Make me yours!

616 45 3
                                    

မင်ဟို အခန်းထဲကို ဝင်လာသံကြားမှ ခေါင်းချင်းဆိုင်ရာက‌နေ ခပ်တည်တည်နဲ့ စာပြန်ကျက်နေကြတဲ့ သုံးယောက်သား။ ဒီကလေးတွေကတော့ ဘယ်အကွက်တွေ လာနင်းနေတာလဲ ။ ဘယ်သူက မသိမှာမို့လဲ။

" ဘာတွေ ခေါင်းချင်းဆိုင် ဆွေးနွေးနေကြတာလဲ ငါ့ကိုလဲပြောပြလေ မင်းတို့ချည်းပဲ ပြောမနေကြနဲ့ "

ထိုသို့ သူရွဲ့ပြောလိုက်တော့ ဇက်ကလေးတွေပုပြီး အချင်းချင်း လက်တို့နေကြသေးသည်။

" ဘာမှမဟုတ်ပါဘူး ကိုကြီးရာ
ဒီကောင် ဟျွန်းဂျင်ကို တက္ကသိုလ်က အစ်မကြီးက ရည်းစားစကား လာပြောတဲ့အကြောင်းပြောနေတာ"

သူမေးတော့ အိမ်ကအငယ်ကောင်ဆွန်းမင်က စကားပေါသူပီပီ ဖရီး ဖောက်သည်ချတော့သည်။

" အဲ အစ်မကြီးက တော်တော်လှတာဗျာ ဒီကောင့်ကို ကြိုက်လို့သာပေါ့ သားကိုသာ လာကြိုက်ရင် ပြန်ကြိုက်လိုက်မှာ"

" ငါထုလိုက်ရ! လူလေးက လက်တောက်လောက်နဲ့ ရည်းစားသဏာ အကြောင်းကပြောနေပြီ"

" ကျွန်တော်တို့အသက်က ၁၅ နှစ်ပဲပြည့်ပြီးနေပြီလေ ဘယ်နားက လက်တောက်လောက်လဲ အတန်းထဲက တခြားသူငယ်ချင်းတွေဆို ရည်းစားကိုယ်စီနဲ့ "

အလိုမကျတဲ့အသံနဲ့ မျက်စောင်းတခဲခဲ ပြောနေတဲ့ ရှေ့ကကောင်လေးကို သူ ကြည့်လိုက်တယ်။
နာမည်က ဟျွန်းဂျင်တဲ့။ အရင်ဘဝက ဘယ်နိုင်ငံကို ကယ်တင်ခဲ့တဲ့ သူရဲကောင်းလေး ဖြစ်ခဲ့လဲမသိပေမယ့် ဒီဘဝမှာတော့ မတောင်းဘဲပြည့်တဲ့ဆုတွေနဲ့တင် ပြည့်စုံလွန်းနေတဲ့ လူသားလေး။ မင်ဟို့ ဘဝမှာ ဒီကောင်လေးလောက် ပြီးပြည့်စုံတဲ့ သူကို အခုချိန်ထိ တစ်ခါမှမမြင်ဖူးဘူးဆိုရင် အပိုပြောနေတာမဟုတ်ဘဲ အမှန်သာဖြစ်သည်။

ကလေး‌တွေလို နူးညံ့နေတဲ့ အသားအရည်၊ မျက်ရစ်မပါပေမယ့် ထူးထူးခြားခြား ဆွဲဆောင်မှုရှိနေတဲ့ မျက်လုံးလေးတွေ ၊ ဆေးမကူဘဲ နီရဲနေတဲ့ နှုတ်ခမ်းထူထူတွေကပဲ ဒီကောင်လေးကို အလှပေါ် အလှတိုးစေသည်ထင်။ ဒါတွေကြောင့်ပဲ ဒီအထက်တန်းကျောင်းသားလေးရဲ့ ဂုဏ်သတင်းက မင်ဟိုတို့လို တက္ကသိုလ်ထိ မွှေးပျံ့နေတာ။

𝗺𝗮𝗸𝗲 𝗺𝗲 𝘆𝗼𝘂𝗿𝘀!Where stories live. Discover now