Part 11

564 21 0
                                    

Beginning For The End -11

" ဘာများကူညီပေးရမလဲ"
" ‌လူနာ ရှောင်းစစ်ဟန် ဘယ်အခန်းမှာ ရှိလည်းသိချင်လို့"
" အမ် . "
"ကျွန်တော်မိဘတွေနဲ့ အန်ကယ် ရှောင်းစစ်ဟန်နဲ့က သူငယ်ချင်းတွေပါ အန်ကယ်နေမကောင်းဖြစ်တာအခုမှ သိရလို့ ကျွန်တော်လာကြည့်တာပါ "
" ဟို လူနာရဲ့ အိမ်သူတွေက တစ်ခြားသူအ၀င်မခံလို့ အဲ့တာ "
"လူနာလုံခြုံရေးအတွက်ဆိုတာကျွန်တော်နားလည်ပါတယ် ကျွန်တော်က ကပ္ပတိန်တစ်ယောက်ပါ ဒါကကျွန်တော် ID CARD ပါ "
"ကပ္ပတိန် ၀မ်ရိပေါ် မလား ကျွန်မရှင့်ကိုသိတယ် သတင်းမှာပါနေကျတစ်ယောက်လေ "
"အဆင်ပြေမယ်ဆိုရင် ကျွန်တော် လူနာနဲ့ခဏလောက်တွေ့လို့ရမလား .. ကျွန်တော့်အလုပ်က နားချိန်သိပ်မသေချာလို့လေ အချိန်ရတုန်း အန်ကယ်ကိုတွေ့သွားချင်လို့ "
"ကပ္ပတိန်၀မ် မို့ယုံကြည်တာကြောင့် ကျွန်မနောက်လိုက်ခဲ့နော် လူနာရှိခေါ်သွားပေးမယ် "
ရှင်းဟွားဆေးရုံရဲ့အပေါ်ဆုံးထပ် vvip အဆောင်ရဲ့ လူနာကုတင်ပေါ်တွင် လှဲလှောင်းနေတဲ့ အမျိုးသားတစ်ဦး။

"အန်ကယ်ကဘာဖြစ်တာလည်း "
"ဆေးရုံအုပ်က accident ကြောင့် ကိုမာ၀င်သွားတာ နှစ်နှစ်လောက်ရှိပြီး ... "
ကုတင်ပေါ်လှဲလှောင်းနေတဲ့သူကြောင့် accident ဟာသာမာန်မဟုတ်တာရိပေါ်ခန့်မှန်းမိပါတယ်။ ဘာတွေဖြစ်ခဲ့လည်းဆိုတာ သက်သေခံပေးနိုင်မဲ့ လူသက်သေဟာ အခုလိုကုတင်ပေါ်လှဲနေတာကြောင့် ရိပေါ် မျော်လင့်ချက်တစ်ချို့ဟာ မှေးမိန်ကုန်တယ်။
"အန်ကယ်က ပြန်သတိရလာနိုင်လား "
"အဲ့တာက ..."
"ရနိုင်တာပေါ့.. သေသွားတာမှမဟုတ်ဘဲ မကြာခင်သတိရလာမှာ"
"ဒေါက်တာရှောင်း "
" Nurse ကျွန်တော်ခွင့်ပြုချက်မရှိတဲ့သူကို ဒီ‌အခန်းထဲ ခြေချခွင့်မပြုဖို့ ကျွန်တော်အားလုံးကိုပြောပြီးသားထင်တယ် "
"ဟို..ကပ္ပတိန်၀မ်မိဘတွေနဲ့ ဆေးရုံအုပ်ကသူငယ်ချင်းဆိုလို့ပါ ကပ္ပတိန်၀မ်က အန္တာရယ်ပေးမဲ့သူ မဟုတ်တော့့့"
"‌တော်တော့ နောက်တစ်ခါဆို ဆင်ခြင်ပါ .. ကျွန်တော် ကပ္ပတိန် ၀မ်ကိုဧည့်ခံလိုက်မှာမို့ nurse ကလုပ်စရာရှိတာ လုပ်လို့ရပြီး "
" ကျွန်မကိုသွားခွင့်ပြုပါ "

"ကျန့်ကော.."
"၀မ်ရိပေါ် .. မင်းက လိမ်တောင်လိမ်တက်နေပြီးဘဲ "
"ဘာကို .."
" ဟက် ဒါပေမဲ့ မင်းလိမ်ညာတဲ့စကားလုံးတွေက သေချာစဉ်းစားရင် ရုတ်တိမရှိဘူး .. သူငယ်ချင်း ဟက်လား ငါမိဘသူငယ်ချင်း‌ အသစ်တွေကို ငါတောင်မသိရပါလား "
"မိဘ ? "
" မင်းဘာရည်ရွယ်ချက်နဲ့ ဒီကိုရောက်လာတာလည်း.. အခုလောက်ဆို မင်းငါအကြောင်းတွေ သိသင့်သလောက်သိပြီးပေါ့့့ ၀မ်ရိပေါ် မင်းနဲ့ငါကြားကစ္စကို ‌ငါမိဘရှေ့မပြောရအောင် "
" ကျန်ကော ဘာတွေပြောနေတာလည်း ကျွန်တော်တစ်ခုမှနားမလည်ဘူး .. ကျွန်တော်က အခုကျန့်ကော ကစ္စနဲ့ ပတ်သက်ပြီး လာတာမဟုတ်ဘူး ... ပီ့းတော့ ကျန့်ကောမိဘ ကစ္စကျွန်တော်ဘာမှမသိဘူး "
"၀မ်ရိပေါ် မင်းကငါ့မိဘတွေကိုမသိရင် မင်းဒီအခန်းထဲဘယ်လိုရောက်နေတာလည်း "
" ကုတင်ပေါ်က လူနာကကျွန်တော်အမူတစ်ခုအတွက် အရေးကြီးသက်သေဖြစ်နေလို့ ကျွန်တော်က လာရှာရုံ .."
"သက်သေ ?... ဘာအတွက်သက်သေလည်း ၀မ်ရိပေါ် ငါမိဘက မင်းအမူမှာဘာကြောင့် သက်သေဖြစ်ရမှာလည်း "
"ကျန့်ကောမိဘတွေကဘာလို့သက်သေဖြစ်ရ..ဟမ် ? မဟုတ်မှ !
‌အန်ကယ်ရှောင်းစစ်ဟန်က ကျန့်ကောပါးး ..အာ ယွီပင်းပြောတဲ့ ရှောင်းစစ်ဟန်နဲ့ရှောင်းမိန်းတို့ရဲ့သား "
"ဟုတ်တယ် ... "
"ဒီ..ဒီလောက်တိုက်ဆိုင်တာကြီးကျ .."
"ရိပေါ် ..မင်းလက်ထဲကဓာတ်ပုံက ၀မ်ဟန်မင်းနဲ့ ၀မ်ချောင်ရွယ် တို့မိသားစုဓာတ်ပုံမလား ?"
" ကျန့်ကော ! ပါးနဲ့မား နာမည်ကိုဘယ်လိုသိတာလည်း "
" ပါး ! မား ! ရိပေါ် ငါတို့သေချာစကားပြောဖို့လိုပြီးထင်တယ် "

Beginning For The End (Complete)Donde viven las historias. Descúbrelo ahora