𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎ (30)

9.5K 248 24
                                        

Unicode & ZawGyi

𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎

ကိုယ့်ရဲ့ ဗီလိန်နတ်သမီး 💖(၃၀)

ဖျက်ခနဲပွင့်လာတဲ့ မျက်ဝန်းတစ်စုံ။
ညကအဖြစ်ဆိုးကြီးကြောင့် မျက်ဝန်းလေးကို
ပြန်မှိတ်ရင်း အိမ်မက်သာ ဖြစ်ရင်ကောင်းမည်ဟု
သူမ တွေးမိသည်။

ထိုသို့တွေးနေစဉ်မှာဘဲ လဝန်းခါးသိမ်လေးကို
‌ကိုကိုဟာ ‌ပွေ့ဖက်လာပြီး ကျောပြင်လေးကိုလည်း ခပ်ဖွဖွ အနမ်းလေးပေးလာသည်။

"Bae....နိုးပြီလား?"

သူမဘက်က သူ့ကိုဘာမှမဖြေဘဲ
တိတ်ဆိတ်နေတာကြောင့် ဂုတ်ပိုးဖြူဖြူလေးကို
မွှေးကြူလိုက်သည်။

ကိုကိုဟာ လဝန်းကို ၅ မိနစ်လောက်ဖက်တွယ်ထားပေမယ့် လဝန်းဟာ ညကကိစ္စကြီးကို
ရှက်လွန်းလို့ မျက်စိစုံမှိတ်ကာ အိပ်ချင်ယောင်
ဆောင်မိသည်။

နေစွမ်းဟာ သူမကို အိပ်ပါစေဟုဆိုပြီး
ကုတင်မှ ထလာကာ တာဝါတစ်ထည်ကိုယူပြီး
သူ့အောက်ပိုင်းကို ပတ်လိုက်သည်။
ထို့နောက် သူကိုယ်တိုင်မနေ့က သူမရဲ့ဂါဝန်ဖြူ
လေးကို ဆွဲဖြဲထားတဲ့ နေရာသို့ အကြည့်တွေ
ရောက်သွားသည်။

နေစွမ်းဟာ သူမအနားသို့ ပြန်ဝင်ထိုင်ကာ
သူမဆံပင်လေးတွေကို ကိုင်တွယ်နေမိသည်။

"ကိုကိုမင်းကို တာဝန်ယူပါ့မယ် လဝန်း...."

"...."

"ကိုကို တောင်းပန်ပါတယ်"

လဝန်းနားနားကို ကပ်ပြီး တောင်းပန်စကား
တိုးညှင်းစွာဆိုလာတဲ့ ကိုကို့ကြောင့်
လဝန်းဟာ စောင်အောက်ထဲသို့ ပြေးဝင်လိုက်သည်။

"အဟွန်း....မင်းန်ိုး‌နေပြီ ဆိုတာ ကိုကိုသိတယ်"

‌ထို့နောက် နေစွမ်းဟာ သူမကို
စနောက်ချင်လာတာကြောင့် သူမအနားသို့
တုံးအုံးဝင်လှဲလိုက်ချိန်!

"ချပ်!"

ရုတ်တရက်တံခါးပွင့်လာတဲ့ အသံကြောင့်
နေစွမ်း ခေါင်းထောင်ပြီး ကြည့်မိတော့

"လူယုတ်မာ!"

သူ့ကိုဆွဲထိုးဖို့ ကြိုးစားနေတဲ့ လဝန်းရဲ့ရည်းစား
ဆိုတဲ့ ကောင်လေးကို အကို"မိုင်း"က
ဂုတ်ကနေ ဝင်ဆွဲလိုက်လို့တော်သေးသည်။
မဟုတ်ရင် သူ့အရှက်ဟာ အားလုံးရှေ့
ဗြန်းဗြန်းကွဲရမည်။

𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎ (ကိုယ့်ရဲ့ ဗီလိန် နတ်သမီး)Место, где живут истории. Откройте их для себя