''သမီးကြီးရေ နွေရာသီကျောင်းပိတ်ရက်ကျ လာကြိုပေးရအုံးမလား ဒီမှာတော့ တမျှော်မျှော်တွေနဲ့ ''
''လာမကြိုပါနဲ့အဖေရယ် ကားက နှစ်ဆင့်ကြီးစီးရမှာ ပင်ပန်းပါတယ် သမီး ကိုယ့်ဘာသာပဲ ပြန်ခဲ့ပါမယ် ရွှေတောင်ကိုသာ လာကြိုခိုင်းလိုက်ပါ''
''ဒါလည်း အဆင်ပြေတာပဲ အဖေတို့လည်း လွမ်းနေပြီ အဖေကတော့ဖြင့် သမီးပျော်တယ်ဆိုလို့သာ လွှတ်ထားတာ နီးနီးနားနားပြန်စေချင်နေပြီ''
''ရပါတယ်အဖေရယ် သမီးမပင်ပန်းပါဘူး ခုလို ရှမ်းဝဲဝဲလေးတွေနဲ့ စာသင်ရတာကို ပျော်နေပါပြီ''
တကယ်လည်း ပျော်နေတာမို့ ပထမဦးဆုံးနှစ်မို့ပါ နောက်နှစ်ကျ သီတင်းကျွတ်ပိတ်ရက်ရှည်မှာရော အိမ်ပဲ ပြန်ဖို့တွေးထားပြီးသားပါ ဘာလိုလိုနဲ့ အိမ်ပြန်ဖို့ရက်တွေတောင် နီးကပ်လို့နေပြီပဲ အခန်းဆုံးစစ်ဆေးခြင်းဆိုတဲ့ ကျောင်းသားကလေးတွေရဲ့ နှစ်တစ်နှစ်ရဲ့ စာမေးပွဲကြီးကလည်း မလိုတော့ဘူးပဲ ကျောင်းပိတ်ရက်နဲ့ တပေါင်းလ ရွှေနတ်တောင်ဘုရားပွဲနဲ့ အမြဲကွက်တိကျတာမို့ နှစ်တိုင်းအရောက်သွားဖူးတာမို့ ဒီနှစ်တော့ ချစ်ရသူလေးပါ ခေါ်သွားချင်မိတယ် ခွဲရမဲ့ နှစ်လခွဲလည်း မတွေးချင်တာတော့အမှန်ပါ ဘယ်လိုအင်အားတွေစုရမလဲကွယ်..
''ဟေ့ဟေ့ ဘာဖြစ်လာကြတာတုန်းကွယ် မထိတ်သာ မလန့်သာနဲ့ ဝေယံ အာကာက ဘာဖြစ်လာတာတုန်း လက်မှာလည်း သွေးတွေနဲ့ကွယ်''
''ဒီလိုအဒေါ်ရယ် သူ့မိန်းမနဲ့ ရန်ဖြစ်လာတာ အရင်ကလည်း ရန်ခဏခဏဖြစ်တယ်လို့ သူ့အမေပြောတယ် ဒါပေမဲ့ ခုဟာက အဆိုးဆုံးပဲတဲ့ ကွာရှင်းကြမယ်လို့လည်းပြောတယ် နံရံကို လက်သီးနဲ့ ထိုးလာတာ''
''မင်းတို့ဟာကလည်းကွာ မင်းရွေးချယ်ထားတာလေ သဘောမတူတဲ့ကြားက ချစ်လို့ယူထားကြတာ မဟုတ်ဘူးလား ''
''ဟုတ်တော့ ဟုတ်ပါတယ် ဦးရယ် ဒါပေမဲ့ တော်တော်လွန်နေလို့ ကျွန်တော်ဆက်ပြီး သည်းမခံနိုင်တော့ဘူး လူပါးဝလွန်းတယ် အဲ့ဒီမိသားစုကလေ''
''ကဲပါ ဟျောင့်အာကာ စိက်လျှော့ကွာ အဓိကက မင်းအမြင်မှန်ရသွားတာပဲ လူတွေက မင်းအပေါ်ရှိတုန်းပဲ ကောင်းတာဆိုတာ မင်းသိသွားပြီမလား မင်းအဖေက မင်းကို ဘက်ဂျက်လည်း ဖျတ်သွားရော ဟော ပုံစံအစစ်အမှန်တွေ ထွက်လာခဲ့ပြီလေ''

VOCÊ ESTÁ LENDO
ပန်ပေးပါရစေနှင်းဆီနီနီ သို့မဟုတ် အန်တီဆရာမ(Complete)
Romanceအန်တီဆရာမက ကလေးတွေကို စာအကြောင်းပြော ပူတူးငယ်က အန်တီဆရာမကို ချစ်တဲ့အကြောင်းတွေ ပြောမယ် ဘယ်လိုလဲ။ နှင်းဟေမာန်ကျော် ချစ်တဲ့ အကြောင်းတွေပဲ စာစီမနေနဲ့ ကလေးမ အာဘွားလေးတော့ လက်တွေ့ပေးလှည့်အုံးကွယ်။ ဒေါ်မိုးမြင့်အိန္ဒြေ