Part-1

9 1 0
                                    

ကျွန်တော်နာမည်တော့ မောင်သူရ  ဖြစ်ပါတယ်။ကျွန်တော်မှာ မိသားစုဝင် ကျွန်တော်အပါအဝင်4ယောက်ရှိပါတယ်။အမေရယ်အဖေရယ် ကျွန်တော်ထက်7နှစ်ကြီးတဲ့ အကိုရယ် ရန်ကုန်မြို့မှာနေထိုင်ပါတယ်။
ကျွန်တော်အသက် 12နှစ်မှာ မိဘတွေအလုပ်ကိစ္စကြောင့် ရန်ကုန်မြို့ကနေ မန္တလေးမြို့ကိုပြောင်း ရွှေ့နေထိုင်ခဲ့ရတယ်။
စစရောက်ချင်းတုန်းကတော့ နေရာဒေသ အစားအသောက်တွေကို သိပ်အသားမကြဘူး။နောက်တော့ သူဟာနဲ့သူအဆင်ပြေသွားတာပါဘဲ။
     ကျွန်တော်ကတော့အထက်တန်း Great 5ကို KMC အထက်တန်းကျောင်းမှာ ပြောင်းရွှေ့တတ်​ရောက်ပြီး။ကျွန်တော့်အကိုကတော့ UFL university မှာ Spanish မေဂျာကို second yearsတတ်နေပါတယ်။သူက
အဆောင်နေလို့ အိမ်မှာ အမေရယ်အဖေရယ် ကျွန်တော်ရယ်ဘဲ နေကြပါတယ်။အမေနဲ့အဖေက အလုပ်အရမ်းရှုပ်ကြပါတယ်။ကျွန်
တော်နဲ့လဲသိပ်အဖော်ပြု မပေနိုင်ကြပါဘူး။သူတို့အလုပ်ကိစ္စနဲ့ ခရီးထွက်သွားရင် ကျွန်တော်တစ်ယောက်ထဲ အိမ်မှာနေခဲ့ရတာ။
    ကျွန်တော်က စာတော်တယ် ရုပ်ချောတယ်
အသားဖြူပြီ ပိန်တယ်၊အရပ်ကတော့နည်းနည်းပုတယ် သူများယောကျာ်လေးတွေ 5'8 တို့ 6'3 တို့ရောက်နေချိန် ကျွန်တော်အရပ်က
5'1 တဲ့ တချို့မိန်းခလေးတွေ နဲ့ယှဥ်ရင်တောင် ကျွန်တော်က ပုနေတယ်။ နည်းနည်းဝမ်းနည်ပေမယ် သိပ်တော့စိတ်ထဲမထားပါဘူး အရာရာပြီးပြည့်စုံနေတဲ့လူဆို တာ မှမရှိတာ။ကျွန်တော်မှာသူငယ်ချင်းတစ်ယောက်ဘဲ ရှိတယ်သူနာမည်က သီဟ။ကျွန်တော်သူငယ်ချင်းအများကြီးမရှိရတဲ့အကျောင်းအရင်းကတော့ ကျွန်တော်ကိုဆရာလာလုပ်တာမကြိုက်ဘူး၊ကျွန်တော် ကျောင်းစတတ်တာ နှစ်ဝက်ဘဲရှိသေတယ်
ရုံးခန်း အခေါ်ခံရတာ 4ခါငါးခါလောက်ရှိပြီ။
ဘာလို့အခေါ်ခံရလဲဆိုတော့ စာသင်တဲ့ ဆရာတွေကို ဆရာပြန်လုပ်လို့တဲ့လေ။
     တစ်ရက်မှာတော့ သမိုင်းဆရာစာသင်ချိန်မှာ ဆရာကိုဆရာလုပ်မိလို့ ကျောင်းအုပ်ကြီးက မိဘခေါ်ခဲ့ခိုင်းပါတယ်။အရင်အခါတွေတုန်း ကတော့ ပြန်လည်သုံးသပ်စာ ရေးလိုက်ရင် ပြီးသွားပေမယ် အခုတော့မိဘခေါ်ရတော့မှာပါ။ကျွန်တော်မိဘတွေကို ကျွန်တော် မပြောချင်ဘူး သူတို့ကပိုက်ဆံရှာရတာနဲ့တင် ပင်ပန်းနေပြီ ကို နောက်ထပ်အပူတွေထပ်မပေးချင်ဘူး။
     အမေနဲ့အဖေပြီးရင် အိမ်မှာ လူတစ်ယောက်ဘဲကျန်တော့တာလေ။ဒါနဲ့ အဆောင်နေပြီ အိမ်ပြန်မလာတာ 6လခွဲရှိပြီ ဖြစ်တဲ့ကျွန်တော်အကိုဖြစ်သူကို ဖုန်းဆက်ပြီး အကူအညီတောင်မလို့ သူကိုဖုန်းခေါ်တယ်။
အရမ်းချစ်ဖို့ကောင်းတဲ့ ကျွန်တော်အကိုက
ညီလေးတစ်ယောက်လုံ အကူအညီးလိုနေတဲ့ချိန်မှာ ဖုန်းမကိုင်ဘူ။
     ဒါနဲ့ သူ့ကိုထပ်မဆက်ဘဲ အိမ်ပြန်လာလိုက်တယ်။အိမ်ထဲဝင်ဝင်ချင်း မီးဖိုချောင်မှာ
ညစာပြင်နေတဲ့အမေ့ကို မြင်လိုက်တယ်။အမေကိုနှုတ်ဆက်ပြီး အပေါ်တတ်မလိုလုပ်နေတုန်း အမေကလှမ်းပြောတယ် နင့်အကိုပြန်ရောက်နေတယ် သူ့...............
အမေဘာပြောလဲဆက်နာမထောင်ဘဲနဲ့ အိပ်ပေါ်ပြေးတတ် ပြီးအကိုအခန်းဆီသွားတယ်။
      အိပ်ခန်းရှေ့ရောက်တော့ တခါးက ဖွင့်ထားလျက်ဖြစ်နေပြီး အခန်းထဲမှာ တခါးပေါက် ဘက်ကိုကျောပေးထားတဲ့ လူတစ်ယောက် ရှိနေတယ်။ပထမတော့ကျွန်တော်အကို လိုထင်နေတာ ဒါပေမဲ့သူကျွန်တော်ဘက်လှည့်ပြီး မင်ဂလာပါ သူရရေ လို့ခေါ်လိုက်တော့ ကျွန်တော် ကြောင်သွားတယ်။ဘယ်သူလဲ သူကဘယ်လိုလုပ်ကျွန်တော့်အကို အိပ်ခန်းထဲရောက်နေတာလဲ။
♥♥♥♥   ♥♥♥♥♥

You've reached the end of published parts.

⏰ Last updated: Sep 13, 2023 ⏰

Add this story to your Library to get notified about new parts!

ကိုကို ကိုချစ်တယ်💗Where stories live. Discover now