အပိုင်း - ၁၃၈ ( ဥယျာဉ်တော်ထဲ မြေတူးကြမယ် )( ဧည့်ခံစားသောက်ပွဲအတွင်းက သူလျှို )
ဤတစ်ခေါက် ရွှေမြို့တော်သို့အလာ မုဟန်ယဲ့မှာ အနောက်တိုင်းဒေသထွက် အရက်အကောင်းစားများစွာကိုပါ သယ်ယူလာခဲ့သည်။ ဘာကိုမှ မမြင်ဖူးမကြားဖူးရှာသော မုချင်းရှန်းမှာ ဧည့်ခံလာသော ထ်ိသေရည်အား ဂရုတစိုက် တစ်ကျိုက်သောက်လိုက်ရာ အတော်ချိုမြသည်ဟု ခံစားလိုက်ရ၏။
"ကြိုက်လား"
ရှန့်ယွင်ကျယ်မှ မေးလာ၏။
"ဟုတ်"
မုချင်းရှန်းက နောက်တစ်ကျိုက် ထပ်မော့သောက်လိုက်သည်။ သူ့အကြိုက်နှင့် ကိုက်ညီသော အရသာဆိုသည်မှာ ရှာရခက်လှ၏။
မုဟန်ယဲ့မှ မေးလာသည်။
"ကိုယ်ရေးအရာရှိ ကြိုက်ရင် ထန်ယွင်ရဲတိုက်ကို အနည်းအကျဉ်း ပို့ပေးပါ့မယ်ဗျာ။ ဒါက ချီရှားသေရည်လို့ ခေါ်တယ်။ ဒီတစ်ခါပြန်သွားရင် ပိုင်လုပန်းနဲ့ချက်တဲ့သေရည်ပါ ချက်ပြီးလောက်ပြီ။ အဲ့ဟာက သောက်ရပိုတောင်လွယ်သေး"
ဘေးနားရှိ ဝမ်းလျိုနျဲန်မှ ကြားဖြတ်မေးလိုက်၏။
"ဟုတ်လား"
မုဟန်ယဲ့လည်း လွန်စွာမှ အလိုက်သိလှသည်။
"လမ်းကြုံတုန်း အမတ်မင်းဆီပါ ပို့ပေးဦးမှပါ"
ရည်မှန်းချက်အောင်မြင်သွားသော ဝမ်းလျိုနျဲန်မှာ ပြုံးပန်းဝင့်ဖြာသွားသည်။
"အားနာလိုက်တာဗျာ။ ကဲ၊ ကဲ၊ စကားဆက်ပြောကြ ဆက်ပြောကြ"
ကျောက်ယွဲ့ကမူ နားထင်ကိုသာ ပွတ်လာ၏။
အဲ့လိုမှန်းသိရင် အိမ်မှာပဲ ဆန်ပြုတ်ရယ် အရန်ဟင်းရယ်နဲ့ စားနေခိုင်းလိုက်ပါတယ်။
မုချင်းရှန်းမှာ စားသောက်ပွဲမလာခင် အဆာပြေမုန့် စားလာခဲ့သဖြင့် ဗိုက်မဆာပါ။ သို့သော် ဝမ်းလျိုနျဲန် စားသောက်နေပုံကို တွေ့တော့ စားချင်သောက်ချင်စိတ် ပြန်ပေါ်လာပြီး အဆီတဝင်းဝင်းဖြစ်နေသည့် ဝက်ခြေထောက်တစ်ခုအား ဆွဲယူလိုက်သည်။
YOU ARE READING
ဓားပြဗိုလ်အား သိမ်းပိုက်ခြင်း [ Completed ]
Romanceတာ့ချူရဲ့ အတော်ဆုံးလူငယ်အမတ်မင်းတဖြစ်လဲ အစားပုပ် Food blogger ရဲ့ ဓားပြဖမ်းဗျူဟာ။ ပေါက်စီတစ်လုံးကနေ စတင်ခဲ့ပြီး ဆန်းပြားသစ်လွင်တဲ့ နည်းတွေနဲ့ မစားရအညှော်ခံ ဓားပြမဟုတ်တဲ့ ဓားပြဗိုလ်ကိုကို,ကို ဘယ်လို အပီချုပ်ခဲ့သလဲဆိုတာ .... Shared universe with ဧကရာ...