Dandelion

297 34 7
                                    

ကျွန်တော့်အသက် ၂၅ နှစ်
၁၅ နှစ်အရွယ်မှာ ဟွမ်စံအိမ်ကို ရောက်ခဲ့တယ်
အိမ်တော်မှာနေ့ခဲ့တဲ့ တောက်လျှောက်
ကျွန်တော်လုပ်ခဲ့ရတဲ့တစ်ခုတည်းသော
အလုပ်က  Dandelion ပန်းခင်းကို
ပျိုးထောင်ရတာပဲ

ဟွမ်အိမ်တော်ရဲ့ သခင်လေးဟွမ်ဟျွန်းဂျင်က
Dandelion ပန်းခင်းကို သိပ်နှစ်သက်တယ်တဲ့
သူ အဂ်လန်မှာ ကျောင်းပြီးလို့ ပြန်လာရင်
Dandelion ပန်းခင်းကြီးရှိတဲ့
ကိုရီးယားမှာ အခြေချမယ်လို့ အိမ်ထိန်းက
ပြောဖူးတယ် ဒါပေမယ့် ဒီ‌ကိုရောက်တဲ့
နှစ်ကစပြီး သခင်လေးကို ကျွန်တော်မမြင်ဖူးပါ
သူ့အတွက် ရည်ရွယ်ပြီး စိုက်ထားတဲ့
ကျွန်တော့်ပန်းခင်းကိုလည်း
တစ်ခါမှ လာမကြည့်ဖူးသေးပါ
ဘာလို့ ပြန်မလာတာလဲ လို့တော့
ကျွန်တော် အထွန့်တက်ပြီးမမေးမိ

" မင်ဟို သား စာတွေလိုက်နိုင်ရဲ့လား "

" ဟုတ် "

" ဥပဒေ ယူထားတာဆိုတော့
စာတော့ အရမ်းကျက်ရမှာပေါ့
ကြိုးစားကွာ ဒါမှ မင်းလည်း
ဒီပန်းခင်းကို စောက်ရှောက်စရာမလိုတော့မှာ"

" ကျွန်တော် သံယောဇဉ် တွယ်နေပါပြီဗျာ
ထွက်သွားလို့ရမယ့် အခွင့်အရေးရှိရင်တောင်
ကျွန်တော်မသွားချင်တော့ဘူး
တခြားတယောက်က ကျွန်တော့်လို
ပန်းတွေကို ဂရုမစိုက်နိုင်မှာစိုးတယ်ဗျ "

သူ သံယောဇဉ် တွယ်နေမိပြီ
ဒီပန်းခင်းကြီးကော မမြင်ဖူးသေးတဲ့ပန်းတို့ရဲ့ သခင်ကိုကော ...ကျွန်တော်ကြားဖူးတာကတော့
Dandelion ပန်းလေးကိုမှုတ်ပြီး ဆုတောင်းရင်
ဆုတောင်းပြည့်တယ်တဲ့ဒါဆို မင်းတို့ရဲ့ သခင်လေးကို အမြန်ခေါ်လာပါတော့ ငါ ပျိုးထောင်ထားတဲ့ ပန်းခင်းကို ပြချင်လှပြီ

တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားမို့
စာတွေနဲ့လုံးနေရပါသော်လည်း
သူ့ရဲ့ အလုပ်ဖြစ်တဲ့ ပန်းခင်းကို
ရေလောင်း ပေါင်းတင်လုပ်ဖို့တော့
ဘယ်တုန်းကမှ မမေ့ခဲ့ပါ။
ဘယ်သူမှ အတင်းအကြပ်မလုပ်ခိုင်းပါသော်လည်းစိတ်ရဲ့အလိုကျ
လုပ်ဆောင်နေခြင်းပင်။
ပန်းခင်းကြီးထဲကို ရောက်တာနဲ့
လုပ်နေကျ အလုပ်တစ်ခုဖြစ်တဲ့
ပန်းလေးတစ်ပွင့်ကို ယူလိုက်ပြီး
လေဖြင့်မှုတ်ကာ လိုရာစု တောင်းလိုက်သည်
လေနှင်ရာအတိုင်းလွှင်ပါသွားတဲ့ ပွင့်ဖက်တွေက
သူ့ရဲ့ဆုတောင်းတွေကိုသခင်လေးဆီ ပို့ဆောင်ပေးဖို့ တိတ်တဆိတ်မျှော်လင့်မိတယ်

Dandelion Where stories live. Discover now