Park(6)

167 16 4
                                    

September 12, 2023 10:30PM

"မောင်!"

"ဗျ"

"မနက်ဖြန် အားလား"

"အာ ဟုတ်သား အဲ့တာကိုမောင်ပြောဖို့ မေ့နေတာ မနက်ဖြန် ‌မအားလောက်ဘူး မနက်ပိုင်းကို အရေးကြီးတဲ့အစည်းအဝေးတစ်ခုရှိလို့ ‌အချစ်ကိုတောင် မနက်ပိုင်းဆေးရုံကိုလိုက်မပို့အားဘူးဖြစ်နေတာနဲ့ အဲ့တာ.."

"အော်...."
စကားမဆုံးခင် တစ်ဖက်ကနေ ထွက်လာတဲ့အသံပိစိလေးကြောင့် ချွဲဆူဘင်းတစ်ယောက် နေမထိ ထိုင်မသာတွေပါဖြစ်ကုန်လေတယ်။
အသက်ကလေးမျက်နှာညှိုးရင်တောင် နေလို့မကောင်းနေတာ အခုကျဖုန်းနဲ့ပြောနေရတာမလို့ မျက်နှာလေးမမြင်ရတောင် အသံလေးတိမ်ဝင်သွားတာကိုကြားရုံနဲ့တင် တစ်ဖက်ကသူ့အသက်ကလေး ဘယ်လောက်တောင်ဝမ်းနည်းသွားမလဲဆိုတာကို စိတ်ကခံစားမိပါသည်။

"အစည်း‌အဝေးက အရေးကြီးတယ်ဆိုပေမဲ့ မောင့်အသက်ကလေးကပိုအရေးကြီးတာပေါ့နော် အဲ့တာကြောင့် အချစ်ကဘာမှစိတ်မကောင်းမဖြစ်နဲ့နော် ခါတိုင်းလိုပဲ မနက်ကိုမောင်လာပို့မှာ ညနေကျလည်းမောင်ပဲလာကြိုမှာနော်"

"မောင်ကမေ့နေတာပဲ"

"ဟင် ဘာကိုလဲ"

"မနက်ဖြန်ဘာနေ့လဲဆိုတာကိုလေ"

"မနက်ဖြန်လား မမေ့ပါဘူးအချစ်ရဲ့ မနက်ဖြန်က 9လပိုင်း13ရက် ဗုဒ္ဓဟူးနေ့လေ"

"ချွဲဆူဘင်း!!!!

"ဗျာ ဗျ"

"တော်ပြီ ထားလိုက်တော့ ဖုန်းချပြီ မနက်ကျလည်းလိုက်ပို့စရာမလိုသလို ညနေကျလည်းလာမကြိုနဲ့ တစ်ပတ်လုံးလည်းလာမတွေ့နဲ့ အဆက်သွယ်လည်းမလုပ်နဲ့ ဖုန်းဆက်တိုက်ခေါ်ရင် ဘလော့ပစ်မယ် အခြားသူဖုန်းနဲ့ခေါ်ရင်လည်း ခေါ်တဲ့သူရဲ့နံပါတ်ကို ဘလော့ပစ်မှာနော် ကြားလား ဒါပဲ!!"

"ဟင် မဟုတ်သေးဘူးလေ ကို..."

ရုတ်တရက်ဆန်စွာ ကောက်ခါငင်ခါကြီးစိတ်ဆိုးသွားတဲ့ အသဲအသက်ကလေးကြောင့် ချွဲဆူဘင်းတစ်ယောက် ဘာမှတောင်ပြန်ချော့ချိန်မရလိုက်ပဲ လက်ထဲကဖုန်းကိုသာ ကြောင်ကြည့်နေမိတော့တယ်။

ရက်ပ်ရွတ်သလို ဆက်တိုက်သူပြောချင်ရာတွေပြောပြီးဖုန်းချသွားတာကြောင့် ရှင်းပြခွင့်လေးတောင်မရလိုက်တဲ့အပြင် နောက်ဆုံးမှာ ရာဇသံပါပေးသွားတာကြောင့် ဖုန်းကိုသာကြောင်ကြည့်ရုံပဲတတ်နိုင်တော့တယ်။

Dr.KokoWhere stories live. Discover now