မေတ္တာကို ဖွဲ့ဆိုရပါလျှင် လွယ်မယောင်နဲ့ နက်၍ တိမ်မယောင်နဲ့ ခက်လှသည်။မေတ္တာ ကို ဖွဲ့နွဲ့နွဲ့ ဖော်မပြတတ်ခြင်းသည် သူ့ ၏ ကြီးစွာသော အပြစ်ဖြစ်မည်။
နောင်ဘုန်းသိုက်သည် စွေးစွေးဝါသော အရက်ခွက်ကို ကိုင်လှုပ်လိုက်သည်။ငယ်စဉ်ဆို ဒီအရက်တွေ သူ သိပ်ကြိုက် ခဲ့သည်။တစ်နေ့တာ မောပန်းသမျှ ဒီတစ်ခွက် မော့လိုက်လျှင် အားလုံး မေ့သွားသည်။
သို့သော် ဇရာထောက်တော့ ဒီအရည်ကို သူ့ ခန္ဓာမှာ မခံနိုင်တော့။ငယ်ရွယ်စဉ် အချိန်ကို သူ ပြန်တမ်းတသည်။ငယ်ရွယ်စဉ် တွင် အပေါင်းသင်းများ တရုံးရုံး၊မချစ်သော ဇနီးကို မေ့ပြီး အပြင်တွင် အပျော်အပါး တရုံးရုံး။အမှား အမှန် ကို သူ နားမလည်။ဖြစ်သင့်တာထက် ဖြစ်ချင်ရာပဲ ဦးစားပေးမိသည်။ဉပမာ အိမ်ပြန်ပြီး မိန်းမ ကို ကြင်နာကာ သားကို ယုယ ဖို့ထက် အလုပ်ကို ဖိကာ အပြင်အပျော်ပဲ ရှာခဲ့သည်။
စာ ထဲမှာ ရေးသားထားသည်ကို နောင်ဘုန်းသိုက် ဖတ်ဖူးသည်။သေချာအတိကျတော့ သူ မမှတ်မိ။လူငယ် ဟူသည် အမှားကို ရှာဖွေသူ ဖြစ်ပြီး လူကြီး ဟူသည် အမှားတွေအတွက် နောင်တ ရနေရသူ ဖြစ်သည် ဟူ၍။
အသက်ကြီးသော အခါ ဘယ်အရာသည် လိုအပ်ဆုံး ဆိုတာ သူ နားလည်လာသည်။ luxury condo အကျယ်ကြီးသည် သိပ်ခမ်းနားပါ၏။သို့သော် တိတ်ဆိတ်ငြိမ်သက်လွန်းသည်။သူ လိုအပ်နေသည်ကား နွေးထွေးမှု။
မိသားစု၏ နွေးထွေးမှု။သား တို့၏ မျက်နှာ၊မြေးငယ်တို့၏ အပြုံး။
နောင်ဘုန်းသိုက်သည် အရက်ခွက်ကို ခုံပေါ် ပြန်တင်ကာ ဓာတ်ပုံ တစ်ပုံကို ကောက်ကြည့်လိုက်သည်။ပုံထဲတွင် ဉာဏ်ကိုးနောင် သည် ရယ်မောနေသည်။ဆတ်နွယ်က ကိုးနောင် ဘေးဝယ် ရပ်နေသည်။ကိုးနောင် က သူ့ မြေးမလေးကို ချီထားပြီး သူ့ မြေးငယ်ပေါက်စက ကိုးနောင် ပုဆိုး စ ကို ကိုင်ဆွဲထားသည်။
"ချစ်စရာ ကောင်းလိုက်တာ"
သား အချစ် မြေးအနှစ်။
"ကျွန်တော် ကင်မရာ ကောင်းတာကိုး"
ပတ်ခနဲ ထွက်လာသော အသံကြောင့် နောင်ဘုန်းသိုက် လွမ်းမောစိတ်တို့ ကြက်ပျော်ငှက်ပျောက် ဖြစ်သွားသည်။သူ့ ရှေ့ တည့်တည့်မှာ ခြေတစ်ဖက်ချိတ်ထိုင်နေသော ရှိုင်းမိုဟန်ကို စိတ်ပျက်စွာ ကြည့်လိုက်သည်။
YOU ARE READING
'Lotus Killer'
Horrorအမှောင်အောင်က ကျားရဲတစ်ကောင်ရဲ့ မျက်ဝန်းလို သွေးဆာနေတဲ့ မျက်ဝန်းစိမ်းတောက်တောက်တွေ သွေးညှီနံ့ဟောင်ထွက်နေတဲ့ အခန်းထဲက အလောင်းတွေ သတင်းစာတွေထဲက ဟိုးလေးတကျော်ကျော် နာမည်ကြီး serial killer ဟာ သူ့ဘေးမှာ အိပ်နေတဲ့ သူချစ်သော အမျိုးသားတဲ့လေ. . .။ Warning ⚠️...