“ ဟိတ်ကောင် ထစမ်း နေရောင်ငါနှိုးနေတယ်နော် အလုပ်ရှိတာမင်းဒီချိန်ထိအိပ်နေလို့မရဘူးကွ ”
ဦးနေရဲဝင်း သည်မနက်ရောက်ရင်သူ့သမီး နေရောင် ကိုနှိုးရတာအလုပ်တစ်လုပ်။အမေမရှိတော့တည်းကဒီ ကလေးကိုမိခင်နေရကရောဖခင်နေရာကပါကြည့်ရှု့စောင့်ရှောက်လာရတာ။လယ်ဆယ့်နှစ်ဧကလောက်ရှိတဲ့သူတို့သားအဖမှာနေ့တိုင်းအလုပ်နဲ့လက်နဲ့ဆိုတာပျက်တယ်လို့မရှိ။အခုလည်းအလုပ်သမားတွေကိုစားစရာသောက်စရာတွေသွားပို့ရမှာကိုမထ။အခန်းတံခါးခေါက်နေရတာကြာတော့လက်ဆစ်တောင်နာလာပြီ။“ ဟာ အဖေကလည်းအစောကြီးရှိသေးတယ် ထမှာပေါ့ ”
နေရောင် အိပ်ယာထဲကနေမျက်နှာကြီးရှုံ့တွပြီး ဦးနေရဲဝင်း ကိုပြန်အော်လိုက်တယ်။ဟုတ်တယ်လေ ညက Wattpad ထဲမှာ Author Rion__99 ရဲ့ရင်နှင့်အမျှ ချစ်ရသည် ကိုဖတ်လိုက်လို့ညနက်သွားပါတယ်ဆို။“ စကားမများနဲ့ နောက်နာရီဝက်အတွင်းမထလို့ကတော့ငါနဲ့အတွေ့ပဲ ”
ဦးနေရဲဝင်း ပြောပြီးဒေါသတကြီးထွက်သွားတယ်။ နေရောင်သည်သူ့အဖေနဲ့တော်တော်များများတူသည်။ရုပ်ရည်ကအစပေါ့
ဦးနေရဲဝင်း သည်အရပ်ရှည်ရှည်နှင့် ခန့်ညားလှသည်။အသက်ငါးဆယ်ကျော်သည်ထိ နုပျိုနေဆဲ။~~~
တစ်နာရီနီးပါးလောက်ကြာတော့ နေရောင်အခန်းထဲကနေထွက်လာတယ်။တစ်ထပ်တိုက်လေးသည်ဆေးအပြာနုရောင်လေးသုတ်ထားသည်။ခြံထဲမှာလည်းပန်းပင်တွေသစ်သီးသစ်ပင်တွေအများအပြားနဲ့ တကယ့်ကိုနေချင်စဖွယ်လေး။
“ နေလေးရယ်မျက်နှာကြီးကလည်းဆူပုတ်နေတာပဲ အိပ်ရေးမဝပြန်ဘူးလား ”
ထမင်းစားပွဲမှာဝင်ထိုင်တည်းမျက်နှာကြီးဆူပုတ်ပြီးရှေ့ကထမင်းကြော်ပန်းကန်ကိုရန်သူသဖွယ်ကြည့်နေတာ။ညကမှပူပူနွေးနွေးဖတ်ခဲ့တဲ့အနီနဲ့တေးကြားကကြည်နူးမှုလေးတွေတောင် ဆူခံရတာကြောင့်နောက်တစ်ခါပြန်ဖတ်ချင်လာပြီ။“ ဟုတ်တယ်လေ အဖေကအစောကြီးနှိုးတာကို တီလေးရ ဟိုမှာကြည့်အုံး ၇နာရီတောင်မခွဲသေးတာကို ”
နံရံကနာရီကိုလက်ညှိုးထိုပြပြီး နေ မကျေနပ်စွာပြောလိုက်တယ်။
အဖွားအိမ်မှာနေသည့်အဖေရဲ့ညီမသည်မနက်စာ၊နေ့လည်စာ၊ညစာကိုလာချက်ပေးသည်။အဟီးဟုတ်တယ်လေ နေမှဘာမှမှမချက်တတ်တာ။