'ချစ်ပါရစေတေ့ာကွယ်' အခန်း ၂၂
နွေဦးရဲ့ ရာသီဥတုဟာ ပူငွေ့ငွေ့
ကံ့ကော်တွေ ဖူးပွင့်နေတာမြင်တေ့ာ
နောက်လအနည်းငယ်ဆိုရင်သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်း
သုံးနှစ်ပြည့်ပါပြီ သုံးနှစ် သုံးမိုဆိုတာ
တစ်ယောက်အချစ်ကို တစ်ယောက်က ယုံကြည်ဖို့
လုံလောက်တဲ့အချိန်မဟုတ် လား.....ကိုယ့်ကိုယ် ယုံပြီး လိုက်ခဲ့ဖို့ မမဆန္ဒရှိပါစေ.....
သင်တန်းကို သဇင်တစ်ယောက်တည်း
ထိန်းဖို့အဆင်မပြေတာနဲ့ အချိန်ပိုင်း ဆရာတစ်ယောက်ကူညီပေးဖို့ ဆရာ့ဆီအကူအညီတောင်းတေ့ာ အဆင်ပြေသွားသည်အစကတေ့ာ မိန်းမသွားခိုးမှာ မို့ သဇင်က သူ့ကို မကြည်ပေ
နောက်တေ့ာ သူရကားကို ပါ ခန ချောဆွဲလာခဲ့ရသည်
တကယ့်တကယ်ကြုံလာတေ့ာ သူမ မနေနိုင်
သူရကိုပါ ကားမောင်းပြီးလိုက်ပို့ဟုဆိုကာ အတင်းထည့်လိုက်သည် ကိုယ့်ဘာသာသွားပါမယ်ပြောတာလည်း လက်မခံသူရက မမကိုဖွင့်ပြောခဲ့ဖူးပြီး သဇင်က မမကိုမကြိုက်ဖို့
ကိုယ့်ကိုယ်တားခဲ့သူနှစ်ယောက်က
ကိုယ်တို့ကို ပြန်ကူညီသတဲ့ဂွကျလှပါသည်။
လမ်းမှာ မနားတမ်းမောင်းလာခဲ့လိုက်တာ
မမတို့မြို့ကို နေ့ နှစ်နာရီတွင် ရောက်လေ၏သံချောင်းဆီက ကြားရတဲ့ စကားအရ စာမေးပွဲပြီး၍
ကိုလတ်မြို့ပေါ်မှာရှိသေးသည် သူ့အခြေအနေ စောင့်ရမှာမို့
စိတ်ရှည်လက်ရှည် စောင့်ဖို့ မှာလေသည်မြို့ကကျဉ်းကျဉ်းလေး ဟိုက ခင်ဗျားကိုတွေ့သွားရင် ဝေးပြီသာမှတ် အဲ့ခါမှ လာငိုမပြနဲ့ကားထဲမှာပဲ စောင့် ဟု သူ့ကို ဖုန်းနဲ့
လှမ်းငေါက်ခဲ့သေးသည်။"နင် ပျင်းရင် ဟိုနားသည်နား လျှောက်ကြည့်လေ
မြို့က သိပ်မကြီးဘူး မြို့မဈေး ပတ်ခဲ့ပေါ့
အပြန် ငါစားဖို့လည်း ဝယ်ခဲ့''အေး ကားထဲမှာ ထိုင်နေရတာ အတော်ညောင်းနေပြီ'
ဘယ်အချိန်ကတည်းကသွားချင်နေသည် မသိသူ ပြောလိုက်တာနဲ့ ချက်ချင်း ကားတံခါးဖွင့်ကာ ဆင်းသွားတေ့ာသည်။