Music For You🎵
၈နာရီခွဲပင် ကျော်နေလေပြီမို့ ကျောင်းသွားရန် ကျောပိုးအိတ်လေးကောက်လွယ်ကာ စမ်းသပ်ချက်အချို့၏ Fileတွဲများကို ကပြာကယာ ကောက်ယူခဲ့ကာ အိမ်အောက်သို့အပြေးဆင်းခဲ့ရတော့သည်.....
"ဖေဖေ နဲ့မေမေ ကျွန်တော် ကျောင်းသွားတော့မယ်နော် "
ဧည့်ခန်းထဲတွင် စကားပြောနေကြသည့် ဖေဖေနှင့် မေမေကို ပြာပြာသလဲ သာ နှုတ်ဆက်ခဲ့ပြီး ဟိုလူကိုတော့ နိုးကတည်းကအရိပ်အယောင်ပင် မတွေ့ရသဖြင့် နှုတ်မဆက်ခဲ့ရပေ....
"ဒီမှာ လာထိုင် ရှိုင်း"
နောက်ခန်းတံခါးကို ဆွဲဖွင့်ရင်း ကြားလိုက်ရသည့် အသံကြောင့် ကားရှေ့ခန်းကိုကြည့်လိုက်မိတော့ Driver ဟိန်းစိုးမဟုတ် အိမ်ကကိုယ်တော် ဖြစ်နေ၏..
ပြာပြာသလဲ လာခဲ့သည်မို့ ကားထဲတွင် မည်သူမည်၀ါ ထိုင်နေမှန်းသတိမထားမိခဲ့ပေ...
"ဟုတ်..ကဲ့"
ဒီနေ့တော့ ခံစားချက်က နွေးသက်နေ၏...
ကားမောင်းနေသည့် တဖက်လူ၏ မျက်နှာကို တချက်ကြည့်မိတော့ တွန့်ချိုးထားသည့် မျက်ခုံးတန်းတို့က တခုခုကို အလိုမကျဟန်ပင်...ရုတ်တရက် ဘရိတ်ဆောင့်အုပ်ခြင်း ခံလိုက်ရသောကြောင့် လူက အနည်းငယ်ဟန်ချက်ပျက်သွားပေမယ့် ခါးပတ် ပတ်ထားသည်မို့ ဘာမှတော့မဖြစ် အနည်းငယ်တော့ လန့်မိသွား၏..ကားရှေ့ကို ကြည့်လိုက်မိတော့ ဓါတ်တိုင်တခုကို ဝင်တိုက်မိသည့် အနေအထားမျိုးတွင် ဖြစ်နေသည်....
ဘေးနားကလူကို ကြည့်လိုက်တော့ မျက်လုံးနှစ်ဖက်ကို ခပ်တင်းတင်း မှိတ်ထားကာ ဖြူလျော့နေသော နှုတ်ခမ်းသားတို့က တင်းတင်းစေ့ထားလျက်ပင် သူရဲ့မူလ ပုံစံအတိုင်း မာန်မလျှော့သည့် မျက်နှာထားတို့က ပုံမှန်လူဆို ကြောက်ဒူးတုန်နေလောက်ပြီ..မိမိကတော့ ထိုအချင်းအရာထက် ပိုကြောက်ဖို့ကောင်းသည့် ပုံသဏ္ဍာန်မျိုးကိုပါ ကြုံဖူးသူမို့ ဤမျှလောက်တော့ စာမဖွဲ့ . . .
"ဘာဖြစ်လို့လဲ ဟင်"
" ရုတ်တရက် ခေါင်းနည်းနည်းလေး မူးသွားလို့"
YOU ARE READING
နားခိုရာမှားတဲ့ လိပ်ပြာငယ်
Paranormalစာရေးသူ၏စိတ်ကူးသက်သက် ဖန်တီးထားတာဖြစ်လို့ အပြင်လောကနှင့် အချိုးမကျနိုင်ပါ