🧡အတိတ်မေ့ ခင်ပွန်း🧡Part 14

5.9K 267 39
                                    

အတိတ်မေ့ ခင်ပွန်း Part 14

10ပေလောက်သာကျယ်တဲ့ ရေကူးကန်ထဲမှာ ရေပြာပြာတွေဟာ လှုပ်ရှားနေသည်

လှုပ်ရှားနေရခြင်းအကြောင်းအရင်းကတော့ ထိုထဲတွင် ရေသူမလေးလို ကူးခတ်နေတဲ့ bikini အပြာရောင်လေးနဲ့ မိန်းကလေးကြောင့်ဖြစ်သည်

သူမဟာ သူမရဲ့ ပျော့ပျောင်းနူးညံ့တဲ့ ခန္ဓာကိုယ်ကိုအသုံးပြုကာ ကူးခတ်နေပြီး မတ်တပ်ရပ်ကာ လှပတဲ့ မျက်နှာလေးကို မော့လိုက်သည်

သူမရဲ့ဆံနွယ်တွေဟာ ရေတွေကြောင့် ပိုမိုနက်မှောင်တောက်ပနေပြီး သူမရဲ့ကျောပြင်မှာ ကျနေသည်

သူမ ရေထဲကနေတစ်လှမ်းခြင်း တက်လာရာ သူမကိုယ်ပေါ်မှာကျန်ရှိနေတဲ့ရေများက သူမရဲ့အမို့အမောက်ကောက်ကြောင်းမှန်သမျှမှ ဖြတ်ကာ အောက်သို့ ကျဆင်းနေသည်

ထို့အပြင် ဤမြင်ကွင်းအား ဝိုင်သောက်ရင်း မျက်လုံးများမှေးစင်းကာကြည့်နေတဲ့ အမျိုးသားလည်းရှိသည်

သူဟာ အနက်ရောင်bathrobeအား ဝတ်ဆင်ထားပြီး ဟထားသော ရင်ဘတ်နေရာမှ ကြွက်သားအဖုအထစ်များအားမြင်နေရသည်

သူဟာ သူ့အားမြူဆွယ်သလိုကြည့်ရင်းလျှောက်လာတဲ့ မိန်းကလေးအား ကြိုဆိုနေသည်

ပန်ပန် သူမရဲ့ ဆွဲဆောင်မှုကို အမြင့်ဆုံးသို့တင်လိုက်ပြီး ချမ်းရဲ့ အပေါ်ကို ခွထိုင်လိုက်သည်

"ချမ်း....."

ဒီပယံ ပန်ပန်က ရုတ်တရက် သူ့နားနားကပ်ကာ ခေါ်လိုက်တဲ့ အသံကြောင့် သူ့ရင်ထဲ မီးစတစ်ခုက အစပျိုးသွားသည်

"ပန်ပန်...."

သူထိုခပ်ဆိုးဆိုးမိန်းကလေးအား မျက်မှောင်ကြုံ့ကာ အသိပေးပေမဲ့ သူမက မရပ်တန့်ဘဲ တခိခိရယ်ကာ သူ့ပါးပြင်ကို လာအုပ်ကိုင်သည်

ထို့နောက်သူမဟာ သူ့ထံသို့ကိုင်းညွှတ်လာရာ ဒီပယံ သူမခါးကို ထိန်းကိုင်ထားတဲ့ လက်များ တင်းကြပ်လာရသည်

သူ့နှာဖျားထဲမှာ သူမရဲ့ ဝင်သက်ထွက်သက်အငွေ့အသက်လေးများ ခံစားမိသည်ထိနီးကပ်လာသည်

"မာမား...."

"ဒုန်း ခွမ်းးး...."

သူမတို့ရဲ့ ပူလောင်တဲ့မီးအား ထင်ထင်ရဲ့အသံလေးက ငြိမ်းသတ်လိုက်တာကြောင့် လင်မယားနှစ်ယောက် လုပ်မိလုပ်ရာ ထရပ်လိုက်ရာ ဘေးနားက စားပွဲခုံငယ်က လဲသွားပြီး ဝိုင်ပုလင်းပါကွဲသွားသည်

🧡အတိတ်မေ့ခင်ပွန်း🧡Where stories live. Discover now