နောက်တစ်နေ့၌
'မင်္ဂလာပါဆရာမကြီး"
'မင်္ဂလာပါကွယ်"
'ကျေးဇူးတင်ပါတယ် ဆရာမကြီး"
'ဒီနေ့သားတို့သမီးတို့ကိုလာတွေ့ရခြင်းမှာ ဆရာမကြီး ဆုပေးချင်လို့ဖြစ်ပါတယ် ဘာလို့လဲဆိုတော့ တစ်ကျောင်းလုံးမှာစည်းကမ်းအရှိဆုံးအတန်းဖြစ်နေလို့ပါပဲ"
'ရှင် ဆ ဆရာမကြီး ကျွန်မကလေးတွေကဒီလောက်ဆိုးတဲ့ဟာကို ဟို ဟို ဘက်အခန်းကဒီဆုနဲ့ပိုတန်ပါတယ်ရှင့်"
'မဟုတ်ပါဘူး ဟိုဘက်အခန်းက လိမ္မာရင်တောင်စည်းကမ်း လုံးဝမရှိဘူး ကျွန်မစရောက်တဲ့နေ့ထဲက ကြည့်နေတာ ကျောင်းစုဝေးကွင်းထဲမှာအမှိုက်ကျနေတာကို မသိချင်ယောင်ဆောင်သွားပေမယ့် ဒီအခန်းကကျောင်းသူတစ်ယောက်က ကောက်လိုက်တာမြင်ပါတယ်"
'ရှင်!"
'ဟုတ်ပါတယ် ဒေါ်မိုးယံထက် ရှင့်အတန်းကကလေးတွေကို တို့ရောက်တဲ့နေ့ကတည်းကစောင့်ကြည့်နေတာပါ အရမ်းတော်တယ် ဆိုတော့ဆုပေးရမှာပေါ့"
'ဟုတ်...."
ဒေါ်ခင်ခက်ဝေပြန်ထွက်သွားသောအခါ
'ကဲ လိမ္မာတယ်ကလေးတို့ မင်းတို့ကြောင့်တို့အတန်းဂုဏ်တက်သွားရပြီ မင်းတို့ကိုဆုချတဲ့အနေနဲ့ ကာယအချိန်ပိုရမယ် ကဲကဲ ခုလောလောဆယ် စာအုပ်ထုပ် စာသင်ရမယ် ဪ...ဒါနဲ့ ဟိုအနောက်တန်းကလူဆိုးအုပ်စုမင်းတို့ကိုငါစောင့်ကြည့်နေမယ် ငါတို့အတန်းကိုနာမည်ပျက်အောင်တော့မလုပ်ကြနဲ့ပေါ့ မင်းတို့က တစ်တန်းလုံးကိုမြေတောင်လှန်နိုင်တယ် သတိထားနေနော်"
'ဟုတ်ကဲ့ပါဆရာမ"
မုန့်စားကျောင်းဆက်းချိန်တွင်
'ထက် မနက်ကဆရာမကြီး ထက်တို့အတန်းကိုဆုချသွားတယ်ဆို ဘယ်လိုဖြစ်တာလဲ ရှင်းပါဦး"
'ဒီလိုဆရာမရေ....ဟိုနေ့က ကျောင်းစုဝေးကွင်းထဲကအမှိုက်ကို ကျွန်မတို့အတန်းကကျောင်းသူကကောက်ပေးလို့တဲ့လေ ဘေးနားမှာလဲ G-8(A)ကကျောင်းသားကမသိသလိုနေနေလို့တဲ့ ပြီးတော့စည်းကမ်းရှိလို့တဲ့ဆရာမရေ"
'ဪ....ဟုတ်လား တို့လဲသေချာမသိဘူး...ဒေါ်သက် ပြောမှသိတာ"
'ဟုတ်တယ်ရှင်အစက ကျွန်မလဲကြောင်သွားတာ"
'ဟုတ်ပါပြီ စားစား ပြီးရင်စာသင်ရဦးမယ်"
ကျောင်းဆင်းချိန်၌
'ထက်"
'ရှင်..."
'ပြန်ပြီလား"
'ဟုတ် ဆရာမကြီး ဘာခိုင်းမို့လဲရှင့်"
'မဟုတ်ပါဘူး မေးကြည့်တာပါ"
'ဟုတ် အာ့ဆိုကျွန်မပြန်ပြီနော်"
'ကောင်းပါပြီရှင်"
တစ်နေ့တာကုန်ဆုံးသွားလေတော့သည်။
တိုတိုလေးနော့်😅
YOU ARE READING
ကျွန်မ၏ ပိုင်ရှင်🥰💗
Randomကျောင်းအုပ်ဆရာမကြီးနဲ့ကျောင်းဆရာမ တို့အကြောင်းလေးပါ ဒေါ်ခင်ခက်ဝေ+ဒေါ်မိုးယံထက်