Unicode
ရှောင်းသခင်ကြီးသည် စံအိမ်တော်၏အောက်ဆုံးထပ်ရှိ အလုပ်ခန်းထဲတွင် ပထမသခင်လေး ရှောင်းကျိုးရန်နှင့်အတူရှိနေတာဖြစ်ပြီး လက်ထဲ၌ laptop ကိုယ်စီဖြင့်အလုပ်ရှုပ်နေကြသည်။ ထိုအခိုက်တွင် အိမ်တော်ထိန်းကြီးသည် စံအိမ်ခြံဝန်းမှ အစောင့်များမှ သတင်းပို့လာ၍ အိမ်တော်သခင်ကြီးဆီသို့ အမြန်လျှောက်တင်ရန် ထွက်လာခဲ့သည်။ အိမ်တော်ထိန်းကြီးသည် သခင်ကြီး၏ အရှေ့သို့ရောက်သောအခါ ကိုယ်အရှိန်သတ်လိုက်ပြီး ရပ်လိုက်လေသည်။
"သခင်ကြီး စံအိမ်ခြံဝန်းကအစောင့်တွေက သတင်းပို့လာပါတယ်။ စံအိမ်ရဲ့အရှေ့မှာ ကလေးတစ်ယောက်မေ့လဲနေတာတွေ့လို့ အစောင့်တစ်ယောက်က သွားကြည့်လိုက်တာ အဲ့ကလေးရဲ့လက်ထဲမှာ ဒီစာရွက်လေးကို ရှာတွေ့ခဲ့ပါတယ်။ "
အိမ်တော်ထိန်းကြီး၏လက်ဆီမှကမ်းလာသော စာရွက်လေးအား ရှောင်းကျိုးယွီ( ရှောင်းသခင်ကြီး) သည် ယူလိုက်ပြီး ဖွင့်၍ ဖတ်လိုက်လေသည်။ ရှောင်းကျိုးယွီသည် အထဲပါစာများအားဖတ်ပြီးသည့်နောက်တွင် မျက်နှာတွင်အံ့သြသည့် အရိပ်တစ်ချို့ ဖြတ်ပြေးသွားလေသည်။
"ရှောင်းပိုင် အဲ့ကလေးကို အိမ်တော်ထဲခေါ်လာခဲ့။ ကလေးရဲ့အခြေအနေကို စစ်ဆေးပြီး မိသားစုဆရာဝန်ခေါ်သင့်ရင် ခေါ်လိုက်။ သူ့ကိုအမြန်ဆုံးသတိရလာအောင်လုပ်၊ပြီးရင် သူသတိရလာတဲ့အခါကျ ပင်မစံအိမ်ကို ချက်ချင်းအကြောင်းကြား။ အခု ဧည့်ဆောင်မှာ သူ့ကို နားခိုင်းထားလိုက်"
" ဟုတ်ကဲ့၊ ကျွန်တော်အခုပဲ သွားလုပ်လိုက်ပါမယ်"
" အင်း၊ သွားတော့"
" ကျိုးရန်.. အားကျန့် နဲ့ အားဝေကို မနက်ဖြန် အားအောင်လုပ်ထားဖို့ ပြောလိုက်၊ သားရောပါတယ်။ မနက်ဖြန် ပါပါး သားတို့နဲ့မိတ်ဆက်ပေးရမယ့်လူရှိတယ်"
" ဟုတ် ပါး"
ကျိုးရန်သည် ရှောင်းသခင်ကြီး၏စကားအား နာခံသည့်အမူအရာအချို့အားပြလိုက်ပြီးနောက်တွင် သူ့အလုပ်ကိုသာ ဆက်၍လုပ်နေလေသည်။ လက်ထဲမှ စာရွက်လေးသည် ရှောင်းသခင်ကြီးအား အတွေးပြန့်နှံ့စေသည်။ ဝမ်သခင်မသည် သူမ၏သားကို ရှောင်းအိမ်တော်သို့ ပို့လိုက်သည့်နည်းက ဒီလိုမျိုးလား။ ဘယ်လိုပုံစံဖြင့် ဒီကလေးကိုပို့လိုက်လဲမသိရပေမယ့် သူဒီစာကို ရတဲ့အချိန်တွင် ဝမ်အမျိုးသမီးသည် ဤလူ့လောကတွင်မရှိတော့ကြောင်းရေးထားလေသည်။
YOU ARE READING
Love In The Midst Of Conflict
Actionyizhan fanfiction ဖြစ်ပါသည်။အရေးအသားများကိုကူးယူဖော်ပြခြင်းလုံးဝခွင့်မပြုပါ။စာရေးသူအား respect ထားသောအားဖြင့် ကူညီပါ။