အပိုင်း ၂၆

2.1K 122 5
                                    

           '' အန် အန်တီ​ဆရာမရေ လုပ်ပါအုံး ယွန်းမြတ်ဝတီ အသည်းအသန်ရှာနေတဲ့ အကောင့်က တီချယ်လဲ့ရဲ့ အကောင့်တဲ့ ''

'' ဘယ်လို ဘယ်လို ယွန်းအမြဲကြွေးကြော်နေတဲ့ သူက လဲ့ လား ကံတရားရယ် ထူးဆန်းပါဘိကွယ်''

   ''ဘယ်လိုလုပ်ကြမလဲ အန်တီဆရာမ အဲ့ကောင်က နောက်ဆုတ်မဲ့ကောင်တော့ မဟုတ်ဘူးရယ် ပူတူးသိတယ် ဇွဲအရမ်းကြီးတာ တစ်ခုခုဖြစ်မှာ စိုးရိမ်တယ်''

''စိက်မပူပါနဲ့ကွယ် ဒီလိုပဲ တီးခေါက်ကြည့်ပါမယ် လဲ့ရဲ့အသက်လည်း ငယ်တော့တာမှ မဟုတ်ပဲကွယ် ဒီအချိန်ထိတော့ မိဘတွေက လိုက်မတားဆီးလောက်တော့ပါဘူး အန်တီသိတာကတော့လေ လဲ့က အရင်ကထက်တောင် ပိုပြီး စကားနည်းသွားသေးတယ်''

''အွန်း အကြောင်းစုံသာ ယွန်းမြတ်ဝတီသိသွားရင် ဘာပြောလောက်မလဲ ပူတူးအပေါ်ကို စိက်များခုသွားမလား''

''အို ယွန်းက နားလည်လွယ်တဲ့ကလေးတစ်ယောက်ပါ သွား အိမ်ရှေ့မှာ ရှိတယ်မလား ခေါ်ချေကွယ် အန်တီမေးကြည့်ပေးမယ်''

''ဖြစ်ပါ့မလား ချက်ခြင်းကို''

''ရော ခက်ရော ပူတူးကလေးရယ် ဘယ်အရာပဲဖြစ်ဖြစ်စိက်ထဲ မတင်မကျဖြစ်နေရင်တော့ ချက်ခြင်းဖြေရှင်းလိုက်တာ အကောင်းဆုံးပဲကွယ် သွားသွား သွားခေါ်ချေ''

''ဟုတ်''

အဲ့လိုသာ ချက်ခြင်းမပြောပဲ နောက်မှသိရင် ပိုပြီး အထင်လွဲစရာတွေ မျက်နှာပူစရာတွေဖြစ်မှာ အသေအချာပဲ တွေးကြည့်သလောက်ကတော့ဒီကိစ္စက အဆိုးကြီးထဲတော့ မပါပါဘူး အရာရာကို အစိုးရိမ်လွန်နေတဲ့ ပူတူးကလေးနဲ့တော့ ခက်ပါတယ်။

အန်တီဆရာမက သွားခေါ်ချေ ဆိုလို့သာ ခေါ်ရတာ စိက်ထဲတော့ အရမ်းစိုးရိမ်မိတယ် ဒါပေမဲ့လည်း ကိုယ်နဲ့ မပက်သက်တာဖြင့် နှစ်တွေအတော်ကြာပြီကို ကိုယ့်မှာလည်း လက်ရှိ တန်ဖိုးထားရတဲ့ မူပိုင်တစ်ယောက်လုံးရှိပြီးသားမို့ အနည်းတော့ စိက်သက်သာရ ရပေတယ်။ အိမ်ရှေ့ရောက်တော့ ရေအိုးထဲက ရေအေးအေးလေးသာ အရင်သောက်လိုက်မိတယ် ပြီးမှ ယွန်းမြတ်ဝတီကို ခေါ်နိုင်ခြင်းပင်..

ပန်ပေးပါရစေနှင်းဆီနီနီ သို့မဟုတ် အန်တီဆရာမ(Complete) حيث تعيش القصص. اكتشف الآن