အပိုင်း(23)
''ဟာ ကလေး ဒါကသောက့်မရဘူးလေကွယ်
ဒါနို့မထွက်ဘူးလေ..."ထိုအချိန် ကြက်တောင်စီးလေးဖြင့်
အင်္ကျီအပွလေးအောက် ဘောင်းဘီတို
လေးဝတ်ထားပြီး ဝကစ်ကစ်ကိုယ်လေးလုံး
ဖြင့် နှုတ်ခမ်းလေးဆူကာ ဆိတ်ကြီးရဲ့ဝမ်းဗိုက်အား ငုံ့ကြည့်နေသော အချစ်လေး။''ချိတယ်ယေ ဟိုမှာယေ ဘဘကညာရယ်..."
လက်ညိုးလေးထိုးကာ မျက်ဝန်းလေးတောင့်
ကပ်ကာပြောလာသောအချစ်လေး။ထိုအခါ ထိုကုလားအဖိုးကြီးမှာ မျက်နှာကြီး
ရှုံ့မဲ့သွား၍ ဖြူနေသောခေါင်းမွှေးကြီးအား
တပြင်းပြင်းကုတ်နေတော့သည်။ဘေးတွင် ရပ်နေကြသော အိမ်အကူမ်ိန်းကလေးတွေရဲ့မျက်နှာတွေမှာလဲ စပ်ဖြီး
ဖြီးဖြစ်နေတော့သည်။''အဲ့ဒါ နို့မဟုတ်ဘူး ဆိတ်ဂွေးစေ့ကွဲ့...''
''ဂွေးကျကဘာရဲဟင်... အချစ်ကတိဝူးယေ..."
''ဟမ်း...ဘယ်လိုပြောရမလဲကလေးရယ်...
သေချင်တာပဲ.."ထိုအဘိုးကြီးမှာ ခေါင်းတကုတ်ကုတ်ဖြင့်
ရှိနေသလောက် အချစ်တစ်ယောက်
သူမထင်နေသော စိတ်နို့ဆီအကြည့်တ်ို့က
ရောက်သွားတော့သည်။''သမီး...ဘာလုပ်နေတာလဲ..."
ထိုအချိန် မှတ်တမ်းနှင့် ပုံပြေးထွက်လာ၍
မျက်ဝန်းလေးဝိုင်းပြီး သူတို့အားမြင်သည်နှင့်
နှုတ်ခမ်းလေးဆူကာ လက်ကလေးပိုက်ကာ
နေသော သမီးဖြစ်သူအား မှတ်တမ်းချီလိုက်သည်။ပုံမှာလဲ သမီးရဲ့ စိတ်ဆိုးနေသော အမူအရာလေးကြောင့် နှုတ်ခမ်းလေးဖိကိုက်၍
အသည်းယားနေမိတော့သည်။''လုပ်ပါအုံးကွယ် ဦးလေးက
နံပြားရောင်းတာ ပစ္စည်းတွေတင်လာတဲ့
ဆိတ်ထီးလေးပါ အဲ့ဒါ ဆိတ်နို့သောက်မယ်
ဆိုပြီးအတင်းဆွဲနေတာ..."ထိုဦးလေးစကားအဆုံး မှတ်တမ်းအား
နာသွားကာ အိတ်ထဲက ေသာင်းတန်
သုံးရွက်အားယူ၍ပေးကာ..''တောင်းပန်ပါတယ်ဗျာ ကျွန်တော့်သမီးက
ငဂျစ်လေးဟုတ်လို့ပါ..."