Part(1)

202 14 4
                                    

"Ryu ရေမြန်မြန်လုပ် နောက်ကျလိမ့်မယ်..."

"Ye လေးရယ် ဟိုအုပ်စုနဲ့တွေ့မှာဘဲကို မလောပါနဲ့.."

"မဟုတ်ဘူး ryu...မ ကျူရှင်ပြစရာရှိတယ်လေ..."

"Art teacher မဟုတ်ဘူးလား မက.."

"ဟုတ်ပေမဲ့ သီးသန့်ဂိုက်ပြပေးနေတဲ့ကောင်လေးတစ်ယောက်ရှိတယ်...မ အမေရဲ့အသိတစ်ယောက်ကအကူညီတောင်းထားတာမလို့ပါ...ပြနေတာလဲ နှစ်လလောက်ရှိနေပြီကို..."

"မ ငယ်တို့ ၂၅တောင်ရှိနေပြီနော် လက်မထပ်ကြသေးဘူးလား...ငယ် မကို Minho တို့ မင်္ဂလာပွဲကတည်းကလက်ထပ်ခွင့်တောင်းထားတာနော်.."

" မ သိပါတယ် ryuရယ် မက နိုင်ငံခြားကို ပညာတော်သင် ၂နှစ်ထွက်သွားလိုက်ရတယ်လေ...နောက်မှဖြည်းဖြည်းပြန်လုပ်ကြတာပေါ့.."

"အင်းပါ မ..အခုတော့သွားကြရအောင်.."

"အင်း.."


_______________________________
"ရား Hwang Hyunjin မင်းတို့တွေငါ့ကိုခေါ်ပြန်ပြီ ငါမလိုက်ချင်ပါဘူးဆို.."(bin)

"မင်းရဲ့ gym ကကောအဆင်ပြေရဲ့လား.."(hyun)

"ပြေလွန်းလို့ ဟိုးဖက်တောင်ရောက်တယ်..Felix မင်းကောအလုပ်အဆင်ပြေလား.."(bin)

"အင်း အခုတလောအလုပ်ပိုရှုပ်တာ jin နဲ့ ဟျောင်းလေ သူတို့နှစ်ယောက်ဘဲအလုပ်ရှုပ်နေတာ ငါက အလုပ်မသွားဘဲအိမ်မှာနေတောင်အဆင်ပြေတယ်.."(lix)

"ပြေရင်ပြီးတာပါဘဲ...Minho တို့အတွဲလဲမရောက်သေးပါလား.."(bin)

"ဟိုးမှာပါ မင်းပြောလို့ရောက်လာခဲ့ပြီ.."( hyun)

Hyunjin ပြောလို့လှည့်ကြည့်လိုက်တဲ့အချိန်မှာတစ်ယောက်ကိုတစ်ယောက်လက်ကလေးတွဲကာလျှောက်လာခဲ့တဲ့သူကိုမြင်ပြီး Seo Changbin တစ်ယောက် ထိုင်ငိုချင်မိတယ်။

လောကကြီးက သူ့အပေါ်ကိုတော်တော်ရက်စက်တာဘဲ ရည်းစားလေးတစ်ယောက်တောင် မဖန်တီးပေးဘူး.....

"နည်းနည်းကြာသွားတယ်..."(Minho)

"အဆင်ပြေပါတယ်.."(bin)

မကြာပါဘူး Ryujin တို့အတွဲလဲရောက်လာခဲ့ပြီး သူတို့တွေ ညစာအတူစားရင်း အတိတ်ကအကြောင်းတွေပြောနေခဲ့ကြတယ်။၈နာရီထိုးသွားခဲ့ပြီ။yejiက စာသင်စရာရှိတောပြန်နှင့်မယ်ပြောပေမဲ့ အကုန်လုံးတွေ့ကြတာကို ဒီမှာဘဲအဆုံးသတ်လိုက်ကြပြီး အိမ်ပြန်ဖို့လုပ်လိုက်ကြတယ်။သူတို့ဆိုင်ကနေထွက်အလာမလှမ်းမကမ်းမှာ ရန်ဖြစ်နေကြတဲ့ကောင်လေးတွေကိုတွေ့လိုက်ရတယ်။အစကတော့ကျော်သွားကြဖို့လုပ်နေပေမဲ့..yeji ဟာအဲ့ထဲကကောင်လေးတစ်ယောက်နဲ့ ရင်းနှီးသလိုရှိလို့အနားကိုအပြေးသွားခဲ့တယ်။Ryujin တောင်တားချိန်မရလိုက်ဘဲ Changbin ကိုပါဆွဲခေါ်သွားခဲ့တယ်။
ခေါ်သွားရင်းပြောသွားခဲ့တဲ့စကားတစ်ခွန်း..
"လာ အရေးကြုံရင်မင်းဝင်ချပေးရမယ်.."

Hwang sibling's lover (season2)Where stories live. Discover now