'ချစ်ပါရစေတေ့ာကွယ်'____အခန်း ၂၃
စာမေးပွဲပြီး၍ လွတ်လပ်သွားပြီဆိုတဲ့ ခံစားချက်နဲ့ခရီးထွက်ရတာ ပျော်စရာအတိပါပဲ
တခါတရံ မမကို သတိရမိတဲ့အချိန်မှာတေ့ာ
စိတ်ထဲတထင့်ထင့်ဖြူလဲ့ ရဲ့ ကင်မရာ လေးကို သူ့လည်ပင်းတွင် ဆွဲထားရတာကိုက သူ့အတွက် ဘာနဲ့မှ မလဲနိုင်တဲ့ ပျော်ရွှင်မှု ပင်
အပြန်ခရီးမှာလည်း သီချင်းတွေ ဆိုကြ စကားနိုင်လုကြ
သူတို့သူငယ်ချင်းတွေမှာ အပူအပင် မရှိ ပကတိအေးချမ်းလျက်ရှိနေသည်သူ့မှာသာ ဖြူလဲ့နဲ့ ခွဲရမည့် အရေး ကြိုဆွေးနေရ၏လူတိုင်း
ချစ်မိရင် ချစ်သူအနား မှ မခွါချင်ကြတေ့ာ
ဘူး ထင်ပါရဲ့
သူ....အချစ်ကို နားလည်နေပြီလား.....သူတို့မြို့လေးကိုရောက်တေ့ာ ဈေးထိပ်မှာ လှည်းကြုံစောင့်ရတဲ့အချိန်မှာ ချစ်သူမျက်နှာကို တဝငေးနေမိသည်
သူ့ရင်ကို မီးနဲ့ဟပ်သလို ပူနေပါတယ်ဆို ပိုတယ်ဆိုကြမလားမဝေးချင်ဘူး အချစ်ရယ်....
'မျက်နှာကြီးကိုလည်း နည်းနည်းပြင်ပါဦး ကိုယ်တော်ရဲ့
တကတည်း ရွာချင်းနီးနီးလေး ကို'သူမ သူ့အနားကပ်ကာ တိုးတိုးကလေးလာပြော၏
ဖြူက သူ့လိုမခံစားရဘူးလားလို့ တွေးမိတေ့ာ
ရင်ထဲမှာ ပြည့်ကြပ်နေတဲ့ ခံစားချက်က လည်ချောင်းဝ
ရောက်လာ သလိုလို'ဒါဆို ချိန်းရင် လာရမယ် နော် '
'စိတ်ချပါ မောင်ရယ် သိပ်ပိုတာပဲ'
'ပိုရတာပေါ့ ဖြူရဲ့ မောင်က အခုမှ ချစ်ဖူးတာ '
'အက်မယ် ဖြူလည်း ခုမှ ချစ်ဖူးတာပါ နော် '
'အောင်မှာ မင်းတို့က ဒီမှာ အကြည်ဆိုက်နေတယ်ပေါ့
'ရွာက လှည်းတစ်စီး တွေ့တယ် သုံးယောက်လုံးတေ့ာ
မတင်နိုင်ဘူးတဲ့''အဲ့ဒါ ဖြူလဲ့
လိုက်သွားမလား ငါတို့ စောင့်ဦးမယ် ''အဲ့လိုလုပ်တာပေါ့ မိုးချူပ်လွန်းရင် မကောင်းဘူး လိုက်သွားလိုက်မယ်နော် '
သူ့ကို အသိပေးသလိုပြောကာ လှစ်ကနဲထွက်သွားသည့်
ချစ်ရသူ နောက်ကျောကိုကြည့်ရင်း သူ ရပ်ကျန်ခဲ့ရသည်...။