အပိုင်း(20)
''ဟင့် မေမေတွားရဝူးလေ
အချစ်ယေးကို ထားတွားရဝူးယေ
ဟီး...အီ...အဟင့်...ဟီး...."ပြောလဲပြောငိုကာ မိခင်ဖြစ်သူဆီပြေးသွား၍
ခြေထောက်အားအတင်းဖက်တွယ်ထားသော
အချစ်လေး။ကမ္ဘာရင့်လေးမှာလဲ မိခင်ရဲ့ခါးအားဖက်ထားကာ ငိုနေတော့သည်။
ပုံအား အတင်းဖက်တွယ်ထားသော
သားနဲ့သမီးကြောင့် ပုံ ပါးပြင်အထက်
မျက်ရည်များမှာ ပေါက်ခနဲစီးကျလာတော့သည်။သူမအခု ဘာတွေလုပ်မိနေတာလဲ ပုံက်ို
အရမ်းချစ်တဲ့သားနဲ့သမီးကို ပုံဘာကြောင့်
ထားသွားဖို့အတွေးကို တွေးမိရတာလဲ။ပုံက
မိခင်တာဝန်မကျေသော မိန်းမပင်။ပုံငိုနေသော သားနှင့်သမီးအား
ထိုင်ချလ်ိုက်၍ ခပ်တင်းတင်းလေး
ပြန်ဖက်ထားကာ..''ဟီး..ေမမေတောင်းပန်ပါတယ်နော်
မေမေမထွက်သွားတော့ဘူးနော်
ဟင့်...ဟင့်...မငိုတော့နဲ့နော် မေမေကြောင့်.မေမေသားလေးနဲ့သမီးလေး င်ိုနေရပြီ
ဟီး...အဟင့်...ဟင့်...ဟီး.. ''သားအမိသုံးယောက် ခပ်တင်းတင်းဖက်ကာ
ငိုနေကြသော မြင်ကွင်းအား မှတ်တမ်း
မျက်ရည်များဖြင့်ကြည့်၍ နှုတ်ခမ်းများမှာ
ပြုံးယောင်သမ်းလာတော့သည်။''မေမေက ဂတိတည်ဝူး အချစ်ယေးကို
ကြောတော့ အချစ်ယေးတို့ကိုထားတွား
ဝူးချို အခုတွားဖို့ရုပ်နေတာယေ ဟီး...
တူညားကို မေမေညာရယ် ဟီး.. အီး...
တူညားနဲ့ကိုကို ပါပါးရယ်ကို တားထွားဖို့ရုပ်နေတာယေ ဟီး...ဟင့်...ဟင့်.. "ပြောလဲပြော ငိုရှိုက်နေသော သမီးလေးကြောင့်
ပုံ တောင်းပန်သလို ကြည့်ကာ...''ဟုတ်ပါတယ် သမီးလေးရယ် မေမေမှားပါတယ်နော် မေမေ သားနဲသမီးကိုတောင်းပန်ပါတယ်နော် မေမေမထားသွားတော့ဘူးနော်..."
ပြောလဲပြော ချစ်စရာကောင်းသော
သားဖြစ်သူနှင့်သမီးဖြစ်သူရဲ့
ပါးပြင်အား ပုံ နမ်းရှိုက်နေမိချိန်
သူမအားပြန်နမ်းလာသော သားနှင့်သမီး
ရဲ့ပုံစံလေးများကြောင့် ရင်ထဲတွင်လဲ
ကြည်နူးမှုက အတိုင်းစမဲ့ပင်။