုအနိုင်ကျင့်နေကြတာ''

''ဟုတ်လား''

နှုတ်ခမ်းဆူကာဖြင့်တိုင်ကြောထူနေတဲ့သခင်လေးကိုကြည့်ပြီးသူဆေးခွက်အသစ်တစ်ခုယူဖို့သာထွက်လာလိုက်သည်။သူကတစ်အိမ်လုံးကိုချုပ်ကိုင်ခွင့်ရှိတဲ့အိမ်ထိန်းပေမဲ့သခင်လေးရဲ့ကင်မ်ဂယူဗင်းလောက်အာဏာမရှိ။ဂယူဗင်းကလည်းအစေခံဖြစ်ပေမဲ့သခင်လေးကိုနိုင်တာသူသာရှိသည်လေ။

.....

''ဗင်း အဝတ်လဲပေး''

''နေအုံး ခဏနေ ဆေးသောက်လို့လှုပ်ရွနေရင်ထပ်စိုကုန်မယ် အဝတ်တွေအများကြီးပေရင်လျှော်ရတဲ့လူတွေအလုပ်ပိုတယ် နေအုံး ခဏ''

''အွန်းပါ''

ဂယူဗင်းပြောလိုက်တော့အင်္ကျီအောက်နားစလေးကိုဆုတ်ချေလို့မရဲတရဲလှမ်းကြည့်နေသည်။ဆေးတစ်ခွက်လောက်မသောက်ရင်တောင်စိုးရိန်ရတဲ့ရောဂါဆိုးကြီးကြောင့်မကြမ်းတမ်းရင်မရတဲ့အခြေအနေလေ။

''ဆေးရပြီ လာဒီကို''

အိမ်ထိန်းဆေးခွက်ယူလာတာမို့ဂယူဗင်း သူ့ရဲ့သခင်ငယ်လေးရဲ့ကုတင်ပေါ်မှာထိုင်လိုက်ရင်းသခင်ငယ်အားလည်းပေါင်ပေါ်ပွေ့တင်လိုက်သည်။လက်သေးသေးလေးကဂယူဗင်းရင်ဘက်ကအင်္ကျီစလေးကိုလွတ်ထွက်မတတ်ဆွဲထားရင်းမျက်လုံးလေးကိုလည်းစွတ်မှိတ်ထားသေးသည်။သခင်ငယ်လေးရဲ့လက်ဖွေးဖွေးနုနုလေးဟာ ဂယူဗင်းရဲ့အင်္ကျီအနွမ်းလေးနဲ့မလိုက်ဖက်လိုက်တာ။

You've reached the end of published parts.

⏰ Last updated: Sep 01, 2023 ⏰

Add this story to your Library to get notified about new parts!

✨True love exist in you✨Where stories live. Discover now