အပိုင်း(5)
စိမ့်ရေ အချစ်အသံကြောင့် ကိုယ်လေး
တုန်တက်သွားကာ မျက်နှာမှာလဲ ပျက်နေမိတော့သည်။တစ်ဆက်ထဲ အံ့အားကြိတ်ထားလ်ိုက်၍
ချက်ချင်းပင် နှုတ်ခမ်းများတွန့်ကာ
ပြုံးလ်ိုက်၍ လဲချလိုက်တော့သည်။ထိုအခါ မျက်ဝန်းလေးများဝိုင်းကာ
နှုတ်ခမ်းလေးဆူကာ ကြည့်နေသော
အချစ် လက်ကလေးပိုက်ကာ အနား
လျှောက်လာ၍.''အန်တီစိမ့် ထရေ ဘာယို့အိပ်ချင်ယောင်
ဆောင်နေတာလဲ ပါးပါးအခန်းနားတွားနော်..
ထရေ တွားလို့...''ငုံကာ သူမကိုယ်အား လှုပ်၍ ပြောလာချိန်
မျက်နှာပေါ် ကျလာသော သရေများကြောင့်
ချက်ချင်း မျက်ဝန်းလေးများ ပွင့်လာ၍..''အို ရွံလိုက်တာ..."
ပြောကာ ပြေးဆင်းသွားသော အန်တီစိမ့်ရေ
ကြောင့် အချစ် နှုတ်ခမ်းတွေပေနေသော
သရေများအား သုတ်ပစ်ကာ...''ခစ်ခစ် တူများကို ဟွန့်...''
နှုတ်ခမ်းလေး တစ်ထော်ထော်ဖြစ်
ပြောနေချိန်..ဂျလောက်..
အခန်းတံခါးဖွင့်ကာ ထွက်လာသောပါးပါး
ကြောင့် မျက်နှာလေးဝင်းပသွားသော
အချစ်။''ပါးပါး..."
မှတ်တမ်း သမီးဖြစ်သူရဲ့ ပြုံးနေသော
မျက်နှာကြောင့် မျက်ခုံးကြီးပင့်တက်သွားကာ..''စောစောက အသံတွေကြားလိုက်တယ်
ဘာဖြစ်တာလဲ အချစ်...''''တီလေးစိမ့်ရေက ဒီမှာ စောစောက
အိပ်နေရို့ အချစ်က နိုးပြီး တွားခိုင်းတာရေ..."''ဟင်..."
သမီးဖြစ်သူအပြောကြောင့် မှတ်တမ်း
နှင့် ဖြိုးမင်း တစ်ယောက်ကိုတစ်ယောက်
ကြည့်လ်ိုက်မိ၍ ဖြိုးမင်း ရယ်ချင်သော
စိတ်အား မနည်းတည်ထားကာ..''အချစ်လေး မစိမ့်ရေက ဘာလို့အိပ်နေတာလဲ..."
''တိဝူး အချစ်ကို မြင်ပြီး အိပ်တွားတာ
အဲ့ဒါအချစ်က နိုးပြီး တွားခိုင်းလိုက်တာပါဆို..''နှုတ်ခမ်းလေးဆူကာ ပြောနေသော
သမီးဖြစ်သူရဲ့ ကိုယ်လေးအား
မှတ်တမ်း ကောက်ပွေ့လိုက်ကာ
ပါးအိအိလေးအား နမ်းရှိုက်လိုက်၍..