အပိုင်း -၁၄၆ ( ဘာကြောင့် ဒီလောက်ထိ စိတ်ချနေတာလဲ )(အမတ်မင်းဝမ်း ကြံရာမရဖြစ်ပြီ)
"ဘာတဲ့လဲ"
ကျောက်ယွဲ့က သူ့အား အိပ်ခန်းထဲ၌ ထိုင်ေစာင့်နေ၏။
ဝမ်းလျိုနျဲန်ကမူ မျက်မှောင်ကြုတ်လျက်သား။
"သွမ့်ပိုင်ယွဲ့က အရှေ့ပင်လယ်ဘက် သူ့တပ်ဖွဲ့ကို စေလွှတ်လိုက်တယ်"
"သွမ့်ပိုင်ယွဲ့? ရှီးနန်ဝမ်?"
ကျောက်ယွဲ့သည်ပင် အနည်းငယ်အံ့ဩသွား၏။
"ကိုယ် မြောင်ကျန်းမှာနေတုန်းကတောင် သူ့ကို တာ့ချူအပေါ် ရန်ပြုမယ့်အန္တရာယ်လို့ တစ်ခါမှ မခံစားရဖူးဘူး "
"အားလုံးလည်း အဲ့လိုထင်နေကြမှာပဲ။ တကယ်လို့ သူသာအတိုက်အခံ တကယ်လုပ်ချင်ရင် ရှီးနန်ဘက်က လူရိုင်းမျိုးနွယ်တွေကို ချေမှုန်းရှင်းလင်းမယ့်အစား သူကပဲ တစ်ဖွဲ့ပြီးတစ်ဖွဲ့ လိုက်စုရုံးပြီး ပုန်ကန်ေနလောက်ပြီပေါ့"
"ဧကရာဇ်ကရော ဘယ်လိုတွေးသတဲ့လဲ"
ကျောက်ယွဲ့က သူ့အား ရေတစ်ခွက် ငှဲ့ပေးလာ၏။
"ဧကရာဇ်ရဲ့ တုံ့ပြန်ချက်က .... ထူးဆန်းတယ်။ တခြားပြည်နယ်က ကိုယ့်တိုင်းပြည်ထဲ မပြောမဆို ကျူးကျော်ဝင်ရောက်လာတာက ကြီးမားတဲ့ပြဿနာတစ်ခုလို့ ယူဆလို့ရနေနေပြီမလား။ ဒါပေမယ့် ဧကရာဇ်က အတော်လေးတည်ငြိမ်နေတယ်။ လေသံအရတော့ ဒီကိစ္စကို ဥပေက္ခာတောင် ပြုထားချင်သလိူလိုပဲ "
"သွမ့်ဝမ်နဲ့ သဘောတူညီချက်တစ်ခုခု လုပ်ထားလို့များလား"
"တကယ်ကြီးလား?"
"ဟဟ၊ ကိုယ် ဘယ်လိုလုပ်သိမတုန်း။ ဒီတိုင်း ခန့်မှန်းကြည့်တာ"
ကျောက်ယွဲ့က ရယ်မောလိုက်ကာ ဆက်ဆို၏။
"ရှောင်ဝူက ကျွေ့ယင်နန်းကလူ ဆိုပေမယ့် ရှီးနမ်ဝမ်ရဲ့ညီလည်း ဟုတ်တယ်မလား။ ဂိုဏ်းချုပ်ချင်ကို မင်း ဘာလို့ မေးမကြည့်တာလဲ၊ သူ့ဘက်က တစ်ခုခု သိထားချင်သိထားမှာေပါ့"
"ဟုတ်ပြီ၊ ဟုတ်ပြီ"
ဝမ်းလျိုနျဲန်က ချက်ချင်း ထရပ်လိုက်သည်။ ကျောက်ယွဲ့က သူ့ကို လှမ်းဆွဲထားလိုက်၏။