အတိတ်မေ့ ခင်ပွန်း Part 15
ဒီပယံ လက်ထဲမှာ သတင်းစာကိုင်ကာ ဖတ်နေပုံပေါက်ပေမဲ့သူ့အာရုံက ဒီထဲရှိမနေပါ
သူ ဖီးနစ်သခင်မရဲ့ လှုပ်ရှားမှုတိုက်ကွက်တွေ တစ်ခုချင်းစီကို ပြန်လည်စဉ်းစားရင်း ဝေဖန်သုံးသပ်နေခြင်းဖြစ်သည်
သူမရဲ့ အသံ ကိုယ်ဟန် လှုပ်ရှားမှု အကြည့် နောက်ပြီး တောက်ပနေတဲ့ မျက်ဝန်းလေးများဟာ ရင်းနှီးနေသယောင်.......
"အာ့......."
ဒီပယံ ပန်ပန့်အသံကြောင့် သတင်းစာချကာ ကြည့်မိရာ သူ့ကို မျက်ရည်တွေဝေ့ပြီး လက်ညိုးလေးထိုးပေးတဲ့ သူမကြောင့် သူပြုံးသွားရသည်
"ချမ်း ဆူးစူးသွားပီ......."
ဟုတ်ပါရဲ့ သူဘာလို့များ ဖီးနစ်သခင်မကို ပန်ပန်နဲ့တူတယ်လို့တွေးမိလိုက်တာပါလိမ့်
သူ့မိန်းမလေးကဖြင့် နူးညံ့သိမ်မွေ့ဖြူစင် အပြစ်ကင်းပြီး ဆူးသေးသေးလေးစူးတာတောင် မျက်ရည်ဝဲတတ်တာကို........
မျက်တောင်တစ်ချက်မခတ်ဘဲ ကိုယ့်ပုခုံးကိုယ် ဆံထိုးနဲ့ ထိုးပစ်တဲ့ မိန်းမနဲ့ သူ ယှဉ်မိစရာကိုမလိုတာ.....
"အုံဖွ ကိုယ် အာငွေ့ပေးမယ်....."
ဒီပယံ မှန်ဘီလူးနဲ့တောင် ဖြဲရှာမှ မြင်ရတဲ့ ဆူးစူးတဲ့ ဒဏ်ရာလေးကို အမြတ်တနိုး အာငွေ့ပေးနေမိသည်
'သူနောက်တစ်ခါ ဒီလို ကြောက်စရာအတွေးမျိုး မဝင်မိအောင် နေရမည်...'
ပန်ပန်ကတော့ သူမယောကျ်ားရဲ့ အချစ်တွေကို အလုံးစုံရယူကာ ကျေနပ်ပြုံးကြီးပြုံးနေသည်
ဤမြင်ကွင်းကိုကြည့်နေရသူ ယုသော်ကတော့ သူမ သခင်မအကြောင်းသိစွာ မျက်လုံးလှိမ့်မိတော့သည်
"ဆူးစူးရင် မလုပ်နဲ့တော့လေ ဘာလို့ ဆက်လုပ်နေတာလဲ......"
ဒီပယံ ယုသော် ယူယူပေးတဲ့ နှင်းဆီပင်တွေ တစ်ပင်ပြီးတစ်ပင်ကို ကိုယ်တိုင် စိတ်တိုင်းကျ ဂရုစိုက်နေတဲ့ ပန်ပန်အား ပြောမိသည်
"ဟုတ်ပါတယ် မမလေး ကျွန်မလုပ်လိုက်ပါ့မယ်...."
ပန်ပန် သူမလက်ထဲက နှင်းဆီပင်ကိုယူရန်ပြင်နေတဲ့ ယုသော်အား မျက်စောင်းမသိမသာ ထိုးမိသည်
YOU ARE READING
🧡အတိတ်မေ့ခင်ပွန်း🧡
Любовные романыစိတ်မနှံ့တဲ့ကိုယ်ဝန်ဆောင် မိန်းကလေးကို ဒီပယံတစ်ယောက် ကယ်တင်ပြီးချိန်မှာ ထူးဆန်းမှုတွေ ကြုံလာခဲ့ရသည် ဒါတွေဟာ တကယ်ဘဲ ထူးဆန်းမှုတွေလား... သူမေ့နေခဲ့တဲ့အတိတ်တွေလား....