အတိတ်မေ့ ခင်ပွန်း Part 17
သွေးတွေကိုတောင် အေးခဲသွားလောက်အောင် အေးစက်နေတဲ့ မြေအောက်ခန်းထဲ လူတစ်ဦးဟာ နာနာကျင်ကျင် ငြီးငြူနေသည်
"ဖြန်းးး...."
ကြာပွတ်ရ်ိုက်ချက်ဟာ ထိုလူ့ရဲ့ ကျောပြင်က်ို ကျရောက်တာတောင် ဒီလူဟာ အသံမထွက်နိုင်တော့တာကို ကြည့်ခြင်းအားဖြင့် သူဘယ်လောက်ထိ နှိပ်စက်ခံထားရမှန်း သိသာသည်
"ပြော...."
ဒီပယံရဲ့ အေးစက်တဲ့ လေသံမှာတော့ ထိုလူဟာ တစ်ချက်တုန်တက်သွားသည်
သူဟာ သူ့ရှေ့က အနီရောင်ပေါ်တွင် နဂါးပုံပါတဲ့ မျက်နှာဖုံးကို ဝတ်ဆင်ထားတဲ့ လူအားကြည့်နေမိသည်
'ဒီလူ.....ဟင့်အင်း မဟုတ်ဘူး သူက မကောင်းဆိုးဝါးဘဲ....'
ဒီလူ့ရဲ့ မျက်နှာဖုံးအနီအရ သူတို့ဂိုဏ်းအား အပြတ်ရှင်းရန် ဆုံးဖြတ်ပြီးမှ လာခဲ့ကြောင်း သိရသည်
"ကျွန်တော် ကျွန်တော် ဘာမှ မသိပါဘူး တကယ်ပါ....."
ဒီပယံ မေးတစ်ချက်ငေါ့လိုက်တာနဲ့ လုလင်က ထို့လူ့ကျောပြင်ပေါ် ကြာပွတ်တင်ပြီးသာ ဖြစ်နေသည်
"အားးး....မလုပ်....မလုပ်ပါနဲ့ ကျွန်တော် ကျွန်တော်ပြောပါ့မယ်....."
သူဟာ ထိုသို့ပြောပြီး လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကိစ္စအား အပြင်းအထန်စဉ်းစားနေသည်
"ကြေးစား....ဟုတ်တယ် ကြေးစား....Lucaကျွန်တော့်ကို ကြေးစားတွေ ငှါးပေးဖို့ အကူအညီတောင်းတယ်....."
"ကြေးစား?Lucaကဘာလို့ ကြေးစား လိုတာလဲ...."
'သူ့မှာ ကူညီနေတဲ့ နောက်ခံဂိုဏ်းမရှိတာလား....'
"သူ ခရီးတစ်ခုထွက်ဖို့ လိုတယ်လို့ဘဲ ပြောပါတယ်...ကျန်တာ ကျွန်တော် မသိပါဘူး....ကျွန်တော် တကယ်မသိတော့တာပါ...."
ဒီပယံ ဒီလူ့အား အကဲခတ်နေပြီးမှ မတ်တပ်ထကာရပ်လိုက်သည်
"ရှင်းလိုက်....."
"မလုပ်ပါနဲ့ ချမ်းသာပေးပါ....ချမ်းသာ....ဒိုင်းး...."
ဒီပယံ ထိုအောက်သိုးနံစော်နေတဲ့ မြေအောက်ခန်းထဲကနေ ထွက်လာပြီး body sprayဖြန်းလိုက်သည်
YOU ARE READING
🧡အတိတ်မေ့ခင်ပွန်း🧡
रोमांसစိတ်မနှံ့တဲ့ကိုယ်ဝန်ဆောင် မိန်းကလေးကို ဒီပယံတစ်ယောက် ကယ်တင်ပြီးချိန်မှာ ထူးဆန်းမှုတွေ ကြုံလာခဲ့ရသည် ဒါတွေဟာ တကယ်ဘဲ ထူးဆန်းမှုတွေလား... သူမေ့နေခဲ့တဲ့အတိတ်တွေလား....