Unicode...!
"မုဏ်း ! မုဏ်းတော်ခံ နင်ဘယ်မှာ သွားသေနေလည်း !!"
အသံကုန်ဟစ်နေသော် မမအသံဟာ နောက်ဖေးမှာရှိနေတယ် မုဏ်းတော်ခံကို လန့်သွားစေသည် ။ဘေစင်ထဲလက်ထည့်လိုက်ပြီး ရေပန်ကိုဖွင့်၍လက်ကိုအမြန်ဆေးကာ မမရှိရာ အပြင်ကို ခြေသုန်တင်ပြေးထွက်ကြည့်ရပါတော့တယ်...
" မမ ကျွန်တော်ရှိပါတယ် !"
အသံပေးသံ နဲ့ မုဏ်း ၊ မုဏ်းစီခြယ် ရှေ့ကို ရောက်သွားတော့သည် ။ ရေဆေးထားသော လက်မှာလည်း ရေများတင်ကျန်နေကာ ဝတ်ထားနဲ့ အင်္ကျီ ဖြင့် ဖြစ်သလို သုတ်နေခဲ့နေပြန်သည် ။
မုဏ်းတော်ခံ နဲ့ မုဏ်းစီခြယ်ဆိုတာ ငါးမိနစ်ကြား မွေးဖွားခဲ့ရသည့် ၊ အမြွှာမောင်နှမတွေပင်...။ အမြွှာဆိုသည့်အတိုင်းပဲ အရပ်အမောင်ကအစတူနေကာ မျက်နှာထာ မျက်နှာရိပ်ပြင်ကနေ အစချီပြီး တူညီကြတာများသည့် ၊ မုဏ်းက မျက်ဝိုင်းလေး နှင့် မျက်တောင်ကော့ညွှတ်နေကာ စီခြယ်ကတော့ မျက်နှာသွယ်၍ မျက်လုံး ဥသဏ္ဍာန်ရှိကာ မျက်တောင်စင်ကျသည် ။
" နင် ဘာလုပ်နေတာလည်း အဲ့ဒီအနောက်မှာ ဟမ့် !!"
မေးပြီး ဒေါသပြန်ထွက်နေပြန်တယ် မမက သူမ ပုံသွင်းထားသော ခါးလယ်နားထိ ဆံနွယ်ကောက်ကောက်တို့ဟာ အသံ အလိုက် ခန္ဓာကိုယ်အလိုက် လူပ်ရှာသွားလေးသည် ။
အမြွှာတွေ ဆိုပင်မယ့် အကျင့်စရိုက်တော့ မတူကြပါ ။ မုဏ်းက စကားအေးကာ ဒေါသအေးသည့် ၊ စီခြယ်ကတော့ လေသံမာကြောပြီး ဒေါသထွက်လွယ်တတ်သူပင် ...
" အဖေ ငါးဟင်းစားချင်တယ်ဆိုလို့ မုဏ်းချက်နေတာပါ မမ ။ မမ ခေါ်သံကို မကြားမိလိုက်တာ မုဏ်း ငရုတ်သီးထောင်းနေလို့ ဖြစ်မယ် "
"ငါကို ဆင်ခြေစကားတွေ ပေးနေတာလား ဟမ့် မုဏ်း !"
" မ မဟုတ်ပါဘူး မုဏ်း အမှန်ပြောတာပါ မမ "
မုဏ်းက မမ ဒေါသထွက်ရင်း အရမ်းကြောက်ရသည် ။ ငါးမိနစ်တာ ကြီးပင်မယ့် မမ က မုဏ်းကို ငယ်နိုင်တစ်ယောက်လို ဆိုးမိုးထားနိုင်သည် ။ မမက မုဏ်းထပ် ပိုပြီး အလိုလိုက်ခံ အချစ်ခံရသူကြောင့်လည်း ထင်သည့် ၊ ဒါကြောင့်ပဲ မမက ဆိုးသွမ်းလွန်းနေကာ တစ်အိမ်လုံးကို နိုင်စားနိုင်တော့သည်။
YOU ARE READING
only mine forever Possessive ...
General Fictiondate:14.9.2023 End date :: စိတ်ကူးယဉ်ကမ္ဘာတခြမ်းသို့.... နိဗ္ဗာန်ထိ အတူ တက်လှမ်းကြတာပေါ့ကွာ ... အမြင်မသင့် ၊ လက်မခံနိုင်တဲ့ စကားလုံးတွေ ပါကောင်းနိုင်ပါနိုင်တာမို့ ဖတ်မကြည့်ခင် စိတ်ဆုံးဖြတ်သွားပေးကြပါ ... date:14.9.2023 End date :: စိတ္ကူးယဥ္ကမာၻတျ...