12(uni)

405 14 2
                                    

Unicode

"နှင်း သူတို့နှစ်ယောက်ကိုအောင်သွယ်ပေးမလို့လား"

"အင်း"

   ရုပ်ရှင်ရုံထဲမှာအားလုံးမြင်လိုက်တာကြောင့်ဝေယံနဲ့ရန်နိုင်က နှင်းဘာလို့အကူအညီတောင်းမှန်းနားလည်သွားသည်။

၂နာရီခန့်က.....

"အကိုကျွန်တော့်သူငယ်ချင်းကအကူအညီတောင်းစရာရှိလို့တဲ့"

"ပြောလေ"

"ညီမကိုသရဲကားအတွဲခုံလက်မှတ်လိုချင်လို့"

"ဘာလုပ်ဖို့လဲနှင်း"

    နားမလည်တဲ့ဝေယံကမေးလိုက်သည်။

"ဒါပေမဲ့ညီမမယူပါဘူး အဲ့လူလာရင်အကိုကအတွဲခုံလက်မှတ်ဘဲရတော့တာလို့ပြောပေး"

    နှင်း ကပြောပီးတော့ခန့်ရဲ့ဓာတ်ပုံကိုပြလိုက်လေသည်။

"ညီမပြောချင်တာကပုံထဲကလူလာရင်သရဲကားကိုအတွဲခုံဘဲရတော့တာလို့လား"

"ဟုတ်"

"ရတယ်အကိုကူညီပေးမယ် ဒါပေမဲ့ညီမကောင်လေးရဲ့ပါးကိုနမ်းပြရမယ်"

    အဲ့အကိုကပြောပီးဝေယံကိုလက်ညှိးထိုးပြသည်။

"ဟင်"

"ဟားဟား နမ်းလိုက်လေနှင်းရဲ့ကိုယ့်ကောင်လေးကိုဘဲ"

"ခွေးကောင်ရန်နိုင် ဒါပေမဲ့အကို"

"ညီမမနမ်းရင်အကိုလည်းမကူညီတော့ဘူး"

    ဝေယံကတော့ဘာမှဝင်မပြောပေ။သူ့အတွက်ကဆုံးရှုံးစရာမရှိဘူးလေ။

"ရတယ်"

     နှင်း ကပြောပီးတော့ဝေယံရဲ့အင်္ကျီကိုဆွဲချပီးပါးကိုနမ်းလိုက်လေသည်။ဝေယံမျက်နှာကတော့ပြုံးသွားသည်။ရန်နိုင်ကတော့ဟိုအကိုကို့okay လုပ်ပြပီးဓာတ်ပုံရိုက်နေလေသည်။

"ရပီမို့လား ညီမတို့ကိုလဲသုံးစောင်ပေးပါ"

"အင်းရော့"

    နှင်းဘယ်သူ့ကိုလက်မှတ်ပေးခိုင်းတာလဲသူတို့မသိပေ။ရုပ်ရှင်ရုံထဲရောက်မှသိပီးတော့အံ့ဩသွားကြသည်။ပီးတော့ ဟိန်းခန့်ကမင်းခကိုဖက်ပေးပီးတော့ခေါင်းလေးကိုနမ်းလိုက်တာသူတို့မြင်လိုက်သည်လေ။နှင်း ကတော့သူ့လုပ်ဆောင်ချက်အောင်မြင်လို့ပြုံးနေလေတော့သည်။

Crush နဲ့နီးဖို့....Where stories live. Discover now