အပိုင်း(22)
အခန်းကြီးထဲ ပုံ အံ့သြမင်
သက်နေရာမှ သူမဆီတရွေ့ရွေ့
တိုးလာကာ..''ပုံလေး ရွှေပုံကမ္ဘာ မဟုတ်လား..."
ပုံအဲ့ဒီအချိန်ကိုယ်ဝန်ကြီးနှင့်ရှိစဥ်က
ပုံအပေါ်နွေးထွေးစွာဆောက်ရှောက်ပေး
ခဲ့သော ကြီးနန်း ။ထိုအတူ ပုံအရာအားလုံးကို နားလည်
လိုက်စွာ မျက်ဝန်းအထက်မှ မျက်ရည်များ
စီးကျလာကာ အနားရောက်လာသော
ကြီးနန်းအား ဖက်ထားလိုက်တော့သည်။''အဟင့်..ကြီးနန်း.. ကြီးနန်းဟုတ်ပါတယ်နော်..."
ဒေါ်နန်းမှာလဲ မျက်ရည်များစီးကျနေ၍...
''ဟုတ်ပါတယ်ကွယ် ကြီးနန်းပါ...
ကြီးနန်း အခုလို သမီးကိုပြန်တွေ့ရတာ
မယုံန်ိုင်ဘူး ကြီးနန်းလေ အရမ်းကိုဝမ်းသာ
သလို ကြီးနန်းအပြစ်တွေအထွက်လဲ
ကြီးနန်းတောင်းပန်ပါတယ်ကွယ်..."ပြောလဲပြောဒူးထောက်ထိုင်ချလိုက်သော
ကြီးနန်းကြောင့် ပုံ အလန့်တကြားလေး
ဖြစ်သွား၍ခေါင်းအားရမ်းကာ ကြီးနန်း
အရှေ့ထိုင်ကာ. .''မဟုတ်တာ ကြီးနန်းက ပုံအပေါ်.အမေတစ်ယောက်လိုကောင်းခဲ့တာလေ ပုံအပြစ်မမြင်ပါဘူးဒါဆို...သား...သားသားကပုံသားလေးပေါ့နော်ကြီးနန်း..."
''ဟုတ်ပါတယ် သမီးရယ် ကမ္ဘာရင့်လေးက
ပုံလေးရဲ့သားလေးပါ..."ပုံမထင်မှတ်ထားသောအဖြစ်အပျက်
ကြောင့်ဝမ်းသာလွန်းနေကာ...မျက်ရည်များကလဲစီးကျလာတော့သည်။ဒေါ်နန်း အရင်ကလို လှပချစ်စဖွယ်ကောင်း
နေသော ပုံလေးအားကြည့်၍..''ပုံလေးကို တစ်ခုလောက်တောင်းဆိုပါရစေသားမှတ်တမ်း သူ....သူဒါတွေမသိဘူးကွယ်
သူ့ကို မယ်မယ်ကြီးကအသိမပေးဘဲ
လုပ်ခဲ့တာ သူပြန်လာတဲ့အချိန် ကမ္ဘာရင့်လေးကို သူတွေ့ပြီး မယုံနိုင်ဖြစ်ပြီး သူ့မိဘတွေနဲ့
အကြီးအကျယ်စကားများခဲ့ကြတယ်
သားမှတ်တမ်းက သမီးဘယ်သူဘယ်ဝါမှန်း
မသိသော်လဲ သမီးအပေါ်တစ်ချိန်လုံး
အပြစ်ရှိသူလိုနေခဲ့တာကွယ်..."''ရှင် ဒါဆို.. သူ...သူဒါတွေအစကမသိခဲ့ဘူးပေါ့..."
''ဟုတ်တယ် ဒါတွေအကုန်ဆုံးသွားတဲ့
သူမိဘတွေလုပ်ခဲ့တာကွယ်..."