အပိုင်း(4)
''ဒေါက်တာ ကျွန်တော့်ညီမအခြေအနေက..."
ထိုအချိန် ဒေါက်တာကြီးမှာ စမ်းသပ်ကာ
ခေါင်းငြိမ့်ပြရင်း...''လူနာက ဒီလိုမျိုးဖြစ်တာ အသက်အန္တာရယ်ကို
ထိခိုက်နိုင်တာ..."''ဗျာ..."
''ဒါပင်မဲ့အခုတော့ အဆင်ပြေသွား
ပါပြီ နောက်တစ်ခါထပ်မဖြစ်အောင်
ဂရုစိုက်ပါ ပြီးတော့ အခုလို ဖြစ်ပါများလာရင်
နှလုံးရောဂါပါ ဖြစ်နိုင်ချေများတယ်..."''စိတ်ချပါ ဆရာ ကျွန်တော်ဂရုစိုက်ပါ့မယ်.."
''ဟုတ်ကဲ့ အခုကျွန်တော် လိုအပ်တဲ့ဆေးထ်ိုး
ပေးခဲ့မယ် ပြန်နိုးလာရင် ဘာမှမလုပ်ခိုင်းသေး
ဘဲ အေးဆေးအနားယူထားခိုင်းပေးပါ.. "''ဟုတ်ကဲ့ပါ ဒေါက်တာ..."
ထိုအခါ ဒေါက်တာ ဆေးများထိုးပေး
သွား၍...''ဒါက န်ိုးလာရင် သောက်ရမဲ့ဆေးပါ
နိုးလာရင် ပြန်ခေါ်သွားလို့ရပါပြီ..."''ဟုတ်ကဲ့ ဒေါက်တာ..."
ထိုအချိန် ဒေါက်တာ ပြန်ထွက်သွားတော့မှ
ဘုန်းမြတ် ကုတင်ပေါ်က မျက်နှာလေး
ဖြူဖျော့ကာ အိပ်ပျော်နေသော သူမအနား
လျှောက်သွားကာ လက်ဖြူဖြူလေးအား
ဆုပ်ကိုင်၍..''ပုံလေးရယ် ဘာကြောင့် အခုလို
ထပ်ဖြစ်ရပြန်တာလဲကွာ ကိုကြီးကို
နောက်တစ်ခါ အခုလိုမဖြစ်ပါဘူးလိူ့
ကတိပေးထားရက်နဲ့.. "ဘုန်းမြတ်ပြောကာ သူမလက်ကလေးအား
ဆုပ်ကိုင်ထားလိုက်သည်။''သား.. သားအလုပ်ရှိရင် ပြန်လေ
မေမေနဲ့ သားအဖေ သမီးလေးအနား
မှာနေလိုက်မယ်..."''ရပါတယ် မေမေ သား ပုံလေးနိုး
လာတဲ့အထိ နေချင်လို့ပါ..."ထိုအခါ ဒေါ်အင်ကြင်သားဖြစ်သူအား
ကြည့်၍ ပြုံးကာ ခင်ပွန်းဖြစ်သူအား
ကြည့်မိချိန် ခေါင်းငြိမ့်ပြလာသောကြောင့်
သူမ ပြုံးလိုက်မိသည်။ထို့နောက် မျက်နှာလေးပြန်၍ ပန်းရောင်
သမ်းလာပြီဖြစ်သော ပုံလေးအား
သနားလွန်းသောကြောင့် ဝဲတက်လာသော
မျက်ရည်များအား သုတ်ပစ်ကာ...