အပိုင်း- ၁၃၇ ( အန္တရာယ်အများဆုံးနေရာက ဘေးအကင်းဆုံးနေရာပဲ )(နန်းတော်ထဲ ဝင်သွားချင်နေမှတော့ အကုန်လုံး အတူတူဝင်သွားကြစို့ )
"ဝမ်းအိုက်ချင်း နေမကောင်းဘူး?"
နန်းတော်ထဲရှိ ချူယွမ်မှာ ထိုသတင်းကိုကြားတော့ မျက်မှောင်ကြုတ်သွား၏။
ရှစ်ဇီကုန်းကုန်းက မဝံ့မရဲ ဖြေကြားလာသည် ။
"ဟုတ်မှန်ကြောင်းပါဘုရား။ အခုလေးတင် လူလွှတ်ပြီး အကြောင်းလာကြားပါတယ်၊ အမတ်မင်းဝမ်းကို ဆေးကုသပေးဖို့ ဝမ်းစံအိမ်ဆီ နန်းတွင်းသမားတော်တစ်ယောက်ယောက် စေလွှတ်ပေးလိုက်ရမလားဘုရား"
"ရှောင်ကျင်က နန်းတော်အပြင်မှာ ရှိနေတယ်ဆိုတော့ ၊ ဝမ်းအိုက်ချင်းနဲ့လည်း ရင်းနှီးတော့ သူ့ကိုပဲ သွားကြည့်ခိုင်းလိုက်။ တခြားသမားတော် သွားမရှာနဲ့တော့"
ချူယွမ်က တွေးတွေးဆဆ ဆက်ဆို၏။
"မနေ့ညက ညဉ့်နက်အောင်နေလိုက်လို့ အိမ်ပြန်ရင်း အအေးမိသွားတယ်ထင်။ ခွန်အားဖြည့်ဆေးတွေ ဖော်စပ်ပြီး သူ့ဆီပို့ပေးလိုက်ဦးလို့ ဆေးဌာနဘက် သွားပြောချေ"
"အမိန့်တော်မြတ်အတိုင်းပါဘုရား"
ရှစ်ဇီလည်း အမိန့်ကိုခံယူလိုက်ကာ တော်ဝင်စာကြည့်ဆောင်မှ ထွက်သွား၏။ချူယွမ်က ခေါင်းခါလိုက်ကာ လက်ထဲရှိ စာရင်းကို ဆက်လက်ကြည့်ရှုနေလိုက်သည်။
ယိုတာ့ယွီကမူ ဝမ်စလျိုနျဲန် အိပ်ရာထဲလှဲသွားကြောင်း ကြားတော့ စိတ်သက်သာရာရသွားကာ နေမကောင်းဖြစ်လေ ပိုကောင်းလေ၏ဟုပင် ဆုတောင်းထား၏။ ကျန်းယွင်တာဝန်ယူထားသောစာရင်းမှအပ မည်သူ့စာရင်းမှ မမှားသည်မို့ အမှားရှာတွေ့မည်ကို သူ မစိုးရိမ်ပါ။ သို့သော် ဤမျှများပြားသောလူများထဲမှာမှ လက်ရှိဧကရာဇ် သေဘာအကျရဆုံးဖြစ်သော အမတ်မင်းဆီမှ မျက်စိဒေါက်ထောက်အကြည့်ခံနေရသည်မှာ သိပ်တော့ နေရထိုင်ရမသက်သာပါချေ။
မဖြစ်သေးပါ၊ အခြေအနေ သိပ်မဟန်ပါေပ။
သို့နှင့် ယိုတာ့ယွီက လက်ဖက်ရည်ခွက်ကို ချလိုက်ကာ အိမ်တော်ထိန်းအား ဝေါယာဉ်တစ်စီး ပြင်လိုက်စေ၏။ ထို့နောက် ဖုန်းရှိုးဆန်ဆိုင်သို့ ထွက်လာခဲ့၏။
![](https://img.wattpad.com/cover/240412649-288-k263039.jpg)
YOU ARE READING
ဓားပြဗိုလ်အား သိမ်းပိုက်ခြင်း [ Completed ]
Romanceတာ့ချူရဲ့ အတော်ဆုံးလူငယ်အမတ်မင်းတဖြစ်လဲ အစားပုပ် Food blogger ရဲ့ ဓားပြဖမ်းဗျူဟာ။ ပေါက်စီတစ်လုံးကနေ စတင်ခဲ့ပြီး ဆန်းပြားသစ်လွင်တဲ့ နည်းတွေနဲ့ မစားရအညှော်ခံ ဓားပြမဟုတ်တဲ့ ဓားပြဗိုလ်ကိုကို,ကို ဘယ်လို အပီချုပ်ခဲ့သလဲဆိုတာ .... Shared universe with ဧကရာ...