အပိုင်း(3)
''မမပုံ ပန်စည်း၃စည်းကို တစ်စီးကို
အရောင်တစ်မျိုးစည်းပေးဗျာ နှင်းဆီပန်း
လှလှလေးနော်..."ပုံ ပန်းပင်ရေလောင်းနေချိန် သူမအား
ဖောက်သည်တွေတိုးအောင် လုပ်ပ်ခဲ့သော
စစ်ရန် ကြောင့် ပြုံးလိုက်မိသည်။သူမ ဒီအလုပ်စလုပ်ထည်းက ပထမဦး
ဆုံး ဖောက်သည်ဖြစ်သလို အိမ်နီးချင်း
လဲ ဖြစ်သည်။ပုံထက်လဲ ငယ်သောကြောင့် မောင်လေး
တစ်ဦးလို ခင်တွယ်မိသည်ဆိုလဲ မမှားပေ။''ပြော ဒီတစ်ခါ ကောက်မလေးတွေ
အတွက်မှ ဟုတ်ရဲ့လား...''''ဟာဗျာ မပုံကလဲ သိရဲ့သားနဲ့
ဟဲဟဲ ...."မျက်ခုံးလေးခြစ်ကာ ရယ်ကျဲကျဲ
ပြောလာသောကြောင့် ပုံ ပြုံးလိုက်၍..''စစ် မင်းလုပ်မှ ကောင်မလေးတွေလဲ
မိုးကုတ်သားဆို ကြောက်ကုန်ပါအုံးမယ်..."''မပုံကလဲ ကြောက်တော့လဲ ကောင်းတာ
ပေါ့ ဒါမှ ဘယ်သူမှအနားမကပ်ရဲတော့မှာ
မဟုတ်ရင် စိတ်ရူပ်ရလွန်းလိူ့ ကျွန်တော်က
အေးဆေးနေချင်နေတာ သူတို့ကပ်လာတော့လဲ
အားနာနာနဲ့ ပြန်ကြိုက်ပေးရတာပါဗျာ...''စစ်ရန်ရဲ စကားကြောင့် ပန်းစည်းနေသော
ပုံ ပြုံးလိုက်ကာ..''အမလေး စကားတက်တိုင်း..."
''မပုံက အိမ်ထဲမှာပဲ အောင်းနေတာဗျာ
အပြင်လေး ဘာလေး ထွက်ပါအုံးလား..."''ဟင့်အင်း ပြင်းစရာကြီး. ."
''ဟာ ကျွန်တော်တို့ မိုးကုတ်ရဲ့ ပြောင်းခေါင်း
အုပ်စု ဘားနက်ရွာသိလား..အရမ်းတော့မဝေးဘူး..''''အင်း ကိုကြီးတို့ပြောတာ ကြားဖူးတယ်.."
မျက်ဝန်းလေးဝိုင်းကာ နားထောင်နေသော
မပုံအား စစ်ရန်ကြည့်၍..''အင်း အဲ့ဒီမှာ တောင်ရှိတယ် မနက်ပိုင်းဆို
နှင်းကျတာ ကြည့်ရင် အရမ်းလှတာဗျာ
မပုံ သွားချင်ရင် ကျွန်တော်လိုက်ပို့ပေးမယ်
လည်စရာတွေမှ အများကြီးပါဗျာ..."''စစ်ရန် မင်း ငါ့ညီမကို ဘာတွေလာသင်ပေးနေတာလဲ...''
ထိုအချိန် အနောက်ကနေ ဘွားခနဲပေါ်လာသော
ကိုကြီးကြောင့် ပုံပြုံးလိုက်မိသလို
စစ်ရန် မျက်နှာကြီးမှာ ရှုံ့မဲ့သွား၍..