12. 𝐣𝐢𝐰𝐨𝐨𝐧𝐠 × 𝐫𝐢𝐜𝐤𝐲

2.1K 139 54
                                    


၂၀၂၀ ခုနှစ် ဒီဇင်ဘာလဟာ နှင်းတွေပိတ်ဖုံးလျက်။ လမ်းမတွေပေါ်မှာ နှင်းတွေဟာ ဖွေးဖြူလို့။ နီညိုရောင် ပိတ်ကားတွေ ကာစီးထားတဲ့ အခန်းငယ်က ဘီသိုဗင်(န်)ရဲ့ တီးလုံးသံဆွေးမြည့်မြည့်ကြောင့် လွမ်းစရာကောင်းနေတယ်။

ချွမ်းရွေ့ အံဆွဲတစ်ခုထဲက ဓာတ်ပုံalbumတွေကို ထုတ်ယူလိုက်တယ်။ဖွင့်ကြည့်လိုက်တော့ သူ သိပ်ကိုချစ်ရပါသည်ဆိုသော လူရဲ့ပုံ။

အဲ့ဒီလူကအပြုံးလေးတစ်ခုနဲ့ သူကိုကြည့်နေတယ်။ဝေဝါးနေတဲ့ ဓာတ်ပုံဆေးသားတို့က သူတို့ရဲ့အမှတ်တရတွေကို အမှတ်တမဲ့ဖလင်တစ်ခုအဖြစ်မှတ်တမ်းယူခဲ့မှန်း သိပ်သိသာသည်။



♡︎♡︎♡︎



သမိုင်းဘာသာရပ်ကို အထူးပြုယူထားတဲ့ တတိယနှစ် ကျောင်းသားတို့က အတန်းတင်စာမေးပွဲ ရှိတာကြောင့် အဆောင်ရှေ့က ကွပ်ပျစ်ကြီးရှေ့မှာ ဝိုင်းစုပြီးထိုင်နေကြတယ်။ အချိန်သည်ကား ၂၀၀၀ ခုနှစ်ကိုကူးပြောင်းဖို့ ရက်ပိုင်းသာ လိုတော့သည့် ဒီဇင်ဘာလ။

စာအုပ်တစ်အုပ်နဲ့မှတ်ထားတဲ့ လက်ချာတွေကိုကျက်ရင်း အလုပ်များနေတဲ့ ကောင်လေးက တရုတ်အမျိုးသားလေး ရှန်ချွမ်းရွေ့။

သူ့အနားမှာ မတ်တပ်ရပ်ပြီး ဆန်ချိုအေးဘူးကို အဆင်သင့်ကိုင်ထားပေးတဲ့လူကတော့ သူ သိပ်ကိုချစ်ရတဲ့ ကိုရီးယားအမျိုးသားလေး ကင်မ်ဂျီအွန်း။

"စိတ်အရမ်းပူမနေပါနဲ့ ကလေးရာ... အကောင်းဆုံးလုပ်နိုင်မှာပါ"

အစ်ကို့ရဲ့အသံက အေးဆေးပြီး ဩဇာတိက္ကမအပြည့်နဲ့ ကျွန်တော့်ရင်ကိုအေးသွားစေနိုင်စွမ်းရှိတယ်။ဒါကလည်း စွမ်းရည်တစ်မျိုးလို့ခေါ်ရမလားပဲ....။

ချွမ်းရွေ့က သူ့ဆီကမ်းပေးလာတဲ့ ဆန်ချိုအေးကို တစ်စုပ်ယူသောက်လိုက်ပြီး ကလေးဆန်စွာ "အားးး ဘာလို့အရမ်းကောင်းနေရတာပါလိမ့်? အစ်ကိုဝယ်လာတာမို့လို့များလားနော်"ဟု မချိတင်ကဲလေးပြောလိုက်တယ်။

အကြင်သူကတော့ အရမ်းကိုကြည်လင်တဲ့အပြုံးတစ်ခုနဲ့အတူ ထုံးစံအတိုင်း ရစ်ခီ့ဆံပင်တွေကို တယုတယကြီးဆွဲဖွတော့တာပဲ။

To All the boys Ricky've loved beforeWhere stories live. Discover now