ဒီနေ့ဟာ Chae နဲ့ မရဲ့ ချစ်သူသက်တမ်းတစ်နှစ်ပြည့်တဲ့ နေ့ရက်လေးပေါ့
လက်ထပ်တာတော့ ၆ လလောက်ပဲရှိသေးသည်။
မရဲ့ Daddyတို့ Mommy တို့နဲ့ပါ အဆင်ပြေနေပါပြီ
Chae တို့နှစ်ယောက်ရဲ့ အတားအဆီးတွေကို ကျော်ဖြတ်ခဲ့နိုင်သည်။အန်ကယ်ရဲ့ ကျန်းမာရေး အခြေအနေလဲ ပြန်လည်ကောင်းမွန်လာပါသည်။
အခုဆို မကို အရင်အတိုင်းပဲ ကုမ္ပဏီကို ပြန်လည်ဦးဆောင်နေပါသည်။ဒါပေမဲ့ မက Chae တို့ရဲ့ နေ့ရက်လေးကို မေ့နေတယ်ထင်ပါရဲ့
ဒီနေ့ Chae အိပ်ရာထတော့ ဘေးမှာ မ ရှိမနေခဲ့ဘူး
မ ချန်ခဲ့တဲ့ စာလေးတစ်စောင်ပဲ ကျန်ခဲ့သည်။💌- Young ရေ မ အရေးကြီးတဲ့ အစည်းအဝေးလေး ရှိနေလို့ ရုံးသွားပြီနော်
ဘယ်လောက်အရေးကြီးကြီး Chae အိပ်ရာထမှ ရုံးသွားတတ်တဲ့ မက ဒီနေ့တော့ စာလေး တစ်စောင်ပဲ ချန်ခဲ့သည်။
Chae လဲ စိတ်ပျက်လက်ပျက်နဲ့ ဆေးရုံကို ထွက်လာခဲ့သည်။
အခုဆို နေ့လည်တောင်ရောက်နေပြီ မ ဆီက ဖုန်းလေးတစ်ချက်တောင် မဆက်ဘူးChae မ ဆီ ဖုန်းဆက်ကြည့်လိုက်သည်။
Chae စိတ်တွေ အရမ်းတိုနေပြီ ဖုန်းအခုထိ မကိုင်သေးပါ
Chae ဖုန်းတွေ ဆက်တိုက် ခေါ်နေလိုက်သည်။နောက်ဆုံးတော့ ဖုန်းလေးကိုင်သွားသည်။
" ဟ..
" ပတ်ချယ်ယောင်း အလုပ်ရှုပ်နေတာလေ
လူလို နားမလည်ဘူးလား"တူ တူ တူ.........
Chae ဖုန်းချပစ်လိုက်သည်။
ဒီနေ့က 1year Anniversary လဲဖြစ်သလို Chae ဒီလိုအအော်ခံရတာလဲ တစ်နှစ်ရှိတဲ့နေ့ပဲမ မကောင်းဘူး။ မ လေသံမာမာနဲ့ပြောရင်တောင် မျက်ရည်တွေ ဝဲလာတတ်တဲ့ Chae ကို မ ထပ်ပြီး အော်လိုက်သည်။
ဒီနေ့က Chae အတွက် ဘာအရာမှ အဆင်မပြေတာကြောင့် Omma တို့အိမ်ကို ပြန်လာခဲ့သည်။
Chae အိမ်ရှေ့ရောက်တော့ အိမ်တံခါးလေး ခေါက်လိုက်သည်။
ဒေါက် ဒေါက်....
တံခါးပေါက်ဖွင့်လာတဲ့ Omma က
" Chae ဘယ်လိုလုပ် ရောက်လာတာလဲ"
YOU ARE READING
The Only Exception
Fiksi Penggemarဘယ်သူ့ကိုမှ မချစ်ရဲတော့လို့ အချစ်ဆိုတဲ့အရာကြီးကို ဝေးဝေးက ရှောင်ခဲ့တယ်။ ဒါပေမဲ့ Rosie မင်းကိုတော့ ချစ်မိသွားပြီ ထင်တယ်