선배 -2-

295 43 22
                                    

• အောက်တိုဘာလ၊ ၅ရက်နေ့
- ဆိုးလ်မြို့တော်၊ ××× ကုမ္ပဏီ၌

'' ဂျွန်မြောင် ဒီမှာဘယ်လိုလုပ် စာရင်းကလွဲနေတာလဲ?? ''

" ဂင်မ်ဂျွန်မြောင်! "

သူ အာရုံပျံ့လွင့်နေခဲ့တာ ဘယ်လောက်တောင်ရှိသွားသည်လဲ မသိလိုက်၊ ဌာနမှူး ရဲ့လေသံမာမာကိုကြားမှ ပြန်ဖြေမိတော့သည်။

" ဟုတ်...ဟုတ်ကဲ့ "

" ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် စိတ်နဲ့ကိုယ်မကပ်တာလဲ ဒါတွေက အမှားပါလို့မဖြစ်ဘူးလို့ ပြောထားတယ်မဟုတ်ဘူးလား! "

ဌာနမှူးက သူ့ရဲ့လေးလံနှေးကွေးမှုကို သဘောမကျပေ။ ယခင်က သူ ထိုသို့တခါမှမဖြစ်ခဲ့ဖူးတာကြောင့်လည်း ပါမည်။ ထို့အပြင် သူ့ရဲ့ရာထူးကပိုမြင့်ချိန်ရောက်မှ ဒီရက်ထဲ အမှားလုပ်မိတာ တစ်ကြိမ်၊ နှစ်ကြိမ်လည်းမကတော့ပေမို့ အားလုံးက စိတ်ပျက်စပြုလာသည်ဟုတောင် သူခံစားလာရသည်။

" တောင်းပန်ပါတယ် ကျွန်တော် ပြန်ပြီးလုပ်လိုက်ပါ့မယ် ဌာနမှူး "

နေ့လယ်စာစားချိန်ရောက်တော့လည်း သူ စားမဝင်တာကြောင့် ကော်ဖီနှင့်ဆန်းဒဝှစ်ခ်ျကိုသာ အတင်းမျိုချကာ ဗိုက်ဖြည့်လိုက်သည်။ သူ စိတ်ဓာတ်တက်ကြွမှုများက ပျောက်ဆုံးနေပြီး ကိုယ့်ကိုယ်ကိုလည်း ဂရုမစိုက်နိုင်တော့တာကြောင့် သူ့ဘဝပုံစံက ပုံမှန်လည်ပတ်နေရာကနေ ယိုယွင်းစပြုလာပြီထင်ပါသည်။

" သူ ဘာဖြစ်နေတာလဲ ဒီရက်ပိုင်းအလုပ်တွေချည်းဖိလုပ်နေပြီးမှ ဘာလို့အမှားတွေချည်းဖြစ်နေတာလဲ "

" မသိဘူး တစ်ခုခုပဲ "

" ရာထူးလဲတိုးပြီးနေပြီ၊ မကြာခင်လက်ထပ်တော့မယ်လဲပြောသေးတယ် ဘဝက ပိုပိုပြီးကောင်းနေတာမဟုတ်ဘူးလား? အဲ့ဒါကို ရုတ်တရက်ကြီး ဆက်တိုက်ကို အမှားတွေချည်းလုပ်နေတာကျ... "

" ကျစ်...ဒါက အလုပ်ပေါ်အာရုံမစိုက်တော့တာလား ဘဝင်မြင့်သွားတာမျိုးမဟုတ်ဘူးလား "

" အရင်ကဆို ပြုံးရွှင်ပြီး လူတိုင်းနဲ့အဆင်ပြေနေကြလူက ဘယ်လိုဖြစ်ပြီး.... "

" ထူးဆန်းတယ်နော် မင်းရောခံစားမိလား သူရုံးကလူတွေနဲ့စကားသိပ်မပြောတော့ဘူး မဟုတ်ဘူး လုံးဝမပြောတော့သလိုပဲ ဒါဘာအချိုးလဲငါနားမလည်တော့ဘူးကွာ "

SENPAI「𝙓𝙄𝙉𝙂𝙃𝙊」Red Flag OngoingWhere stories live. Discover now