Ep 23

2K 111 7
                                    

Ep 23

Uni+Zaw

Uni

ပြတင်းပေါက်မှမြင်နေရသော တောင်တန်းများဝန်းရံနေသည့် သာယာလှပသောရှုခင်းအား စပ်ခေါင်ထီရာဇ်သည် ပန်းချီကားချပ်တစ်ခုအဖြစ်အသက်သွင်းရေးဆွဲနေသည်။ပန်းချီကားချပ်ပေါ်သာ စျာန်ဝင်စားနေသောမျက်လုံးများသည် အမှန်တကယ်လေးနက်တည်ကြည်သောအသွင်ကိုဆောင်၏။ပန်းချီဆွဲခြင်းသည် စပ်ခေါင်ထီရာဇ်၏ မွေးကတည်းကပါလာသော ဝါသနာဟုပင်ပြောလို့ရသည်။

အားလပ်ချိန်များတွင်လည်း ပန်းချီဆွဲခြင်းဖြင့်ကုန်ဆုံးလေ့ရှိပြီး အလေးနက်ထားစဥ်းစားတွေးတောစရာရှိလျှင်လည်း ပန်းချီဆွဲပြီး အာရုံဝင်စား၏။ဒေါသထွက်ခြင်း၊ ဝမ်းနည်းနာကျင်ခြင်း၊မွန်းကြပ်ပိတ်လှောင်ခြင်းနှင့် ​ပျော်ရွှင်ကြည်နူးခြင်းအဆုံး...... စိတ်ခံစားချက်တိုင်းကို ပန်းချီကားချပ်ပေါ်တွင်သာ ထုတ်ဖော်ဟစ်ကြွေးလေ့ရှိသည်။

" သခင်လေး ကျွန်တော်ဘွေဆောနောင်ပါ "

" အေး ဝင်ခဲ့လေ "

ဘွေဆောနောင်သည် စာရွက်အချို့လက်ထဲပိုက်ပြီး အခန်းထဲဝင်လာလိုက်သည်။

" သခင်လေး ဒါက ဒီနှစ်ဆောင်းအတွက် စားနပ်ရိက္ခာကြိုတင်ပြင်ဆင်မှုစာရင်းပါ။နောက်ပြီး ဒါက သခင်လေးမရှိတဲ့အတောအတွင်း ကျေးရွာအတွင်းမှာရှိတဲ့ စိုက်ပျိုး၊မွေးမြူရေးနဲ့ ကုန်စည်ထုတ်လုပ်ရေးကရတဲ့ ဝင်ငွေ၊ထွက်ငွေစာရင်းပါ။ "

တောင်တန်းစိမ်းစိမ်းများကိုအရောင်ခြယ်နေသော စုတ်တံကိုဘေးချလိုက်ပြီး ဘွေဆောနောင်ကမ်းပေးလာသော စာရွက်၊စာတမ်းများကိုယူလိုက်သည်။အပေါ်ယံအားဖြင့် အကြမ်းဖျဥ်းမျှကြည့်လိုက်ပြီး-

" ညကျ ငါသေချာကြည့်လိုက်မယ်ဆောနောင် "

တောင်ပေါ်ဒေသဖြစ်သည့်အလျောက် တကယ့်ဆောင်းရာသီခေါက်ခေါက်ဆိုရင် အရိုးကွဲမတတ်အေးသောကြောင့် ခေါင်အာလူမျိူးတို့သည် အခုလိုသီးနှံရိတ်သိမ်းကာလအပြီး နွေးဦးရာသီကတည်းက စားနပ်ရိက္ခာစုဆောင်းမှုကို ကြိုတင်ပြင်ဆင်ထားလေ့ရှိကြသည်။

သခင်ကြီးနှင့်စံအိမ်တော်Where stories live. Discover now