အတိတ်မေ့ ခင်ပွန်း Part 16
"လှလား....."
ဒီပယံ သူ့ရှေ့တွင် ငွေရောင်ဂါဝန်ရှည်ကို လှပစွာ ဝတ်ဆင်ထားတဲ့ သူ့ဇနီးလေးကို ပြုံးကာကြည့်နေမိသည်
"လှပါတယ်ကွာ လာသွားစို့...."
"အို ခဏ နှုတ်ခမ်းနီလေး သေချာဆိုးဦးမယ်...."
"ပန်ပန်....."
ဒီပယံ အလှပေါ် အလှဆင့်နေတဲ့ သူ့ဇနီးလေးအား အူတိုစွာ သတိပေးမိတော့ ပန်ပန်က နှုတ်ခမ်းဆူကာ လှည့်ကြည့်သည်
"ကျွန်မ ဒီလောက်တော့ ပြင်ရမှာပေါ့ ကိုယ့်ယောကျ်ားရဲ့ ရီးစားဟောင်း မွေးနေ့သွားတာဘဲ...."
ဒီပယံ သူပြောမိတာမှားပြီလို့ ထင်မိသည်
သွေနဒီအကြောင်းပြောမိကတည်းက သူမကဒီရီးစားဟောင်းဆိုတာကို ပါးစပ်က မချတော့ပါ"ပန်ပန် ကိုယ်တို့ မသွားလို့လည်းရ......"
"ဟင့်အင်း ကျွန်မတို့ သွားကို သွားမှ ဖြစ်မှာ သူကအိမ်တိုင်ရာရောက်ကို လာဖိတ်တာလေ"
ဒီပယံ သွေနဒီနဲ့ မဆက်သွယ်တာကြာပြီဖြစ်ပေမဲ့ သူ့ဇနီးလေးဟာတော့ သွေနဒီဖိတ်ခေါ်တဲ့ ပွဲကို အရွဲ့တိုက်ကာ တက်ကို တက်မည်လို့ ဆုံးဖြတ်ထားပုံရသည်
"ပြီးတော့ သူနဲ့ ကျွန်မ ရှင်းစရာရှိတယ်...."
"ဘာရယ်...."
ပန်ပန် ချမ်းရဲ့လက်မောင်းကိုချိတ်ကာ ဖြေရှင်းချက်မပေးတော့ပါ
'ဒီသွေနဒီဆိုတဲ့ မိန်းမက သူမလှေကားပေါ်က ပြုတ်ကျရတဲ့တရားခံဆိုတာ သူမသိသည်.....သွေနဒီ့ကြောင့် သူမမှတ်ညဏ်တွေ ပြန်ရခဲ့တယ်ဆိုပေမဲ့ အဲ့ချိန်မှာ သူမ သေသွားခဲ့ရင် ဘယ်လိုလုပ်မလဲ....'
............................................................
သွေနဒီ အဖြူရောင်ဂါဝန်ရှည်ကို လှပစွာ ဝတ်ဆင်ထားပြီး သူမဟာ ဒီညရဲ့ နတ်သမီးလေးလို ဖြစ်နေသည်မွေးနေ့ရှင်ဖြစ်တဲ့ သူမဟာ အဝင်ဝကို မျှော်ကြည့်နေရင်းမှ မောင့်အား တွေ့လိုက်ရတာကြောင့် ပျော်ရွှင်သွားရသော်လည်း သူ့ဘေးက မိန်းကလေးကို တွေ့ရတဲ့အခါ နှုတ်ခမ်းများ မဲ့ကျသွားရသည်
YOU ARE READING
🧡အတိတ်မေ့ခင်ပွန်း🧡
Romanceစိတ်မနှံ့တဲ့ကိုယ်ဝန်ဆောင် မိန်းကလေးကို ဒီပယံတစ်ယောက် ကယ်တင်ပြီးချိန်မှာ ထူးဆန်းမှုတွေ ကြုံလာခဲ့ရသည် ဒါတွေဟာ တကယ်ဘဲ ထူးဆန်းမှုတွေလား... သူမေ့နေခဲ့တဲ့အတိတ်တွေလား....