အခန်း (၁)

9 0 0
                                    


အေဂျီ - ရက်နှစ်ဆယ်။


အချိန်ကို ဒီနည်းနဲ့ပဲ တိုင်းတော့တယ်။ သြဂစ္စတပ်စ်ပြီးတဲ့ခေတ်။ (after Augustus - AG ပေါ့။) ခပ်ရွတ်ရွတ် မျက်လုံးပြာပြာ၊ ခပ်မိုက်မိုက်အပြုံးနဲ့ အမေ့လျော့ခံရမှာ ကြောက်တဲ့ သြဂစ္စတပ်စ်တစ်ယောက် ကမ္ဘာလောကကြီးကနေ ခြေထော့ကျိုးထော့ကျိုးနဲ့ ထွက်ခွာသွားတာ ရက်ပေါင်း ၂၀ ပြည့်တဲ့နေ့။ ကျွန်မကို ဟေဇယ်ဂရေ့စ်လို့ နောက်ဆုံးခေါ်သွားတာ ရက်ပေါင်း ၂၀ ပြည့်တဲ့နေ့။ အသုဘအကြိုနေ့မှာ ကျွန်မရေးထားတဲ့ သူ့အတွက်နှုတ်ဆက်စာကို ဖတ်ပြခဲ့တဲ့ သြဂစ္စတပ်စ် ဝါးတားစ်ရဲ့ နောက်ဆုံးနေကောင်းခဲ့တဲ့နေ့ရဲ့ ၂၈ရက် ပြည့်တဲ့နေ့ပေါ့။


ကျွန်မရဲ့ဘဝမှာ ခေတ်အသစ်တစ်ခု အစပြုခဲ့တာ ရက်ပေါင်း ၂၀။ ဘယ်တော့မှ မရှိသင့်တဲ့ ခေတ်သစ်တစ်ခုပေါ့။ အဆုံးသတ်လှပတဲ့ ဝတ္ထုစာအုပ်တစ်အုပ်အဖြစ် နောက်ထပ်ဆက်ရေးလို့ရမယ့် အဖြစ်မျိုးပေါ့။ ဒီကိစ္စမှာတော့ တမျိုးလေ။ အတော်လေး အဆုံးသတ်မလှတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားတာပေါ့။ တကယ်တော့ ကျွန်မက သြဂစ္စတပ်စ်ရဲ့ ရှေ့ အရင် သေရမှာ။ ပါးစပ်ကနေ ထုတ်မပြောပေမယ့် ဒါကျွန်မတို့နှစ်ယောက်လုံး သိထားတဲ့၊ ကျွန်မတို့ကြားမှာ ရှိနေတဲ့ စည်းကမ်းတစ်ခုပေါ့။ ကျွန်မမှာ အတော်လေး စုတ်ပြတ်သတ်နေတဲ့ အဆုတ်တွေရှိတယ်။ ကင်ဆာရောဂါရဲ့ နောက်ဆုံးအဆင့်အနေနဲ့ ကျွန်မရဲ့ကံကြမ္မာက သတ်မှတ်ထားပြီးသား ဖြစ်နေမင့်ဟာ။ သူက လွန်မြောက်သွားတဲ့သူ။ အဲဒီနောက်ဆုံးနေ့ မတိုင်ခင်အထိပေါ့လေ။


အခုတော့ ဟေဇယ် ဂရေ့စ်လန်ကက်စတာဆိုတဲ့ ကျွန်မက သြဂစ္စတပ်စ် ဝါးတားစ်မရှိတဲ့ ကမ္ဘာမှာ နေရတော့မယ်။ ဒါဟာ သတ်မှတ်ထားတဲ့ ကံကြမ္မာထဲမှာ မပါတဲ့အစိတ်အပိုင်းတစ်ခုပဲ ဆိုပါတော့။


ကျွန်မက သေဖို့ပြင်ဆင်ထားပြီးသား။ အဆင်သင့်ဖြစ်နေပြီးသား။ တိုတောင်းလွန်းတဲ့ဘဝမှာ အချစ်စစ်ကို တွေ့ပြီးတဲ့နောက် ရှင်တို့သာဆိုလည်း အဆင်သင့်ဖြစ်နည်းကား ဖြစ်နေသလိုမျိုးလေ။ ကျွန်မသေရမယ်ဆိုတဲ့ အချက်ကို လက်ခံထားပြီးသားဖြစ်သလို ကျွန်မမရှိတော့ဘဲ သြဂစ္စတပ်စ်က ဆက်ပြီး အသက်ရှင်သွားမယ်။ ဒါကြောင့်မို့ ကျွန်မက သူ့အတွက် အသည်းကွဲအန္တရာယ်ပေးမိမှာစိုးလို့ တတ်နိုင်သလောက် ရှောင်ရှားနေမိပေမယ့် ဆိုးဆိုးဝါးဝါး ကျရှုံးခဲ့ရတယ်။ အဲဒီအခြေအနေတွေ ပြောင်းပြန်ဖြစ်သွားလိမ့်မယ်လို့တော့ ဘယ်ထင်မိပါ့မလဲလေ။ ကျွန်မကိုယ်ကျွန်မ အရှုံးပေးခဲ့ရတယ်။ ဆိုးဆိုးဝါးဝါး အရှုံးပေးခဲ့ရတယ်။ ကျွန်မရဲ့ ဖြစ်တည်မှုတိုင်း၊ ရှိရှိသမျှ ဆဲလ်တိုင်းက ဂတ်စ် ဆုံးပါးသွားတဲ့အချိန် ကျွန်မက မြေကြီးထဲ အရိုးဆွေးနေလောက်ပြီလို့ ယုံကြည်ထားခဲ့တာကလား။


အခုလောက်ရှိရင် ကမ္ဘာလောကကြီးက အသက်ရှင်လျှက် အောက်စီဂျင်အိုးလေး သယ်ထားရပြီး ကုတင်ပေါ်မှာ ထိုင်နေရင်း ဂတ်စ်နဲ့ကျွန်မကြား အပြန်အလှန်ပို့ထားတဲ့ မက်ဆေ့ချ်လေးတွေကို ပြန်ဖတ်နေတဲ့ ကျွန်မကို ကြည့်ရင်း ခွက်ထိုးခွက်လန် ရယ်နေလောက်ရောပေါ့။ ရောဂါအရှင်း ပျောက်သွားတဲ့သူက အသက်ရှုရပ်သွားချိန် အသည်းအသန် နေမကောင်းတဲ့သူက ရှင်ကျန်ရစ်ရလောက်အောင် ကမောက်ကမ ဖြစ်နေတဲ့ လောကကြီးက ဘယ်လောက်ရယ်စရာကောင်းလိုက်သလဲနော်။


ရောဂါနာမည် အတတ်ခံလိုက်ရကတည်းက ကင်ဆာကင်းစင် ပြုံးပျော်ရွှင်ဆိုတဲ့ဘဝမျိုးကို ကျွန်မ မေ့ထားခဲ့တာပါ။ အမြစ်ပြတ်ဖို့ဆိုတာ လွယ်မှ မလွယ်တာပဲလေ။ ထိန်းထားနိုင်မယ်၊ ကင်ဆာရောဂါကို နှေးကွေးသွားအောင် လုပ်နိုင်မယ်။ ဒါပေမဲ့ အဲဒီရောဂါက ပြန်နိုးလာနိုင်သလို ဘယ်တော့မှလည်း ပျောက်ကင်းအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။ မဟုတ်လည်း သူနဲ့အတူတူ မြေကြီးအောက် ဆွဲချသွားချင် သွားမှာပေါ့။


သြဂစ္စတပ်စ် - အိုခေနော်။ ကျွန်မ - အိုခေ။


ကျွန်မက အဲဒီမက်ဆေ့ချ်တွေကို ခဏလောက် ငေးကြည့်နေမိတယ်။ သေချာတာက အဲဒီလို အလားတူမက်ဆေ့ချ်ပေါင်း မြောက်မြားစွာ ရှိနေသေးပေမယ့် ကျွန်မရဲ့ဖုန်းပေါ်မှာ ပေါ်နေတဲ့ စကားလုံးလေးတွေကိုပဲ ငေးကြည့်နေမိတယ်။ ခုလောလောဆယ်တော့ မအိုခေဘူးလေ။ ဒါပေမဲ့ အဆင်ပြေပါတယ်။ ကျွန်မတို့နှစ်ယောက်စလုံး အိုခေခဲ့ဖူးတာပါလား။


သူ့ကို ပထမဆုံးအကြိမ် ဆုံခဲ့တဲ့ အဖြစ်၊ အမြဲတမ်း ဆိုတဲ့ အဆုံးအစမဲ့ခြင်း စကားလုံးကို အိုင်းဆက်နဲ့ သူ့ချစ်သူ ကောင်မလေး မိုနီကာတို့ တစ်ယောက်နဲ့တစ်ယောက် မက်ဆေ့ချ်ပို့တဲ့အထဲမှာ မရေမတွက်နိုင်အောင် အပြန်အလှန် ပြောခဲ့တာတွေ ဟာသလုပ်ခဲ့မိတဲ့အဖြစ်တွေကို ပြန်တွေးမိတော့ ကျွန်မ ပြုံးမိတယ်။ သူများကိုရယ်ခဲ့မိပေမယ့် ကျွန်မတို့လည်း ဘာထူးသေးလဲ။ အိုခေကို ဒီနည်းနှင်နှင် သုံးခဲ့မိတာပဲလေ။ အဲဒီတုန်းက သြဂစ္စတပ်စ်ကရော ဘာတွေဆက်ဖြစ်လာမလဲ သိနှင့်ခဲ့လေမလားလို့ ကျွန်မစိတ်ထဲ တွေးနေမိတယ်။


တနည်းနည်းနဲ့တော့ ကျွန်မရဲ့စိတ်ထဲမှာ သူသိနေတယ်လို့ ခံစားမိနေပါတယ်။

နက္ခတ်မှားတဲ့ချစ်ခြင်း (နောက်ဆက်တွဲ)Where stories live. Discover now