20

536 70 11
                                    

unicode

အိမ်နဲ့နီးလာလေ ချန်းယောလ် ရင်ခုန်လာလေ ဖြစ်သည်

အိမ်ရှေ့မှာ ရပ်စောင့်နေတဲ့ပုံရိပ်နှစ်ခုသည် အိမ်နားနီးကပ်လာလေ ပို၍ပီပြင်လာလေဖြစ်သည်

ကားရပ်လိုက်သည်နှင့် TVမှာသာမြင်ဖူးတဲ့ သူတို့ပညာရေးဌာန၏အကြီးအကဲကို မြင်လိုက်ရတာကြောင့်
ဘယ်လိုပဲ စိတ်ကိုပြင်ဆင်ထားပါစေ ချန်းယောလ် မူပျက်လာသည်။

"ဘာမှ ကြောက်မနေနဲ့"

အေးပေါ့ သူရဲ့အဖေနဲ့အမေပဲ
ပြောအားရှိမှာပေါ့

ချန်းယောလ်စိတ်ထဲက ခိုးတွေးလိုက်သည်
အပြင်မှာတော့ ပါးစပ်ကရော မျက်နှာမှာပါ မပေါ်စေရ
ကားရပ်တော့ ကားနောက်က လက်ဆောင်တွေထုတ်လိုက်သည်။

အစားအစာတွေနဲ့အသီးအနှံ‌တွေကို ချန်းယောလ်ကိုယ်တိုင်
သယ်လာတော့ ဘတ်ဟျွန်းအမေမှ အိမ်အကူတွေကို သယ်ခိုင်းလိုက်သည်

ချန်းယောလ်သည် လက်ဆောင်တွေကို လက်လွှဲပေးပြီးသည်အထိ
ဘတ်ဟျွန်းမိဘတွေနှင့် အကြည့်မဆုံရသေး

လူကြောက်တတ်သည်ဟုထင်သွားမည်လည်း စိုးရိမ်တာကြောင့်
နှစ်ယောက်လုံးကို ကြည့်ပြီး ပြုံးပြလိုက်သည်။

"အသီး‌တွေ လတ်ဆတ်လိုက်တာ
ကျေးဇူးတင်ပါတယ်
လာလေ  အထဲကိုဝင်ကြ"

သူ့ကို မလိုလားသည်လည်း မဟုတ် သဘောကျသည့်ပုံလည်း
မဟုတ်တာကြောင့်
ချန်းယောလ် သတိကပ်ကာ ဝင်လိုက်သည်

အိမ်ထဲဝင်လိုက်သည်နှင့် ဆွတ်ဆွတ်ဖြူနေသော နံရံတွေနဲဲ့
ဧည့်ခန်းတွင် ချိတ်ဆွဲထားသော
မီးဆိုင်းကြီးများက ခမ်းနားမှုကို ပိုပြီးပေါ်လွင်စေသည်။

"ထိုင်ပါ"

ဘတ်ဟျွန်းဘေးကို ညွှန်ပြရင်း ထိုင်ခိုင်းသည်ဖြစ်တာကြောင့်
ချန်းယောလ် ဂရုတစိုက်လေး ထိုင်လိုက်သည်

"ဒါ ကျွန်တော့်ကောင်လေး ပတ်ချန်းယောလ်"

ချန်းယောလ် ထိုင်နေရင်း ထခုန်မိမတတ်ဖြစ်သွားရကာ
ဘေးက စာအုပ်ကြီးဗီဇပြလာသော ချစ်ရသူကို စောင်းငဲ့ကာကြည့်လိုက်သည်

ကျွန်တော့်ရဲ့ ချစ်ရပါသော စာအုပ်ကြီးWhere stories live. Discover now