အပိုင်း - ၁၄၄ ( ခမ်းနားထည်ဝါသော ထိမ်းမြားမင်္ဂလာပွဲ - ၂ )( ဒီကိစ္စကို သေချာစဉ်းစားချေ )
များပြားလှစွာသော လုအုပ်ကြီးမှာ ဝမ်းစံအိမ်အပြင်ဘက်၌ စုဝေးရောက်ရှိေနကာ ပျော်ရွှင်ရင်ခုန်စရာများကြည့်ရန် လာရောက်စောင့်ဆိုင်းနေကြသည်။ မင်္ဂလာချိန်ခါရောက်ရန် လိုနေသေးသည်မို့ မုရှင်းချန်းလည်း အိမ်တော်ထိန်းကို ခေါ်ကာ လက်ဖက်ရည်၊ ဖရဲစေ့လှော်နှင့်၊ အချိုပွဲတို့ဖြင့် ဧည့်သည်များအား သွားရောက်ဧည့်ခံပေးပါရန် မှာကြားလိုက်၏။ သို့သော် အပြင်ဘက်မရောက်ခင်မှာတင် လမ်းထောင့်တစ်နေရာမှ ဆူညံသံများ ဟိန်းထွက်လာသည်။
"လာပြီဟေ့!!!! အမတ်မင်းဝမ်းတို့ လာပြီ!!!!"
လာပြီ?
မုချင်းရှန်းမှာ အံ့ဩသွားသည်။ သတ်မှတ်ထားသောအချိန်မရောက်သေးဘဲ ဘာကြောင့်များ အစောကြီး ရောက်လာနှင့်ပါသနည်း။
ကျောက်ယွဲ့က စီးတော်မြင်းအား အမြန်စီးနင်းရောက်ချလာကာ လမ်းတစ်လျှောက်တွင် ဖုန်အလိမ်းလိမ်းထလျက် ကျန်ရစ်စေခဲ့၏။
"ဝေါင်း!!!!"
လူထုပရိသတ်မှာ အံ့ဩသွားကြ၏။
ဒါက လက်ထပ်ပွဲလား၊ လူလာခိုးမလို့လားဟင်။
ဝမ်းစံအိမ်သို့ ရောက်သည်နှင့် ကျောက်ယွဲ့လည်း မြင်းဇက်ကြိုးကို ချည်လိုက်ကာ ဝမ်းလျိုနျဲန်အား ချီပြီး အောက်သို့ ချပေးလိုက်သည်။
"ကျလိ!!!!"
အမွေးလုံးလေးမှာ လွန်စွာမှ ကျေနပ်အားရနေ၏။
ပျံသန်းရသလိုဖြစ်တဲ့ ဒီခံစားချက်လေးက သိပ်မိုက်တာပဲ !!!!!
"အယ် ၊ ဘာကြောင်ကြည့်နေတာလဲ။ ဗျောက်အိုးဖောက်ကြတော့လေ"
မုချင်းရှန်းပြောမှ အိမ်တော်ထိန်းမှာ ပျာပျာသလဲဖြစ်သွားရာ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွား၏။ ထိုခါမှ အစေခံများသည်လည်း သတိပြန်ဝင်လာကာ ဗျောက်အိုးများဖောက်လိုက်ပြီး မင်္ဂလာမောင်နှံအား ကြိုဆိုလိုက်ကြသည်။ ဆူညံနေသော ေဗျာက်အိုးသံကြား မုချင်းရှန်းမှာ နားရွက်နှစ်ဖက်ပိတ်ထားလျက် အကျယ်ကြီးအော်မေးနေရ၏။
YOU ARE READING
ဓားပြဗိုလ်အား သိမ်းပိုက်ခြင်း [ Completed ]
Romanceတာ့ချူရဲ့ အတော်ဆုံးလူငယ်အမတ်မင်းတဖြစ်လဲ အစားပုပ် Food blogger ရဲ့ ဓားပြဖမ်းဗျူဟာ။ ပေါက်စီတစ်လုံးကနေ စတင်ခဲ့ပြီး ဆန်းပြားသစ်လွင်တဲ့ နည်းတွေနဲ့ မစားရအညှော်ခံ ဓားပြမဟုတ်တဲ့ ဓားပြဗိုလ်ကိုကို,ကို ဘယ်လို အပီချုပ်ခဲ့သလဲဆိုတာ .... Shared universe with ဧကရာ...