အပ်ိုင်း(17)
ကားလေးမှာ တဖြည်းဖြည်း ရန်ကုန်မြို့ကြီး
အတွင်းသို့ နီးလာပြီ ဖြစ်ကာ ပုံရင်တွေလဲ
တဖြတ်ဖြတ်ခုန်နေတော့သည်။ထိုရန့်ကုန်အား ဒီတစ်သက်လုံးဝမပြန်ဘူးဟု
ဆုံးဖြတ်ထားသောလဲ အခုတော့ သမီးလေးနဲ့
သားသားကိုမခွဲန်ိုင်သော ပုံ တစ်ဖန်ပြန်ရောက်
ခဲ့ပေပြီ။ရန်ကုန်တိုင်းဒေသကြီးမှကြိုဆိုပါသည်ဆိုသော ဆိုင်ဘုတ်ကြီးမှာ ပုံအားလှောင်ပြောင်နေသလိုပင်။
ခြေဖျားလက်ဖျားများပင် အေးစက်လာ၍
ပျက်ချင်နေသည့် မျက်နှာအား မနည်း
ပုံမပျက်အောင် နေနေရသည်။''အန်ကြည်ယေး ဘာရို့ယဲ ကြော်ဝူးလားဟင်..."
ပုံအား ခေါင်းလေးမော့ကာ မေးလာသော
သမီးလေးကြောင့် ပုံအားကြည့်နေသော
သူ့ထံ အကြည့်များတစ်ချက်ရောက်သွားကာ
ချက်ချင်းပင် ပြန်လွဲလိုက်၍..''ဟင့်အင်း...မဟုတ်ပါဘူး... "
''အချစ်ယေးတို့အိမ်မှာယေ ပန်းတွေလဲ
ညားကြီးရှိရယ်တိယား ပြီးရောပါးပါးက
အချစ်ယေးကို ရေကူးကန်တေးတေးယေးပါ
ရုပ်ပေးထားတာ...တိယား နော် ပါးပါး အချစ်ယေးကို ရေကူးကန်ယေး ရုပ်ပေးထားတယ်နော်..."မှတ်တမ်း သူမအား ငေးကြည့်နေချိန်
သမီးဖြစ်သူအမေးကြောင့် ပြုံးလိုက်ကာ...''အဟွန်း ဟုတ်တာပေါ့..."
''ပါးပါး အချစ်ယေးကိုရေ ကချားကွင်းရဲ
ရိုက်ပို့နော် ပြီးကြော့ အများကြီးရိုက်ပို့..."သူနှင့်သူမကြားတွင်ထိုင်ကာ စကားတွေ
ပြောနေသော သမီးဖြစ်သူကြောင့် နှစ်ဦးသား
မျက်နှာအထက်တွင်တော့ ပြုံးနေ၍ မှတ်တမ်း
သူမမျက်နှာလေးအားကြည့်ချိန် သမီးကိုကြည့်ကာ ပြုံးနေသော သူမအပြုံးလေးမှာ သူ့ရင်ကို
ကြည်နူးစေပါသည်။''အချစ်လေး ပါးပါးက မအ်ိပ်ရသေးဘူး
အချစ်လေးက တိတ်တိတ်နေလေ..."အကိုဖြစ်သည့် ကမ္ဘာရင့်လေးမှာ
လှည့်ပြောလာသောကြောင့်
အချစ် နှုတ်ခမ်းလေးမှာဆူပူတ်သွားကာ...