အပိုင်း(8)
ဒေါက်..ဒေါက်..
''ပုံလေး ကိုကြီးဝင်ခဲ့မယ်နော်..."
ပုံ သမီးဖြစ်သူအားချီထား၍
ကြောင်တောင်တောင်လေး
ရပ်နေမိရာမှ ကိုကြီးအသံကြောင့်
သတိပြန်ဝင်လာ စိုးရိမ်မှုများလဲ
ကြီးစိုးလာတော့သည်။ထိုအချိန် အခန်းထဲသို့ဝင်လာသော
ကိုကြီးကြောင့် အနားပြေးသွားကာ...''ကိုကြီး.."
ဘုန်းမြတ် သူမအား နားလည်သော
မျက်ဝန်းများဖြင့် ကြည့်ကာ..''ပုံလေး အဆင်ပြေသလို ဆုံး
ဖြတ်ပါ...''ထိုအချိန် ပုံလက်ထဲက ငိုမဲ့မဲ့လေး
ကြည့်နေသော သမီးဖြစ်သူအား
တောင်းပန်စွာကြည့်၍...''သမီးလေး အရင်ဆုံး ပါးပါးနဲ့
ပြန်လိုက်သွားနော် မေမေ
နောက်ရက်ကြရင် သမီးလေးဆီ
လာခဲ့မယ်နော်... "''အချစ် စောင့်နေမယ်ရော မေမေ
အချစ်နဲ့ကိုကိုနဲ့ ပါးပါးနဲ့ စောင့်နေမယ်ရော..."ပုံ ကြလာသော မျက်ရည်များအား
သုတ်ပစ်၍ ခေါင်းလေးငြိမ့်ပြကာ..''ဒါပေါ့ အချစ်လေးဆီကို မေမေက
မရရအောင် လာမှာပေါ့..အဟွန်း...
အချစ်လေး မေမေကိုတွေ့ချင်ရင်
ပါးပါးကို လုံးဝပြန်မပြောရဘူးနော်...''''ကြောဝူး...မေမေရာနော်.."
''မေမေ ကတိပေးတယ်နော်.. "
ပြောကာ ပုံ သမီးဖြစ်သူပါးပြင်လေးအား
နမ်းမဝစွာ နှုတ်ဆက်အနမ်းလေးနမ်းလိုက်၍
ကိုကြီးလက်ထဲ ထည့်ပေးလိုက်ချိန် ပါးပြင်အထက်မှ ကြွေကျသွားသော.မျက်ရည်စက်များ။''ဦးဦး အချစ် မေမေကိုတိနဲ့နော်
အချစ်က မေမေကိုတိရင် ဦးဦးကို
ပါးပါးနဲ့တိုင်ကြောမှာ..."နှုတ်ခမ်းလေးတစ်ဆူဆူဖြစ် ပြောလာသော
ကလေးလေးကြောင့် ဘုန်းမြတ်ပြုံးလိုက်ကာ..''ဟုတ်ပါပြီ ဦးဦးက မထိပါဘူး
အခု အချစ် ပါးပါးဆီ သွားကြမယ်နော်..."''ဟုတ် မေမေ တက်တာ...''
လက်ကလေးပြကာ နှုတ်ဆက်၍
အခန်းအပြင်ရောက်သွားသော
သမီးဖြစ်သူကြောင့် ပုံ ထိုနေရာလေးမှာ
ထိုင်ကြ၍ ရင်ဘက်လေးအား ဖိကာ
ရှိုက်ကြီးတငင်ငိုချလိုက်တော့သည်။