William ပြန်ရောက်လာတဲ့အချိန်မှာ misaki က နိုးနေခဲ့ပြီ။ ဒါပေမဲ့ သူမရဲ့ အခြေအနေက မူမမှန်ဖြစ်နေခဲ့သည်။ misaki နိုးထလာချိန်တွင် ရှုပ်ထွေးစွာ ခေါင်းကိုက်ခဲလျက် ဘာကိုမှ စဉ်းစားလို့မရပေ။
နေမကောင်းသေးသည့်လူကို အိမ်ရာထက် အနားယူရန် ပြန်တင်ပေးလိုက်သည်။ ကံကောင်းစွာဖြင့် အနီးနားရှိ ဆေးခန်းငယ်လေးတွင် အဖျားပျောက်ဆေးတစ်ချို့ ရှာတွေ့ခဲ့သဖြင့် Williamတို့ စောစောပြန်ရောက်လာခြင်းဖြစ်သည်။
ခဏအကြာတွင်တော့ 00 က ရှင်းပြလာ၏။ နတ်ဘုရားကျိန်စာသင့်သူသည် အင်အားကြီးအစွမ်းအစရှိပါက ကျိန်စာပြယ်လုနီးပါးအချိန်၌ ထိုလူ၏မှတ်ဉာဏ်များကို ဖျက်ဆီးခံရတတ်သည်။ သို့မှသာ သူမအပေါ် ဆိုးယုတ်ခဲ့သည့်လူတိုင်းကို ပြန်မတုန့်ပြန်နိုင်မှာ ဖြစ်သည်။
ဆိုတော့ misaki က အခုကစပြီး Zuni သူမအပေါ် ဘယ်လိုရက်စက်ခဲ့လဲ မမှတ်မိတော့ဘူး ဆိုသည့်သဘောပေါ့လေ။ ဒါကြောင့် ခုနက misaki သူ့ကို ကြည့်နေသည့် အကြည့်တွေ ထူးဆန်းနေခဲ့တာဖြစ်သည်။
"သူမမှတ်မိလည်း ကိစ္စမရှိဘူး။ ငါမှတ်မိတယ်" အခြေစိုက်စခန်းဆီသို့ တစ်လရှည်ကြာသော ခရီးသည် misakiကို မည်သို့ပျက်စီးစေခဲ့ပါသလဲ။ ကလေးအရွယ် ငယ်ငယ်လေးကတည်းက မိခင်မရှိချိန်၌ မည်သို့ အနိုင်ကျင့်ခံခဲ့ရပါသလဲ။ သူအကုန် မှတ်ထားမည်။
ညနေစောင်းအချိန်တွင် misaki က ပြန်နိုးကြားလာ၏။ ထိုအချိန်တွင် William က အသီးအနှံတစ်ချို့ဖြင့် အာဟာရပြည့်ဝမည့် စွတ်ပြုတ်ကို ပြုလုပ်နေခဲ့သည်။ ထိုအသီးအနှံများမှာ ရှားရှားပါးပါး မြို့အစွန်အဖျားရှိ စိုက်ခင်း၌ ရှာတွေ့ခဲ့ပြီး သန္ဓေမပြောင်းသေးသဖြင့် သူကောက်ယူခဲ့ခြင်းဖြစ်သည်။ ကမ္ဘာပျက်ကပ်ကာလတွင် သီးပင်စားပင်များပါ အဆိပ်သင့်ကာ ရန်လိုတတ်သည်။ ကမ္ဘာပျက်ကပ်၌ အချိန်ကြာလာလေလေ အရင်ကကဲ့သို့ အရသာရှိသည့် အစားအသောက်များက အိပ်မက်ကဲ့သို့ဖြစ်လာလေလေဖြစ်သည်။
William ၏အချက်အပြုတ်စွမ်းရည်မှာ အမြဲ ကောင်းမွန်ခဲ့သည်။ သူတစ်ယောက်စာအတွက် ကိုယ်တိုင် ချက်ပြုတ်စားသောက်ခဲ့ရသဖြင့် အရမ်းအကောင်းကြီးမဟုတ်လျှင်တောင် လက်ခံနိုင်သော အတိုင်းအတာအတွင်းတွင်ရှိသည်။ ချက်ပြုတ်ရင်း အိမ်ရှင်းနေစဉ် အိတ်တစ်လုံးဖြင့် ထည့်ထားသော အခြောက်အခြမ်း ရိက္ခာများကိုလည်း ရှာတွေ့ခဲ့သေးသည်။ တွေးနေစရာမလိုအောင်ပဲ ဒါက ဒီကမ္ဘာတွင် misaki ၏မိခင်ဖြစ်သူ ထားရစ်ခဲ့သော ရိက္ခာများဖြစ်သည်။ ထိုအမျိုးသမီးကြီးသည် ဘဝတစ်လျှောက် အမှန်ပင် ပင်ပန်းဆင်းရဲခဲ့လေသည်။ misaki လုံးဝအရှင်း နေကောင်းသွားလျှင် သူ ထိုအမျိုးသမီးကြီးကို လိုက်ရှာကာ ဒီတိုက်ခန်းသို့ ပြန်ခေါ်လာရမည်။
STAI LEGGENDO
How to flirt with the final boss 2
Storie d'amoreအသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.